Pages

Pages

Android အသုံးပြုသူတိုင်း မရှိမဖြစ် ဆောင်ထားရမယ့် File Splitter apk


hjSplit ဆို ကွန်ပြူတာသမားတိုင်းလိုလို သိကြပါတယ်။ Cloud မှာ ဖိုင်တွေ Upload တင်တဲ့အခါ အရမ်းကြီးတဲ့ ဖိုင်ကို  ဖိုင်ဆိုဒ် သေးသွားအောင် လိုသလို ပိုင်းနိုင်တဲ့ ဆော့ဖ်ဝဲလ်ပါ။ တစ်ချို့ Blogger သမားတွေ  ဖိုင်ကို ပိုင်းပြီး တင်ထားတာ တွေ့ဖူးကြပါလိမ့်မယ်။ hjSplit ကလည်း သူများက ပိုင်းပြီးတင်ထားတဲ့ ဖိုင်တွေကို ဒေါင်းပြီးရင် တစ်ဖိုင်တည်းဖြစ်အောင် ပြန်ပေါင်းပေးနိုင်ပါတယ်။
image

အခု ကျွန်တော်တင်ပေးမယ့် Android Application ကတော့ ကွန်ပြူတာမှာသုံးတဲ့ hjSplit လိုပဲ ဘယ်လို ဖိုင်အမျိုးအစားကိုမဆို ပိုင်းနိုင် ၊ ပေါင်းနိုင်တဲ့  “Droid Splitter” ဆိုတဲ့ Apk လေးပဲဖြစ်ပါတယ်။ အရင်က ကျွန်တော် ဒီ Apk လေးကို တင်ပေးခဲ့ဖူးပါတယ်။ ဒါပေမယ့် အသုံးပြုပုံ အသေးစိပ်ကို မရှင်းပြပေးခဲ့နိုင်ပါဘူး။ အချိန်မပေးနိုင်ခဲ့လို့ပါ။ ( စာရိုက်ရမှာလည်း ပျင်းလို့ပေါ့ ။ :D )
ကဲ အခုတော့ ကွန်ပြူတာမှာ hjSplit နဲ့ ပုံစံတူတဲ့ Android ဖုန်းအတွက် Droid Splitter Apk အသုံးပြုပုံ အသေးစိပ်ကို သေချာ ရှင်းပြပေးပါ့မယ်။
ပထမဆုံး Droid Splitter Apk ကို အောက်ပါလင့်တွေကနေ နှစ်သက်ရာလင့်တစ်ခုမှ ဒေါင်းယူလိုက်ပါ။ Install လုပ်ပုံ ပြောမပြတော့ဘူးနော်။
Droid Splitter V1.2.1.apk  အား Mediafire လင့်မှ ဒေါင်းရန်  ဖိုင်ဆိုဒ်  358kb
Droid Splitter V1.2.1.apk  အား Dropbox လင့်မှ ဒေါင်းရန်  ဖိုင်ဆိုဒ်  358kb
Droid Splitter V1.2.1.apk  အား Box လင့်မှ ဒေါင်းရန်  ဖိုင်ဆိုဒ်  347.2kb zip
Droid Splitter V1.2.1.apk  အား 4share လင့်မှ ဒေါင်းရန်  ဖိုင်ဆိုဒ်  358kb
Droid Splitter V1.2.1.apk အား SurDoc လင့်မှဒေါင်းရန် ဖိုင်ဆိုဒ် 358kb
ဒေါင်းပြီး Install လုပ်ထားလိုက်ပေါ့ဗျာ။ မပြောတော့ဘူးနော်။ :D
ကဲ  Droid Splitter Apk အသုံးပြုပုံကို စပြောပါ့မယ်။
မထူးပါဘူးဗျာ နမူနာပြဖို့ရာအတွက် Top Farm ဆိုတဲ့ Game လေးပါ အဆစ်ထည့်ပေးလိုက်ပါ့မယ်။
image
Top Farm V9.1165-ATC.apk ဂိမ်းကို အောက်လင့်များမှ ဒေါင်းပါ။
Download part1.apk (mediafire link 10.01MB
Download part2.apk (mediafire link 10.01MB)
Download part3.apk (mediafire link 10.01MB)
Download part4.apk (mediafire link 10.01MB)
ပထမဦးဆုံး ဖိုင် ပိုင်းပုံကို အရင်ပြောပြပါမယ်။ ပိုင်းတတ်မှလည်း ပေါင်းတတ်မယ်မဟုတ်ပါလားဗျာ။
ကဲ ခုမှ တကယ်စမှာပါ။

