ဒီအခန်းမှာတော့ ရှေ့အခန်းတွေမှာတည်ဆောက်ခဲ့တဲ့ ၀က်ဆိုက်ကို CSS နဲ့ CSS3 သုံးပြီးစတင်အလှဆင်ပါမယ်၊ သင် CSS နဲ့ CSS3 ကို နားမလည်သေးရင်
မတတ်မြောက်သေးရင် 72coder ရဲ့ CSS နဲ့ CSS3 သင်ခန်းစာတွေကိုပြန်ဆင်းပါ၊ အခု အလှမဆင်ခင် HTML5
ဝက်ဆိုက်ကိုတစ်ချက်လောက်ရူ့စားလိုက်ပါဦး၊

အထက်က အတိုင်း ၀က်ဆိုက်ရဲ့ အသွင်အပြင်ကို CSS သုံးပြီး အလှစတင်ဆင်ပါမယ်၊ ကနဦး အနေနဲ့ ၀က်ဆိုက်တစ်ခုလုံးမှာ ရှိတဲ့ စာသားတွေရဲ့ Margin နဲ့
Padding ကို 0 လို့ထားလိုက်မယ်၊ မထားရင်တော့ default အရွယ်အစားအတိုင်းရှိနေမယ်၊ အခုလိုထည့်လိုက်တော့ အားလုံးကို margin padding 0px
လို့ပြောင်းလိုက်တာပါ၊ အောက်မှာ CSS ဖိုင်ကိုကြည့်ပါ၊

အထက်က * ကြယ်ပုံစံသင်္ကေသကတော့ selector ဖြစ်ပြီး သူက ၀က်ဆိုက်တစ်ခုလုံးရဲ့ Tags တွေအားလုံးကို Select လုပ်လိုက်တာပါ၊
ဝက်ဆိုက်တစ်ခုလုံးအကြုံးဝင်သွားပီ၊ အခု အထက်က ဖိုင်ကိုသိမ်းလိုက်ပြီး သင့်ဝက်ဆိုက်ကို ဖွင့် ကြည့်လိုက်ပါဦး၊ ဒါဆိုရင်တော့ အောက်က အတိုင်း
Margin နဲ့ Padding တွေ မရှိတော့လို့ စာကြောင်းတွေ အပေါ်အောက်နဲ့ ဘယ်လက်လေးကိုကပ်သွားတာကိုတွေ့ရမယ်၊

အထက်က အတိုင်း အားလုံး OK ရင်တော့ အခု <h1> <h2><h3> Tags တွေကို စာလုံးအရွယ်အစား, စာလုံးမျိုးနွယ်စု, စာလုံး
စတိုင်းတွေပြောင်းမယ်၊ အောက် က CSS ဖိုင်မှာကြည့်လိုက်ပါ၊

အထက်မှာတော့ h1, h2, h3 Tags တွေကို စာလုံးအပုံစံ အရွယ်အစားနဲ့ စာလုံး အမျိုးအစား တို့ကိုပြုပြင်လိုက်ပါပီ၊ h1 အတွက် စာလုံးအထူ၊
စာလုံးအရွယ်အစား 20px, စာလုံးအမျိုးအစား “Zawgyi-One” တို့ကိုထည့်ထားတယ်၊ h1 အတွက် စာလုံးအထူ၊ စာလုံးအရွယ်အစား 18px,
စာလုံးအမျိုးအစား “Zawgyi-One” တို့ကိုထည့်ထားတယ်၊ h1 အတွက် စာလုံးအထူ၊ စာလုံးအရွယ်အစား 16px, စာလုံးအမျိုးအစား “Zawgyi-One”
တို့ကိုထည့်ထားတယ်၊ CSS ဖိုင်ကို Save ပြီး သင့်ဝက်ဆိုက်ကို Run ကြည့်လိုက်ပါ အောက်က အတိုင်း တွေ့ရမယ်၊

အနီရောင်ပြထားတာကတော့ h1 နဲ့ ပတ်သတ်တဲ့စာကြောင်းပါ၊ အစိမ်းရောင်ပြထားတာကတော့ h2 Tag နဲ့ ၀ိုင်းထားတဲ့စာကြောင်းပါ၊
အပြာရောင်ပြထားတာကတော့ h3 Tags နဲ့ ၀ိုင်းထားတဲ့စာကြောင်းပါ၊
နောက်ထပ် အရေးတကြီးပြုပြင်သင့်တဲ့အချက်တစ်ချက်ကတော့ အချို့ သင့်ဝက်ဆိုက်က HTML5 ကုတ်တွေကိုနားမလည်တဲ့ browser တွေနဲ့ တွေ့တဲ့အခါ
HTML5 Tags တွေကို block အနေနဲ့ ပြသအောင် CSS နဲ့ ပြင်ဆင်ဖို့ပါ၊ အောက်မှာ HTML5 Tags တွေကို display:block အဖြစ် CSS နဲ့ ပြုပြင်ထားတယ်၊

အထက်မှာတော့ HTML5 Tags တွေကို display:block ဖြစ်အောင် CSS နဲ့ အမိန့်ပေးလိုက်ပါပီ။ ဒီလိုမှမရေးထားရင် တချို့ browser
အဟောင်းတွေနဲ့ တွေ့ရင် သင့်ဝက်ဆိုက်က HTML5 Tags တွေကို ရောပြီး Inline ပုံစံပြလိုက်နိုင်ပါတယ်၊ (block နဲ့ Inline) ကိုနားမလည်ရင် CSS
သင်ခန်းစာကိုသွား)
နောက်တစ်ဆင့်အနေနဲ့ browser problem ကိုဖြေရှင်းဖို့အတွက် <body> section ကို text-align:center ထည့်ပါမယ်၊ ဒီလိုမှမထည့်ရင် အချို့
browser တွေမှာပြသနာရှိနိုင်လို့ပါ၊ အောက်မှာ CSS ဖိုင်ကိုကြည့်၊

အထက်မှာတော့ browser တွေအားလုံးမှာ သင့်ရဲ့ ၀က်ဆိုက်ကို ကွန်ပြူတာ မျက်နှာပြင်ရဲ့ အလည်မှာဖော်ပြအောင် text-align:center ကို body section
အတွက်ပြောင်းပြီးသွားပီ၊ ဒါဆိုရင်တော့ အားလုံး အဆင်သင့်ဖြစ်ပြီ၊ နောက်အခန်းမှာထပ်ပြီး အလှဆင်မယ်၊ အဲ့ဒီ့ text-align:center ကိုတော့
မပါမဖြစ်ထည့်ရပါမယ်၊ ဒါမှမဟုတ်ရင်တော့ သင့်ဝက်ဆိုက်ကို တစ်ချို့ကွန်ပြူတာတွေမှာ ဘယ်ဘက်ကြီးကပ်ပြီးပြနေမှာ ဒါဆိုရင်တော့
ကြည့်ရအတော့ကိုဆိုးနေလိမ့်မယ်၊
No comments:
Post a Comment