Split (ဖိုင်တွေ ပိုင်းနည်း)
image
အပေါ်ဆုံးမှာ Tab နှစ်ခုပါ , ပါတယ်။
ကတ်ကြေးပုံလေးကပိုင်းတာ။ ဆေးထိုးအပ် ပုံလေးက ပေါင်းတာပါ။
Droid Splitter V1.2.1 .apk ကို ဖွင့်လိုက်ပါ။
ပိုင်းဖို့အတွက် ကတ်ကြေးပုံလေးပေါ့။
၁။ဖိုင်ပိုင်းဖို့အတွက် Select Scoure File အောက် ညာဘက်နားက အစိမ်းရောင်  အပေါင်း လေး  ကိုနှိပ်လိုက်ပါ။ File Manager ထဲကနေ ပိုင်းမယ့်  ဖိုင်ကို ရွေးပေးလိုက်ပါ။
ကျွန်တော်ကတော့ Top Farm ဆိုတဲ့ ဂိမ်း apk လေးကို ရွေးပေးထားပါတယ်။ ( Video, Audio, Ebook, Zip ကြိုက်ရာ Format ကို ပိုင်းလို့ရပါတယ်။)
၂။ Select Terget File မှာတော့ Out Put အတွက် ကိုယ်သိမ်းချင်တဲ့ နေရာကို ရွေးပေးလိုက်ပါ။
ကျွန်တော်ကတော့ SD Card/ADM Pro ဖိုဒါအောက်ကို ရွေးပေးလိုက်ပါတယ်။
၃။Split By အောက်မှာတော့ Chunks နဲ့ Size ဆိုပြီး နှစ်သက်ရာ ရွေးပေးနိုင်ပါတယ်။
Chunks ကို ရွေးမယ်ဆိုရင် Number Of Chunks မှာ ကိုယ် ပိုင်းချင်တဲ့ အပိုင်း အရေအတွက်ကို ၄ ပိုင်း ၊ ၅ ပိုင်း ကြိုက်သလောက် သတ်မှတ်ပေးလို့ရပါတယ်။
ကျွန်တော်ကတော့ 40.04MB ဖိုင်ဆိုဒ်ရှိတဲ့ apk ကို ၄ ပိုင်း ရွေးချယ်ပြီး (10.01MB ) စီ ပိုင်းပြထားပါတယ်။
( အရေအတွက် များလေ ဖိုင်အပိုင်းက ဆိုဒ်သေးလေဖြစ် ပြီး
အရေအတွက်နည်းလေ ဖိုင်အပိုင်းက ဆိုဒ်ကြီးလေ ဖြစ်ပါတယ်)
Size ကိုရွေးမယ်ဆိုရင်တော့ Size Of A Chunk မှာ Custom Size ကိုရွေးပြီး သင့်တော်မယ့် ဖိုင်ဆိုဒ်ကို  Byte,  Kb, Mb ,Gb စသည်ဖြင့် လိုသလောက် သတ်မှတ်ပေးနိုင်ပါတယ်။
( ဖိုင်ဆိုဒ် သေးလေ အပိုင်း အရေအတွက် များလေဖြစ်ပြီး
ဖိုင်ဆိုဒ် ကြီးလေ အပိုင်း အရေအတွက် နည်းလေ ဖြစ်ပါတယ်။ )
စိတ်ကြိုက် သတ်မှတ် ပြီးရင်တော့ အောက်ခြေနားက Start ကိုနှိပ်လိုက်ပါ။
ပြီးရင်တော့ ကိုယ်ရွေးပေးခဲ့တဲ့ Out Put ဖိုဒါထဲကို သွားကြည့်လိုက်ပါ။ ကိုယ်ပိုင်းလိုက်တဲ့ ဖိုင်တွေကို တွေ့ရပါလိမ့်မယ်။
အောက်က ပုံထဲမှာတော့ ကျွန်တော်က apk ဖိုင်ကို ပိုင်းပြီး SD Card/ADM Pro ကို ရွေးပေးခဲ့တဲ့အတွက် File Manager ထဲက ADM Pro ဆိုတဲ့ ဖိုဒါထဲမှာ ——.part1.apk —– 2—-3—-4—-စသဖြင့် တွေ့နေရတာဖြစ်ပါတယ်
image
Split ပိုင်းပုံ ပြီးပါပြီ။
Join (ဖိုင်များပြန်ပေါင်းနည်း)
ပေါင်းဖို့ကတော့ အပေါ်ဆုံးက  ဆေးထိုးအပ်ပုံ Tab လေးပေါ့။
၁။Pending File List က အစိမ်းရောင် အပေါင်းပုံလေးကို နှိပ်လိုက်ပါ။
image
၂။Manual Select ကိုရွေးပေးပါ။
စောစောက ဒေါင်းထားတဲ့ —.part1.apk —2–3–4 ၄ ဖိုင်လုံးကို ရွေးပေးပါ။ Select ပေါ့။
image
မှတ်ချက် ။    ။ ဖိုင်စုံမှ ရတာကို အထူးသတိထားဖို့ လိုပါတယ်။
၃။Select Target Folder ကတော့ Out Put အတွက်နေရာ ရွေးပေးဖို့ပါ။ ကြိုက်ရာ နေရာကို ရွေးပေးလိုက်ပါ။
image၄။Target File Name နေရာမှာကတော့ Apk အပိုင်းတွေကို Join (ပေါင်း) မှာ ဖြစ်တဲ့ အတွက် File Firmat ဟာ   .apk ဖြစ်ရပါမယ်။
(mp3 ဆိုလည်း .mp3, mp4 ဆိုလည်း .mp4, zip ဆိုလည်း .zip ပေါ့)
image
၅။Start ကိုနှိပ်လိုက်ရင်  Join (ပေါင်း) သွားပါပြီ။

Out Put ဖိုဒါထဲသွားပြီး ပေါင်းထားတဲ့ apk လေးကို Install လုပ်လို့ရပါပြီ။
Join ( ဖိုင်ပေါင်းနည်း) ပြီးပါပြီ။
အဆင်ပြေကြပါစေဗျာ။
ဟူးးးးးး စာရေးရတာ မောထှာ ။
အားပေးစကားလေး ပြောသွားဦးနော့။
အော် — မေ့လို့ Top Farm ဂိမ်းကိုဆော့မယ်ဆို စစခြင်း Level 2 လောက်အထိ Internet data connection လိုပါတယ်။

No comments:

Post a Comment