This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Showing posts with label html5. Show all posts
Showing posts with label html5. Show all posts

html5_9


Flexible box model
ဒီသင်ခန်းစာမှာတော့ အနာဂတ် မှာ ခတ်စားလာမယ့် ၀က်ဆိုက်ပုံစံဖြစ်တဲ့ Flexible Box Modle ကိုသင်ကြားပေးသွားမယ်၊ ဒီသင်ခန်းစာကို
စတင်လေ့လာသူတွေအတွက်တော့ တကယ့်ကို အခက်အခဲတွေ့နိုင်သလို နားလည်ဖို့ခက်နေမယ်၊ ဖြေးဖြေးခြင်းသင်ကြားပေးသွားမယ်၊ သတိပြုရမှာကတော့
Flexible Box Model ကို Browser တွေအားလုံးနားမလည်ဘူး၊ အဆင့်မြင့်နေကြတုန်းရှိသေးတယ်၊ ဒါ့ကြောင့် ဒီသင်ခန်းစာကို လေ့လာသူတွေအနေနဲ့
Google Chrome browser ကို အသုံးပြုဖို့ အကြံပြုပါတယ်၊  နောက်တစ်နှစ်လောက်ကြာရင်တော့ ဒီနည်းပညာကို
browswer တွေအားလုံးမှာအသုံးပြုလို့ရလာမှာပါ၊ အဲ့ဒီ့အခါကြရင်တော့ သင်တို့က တကယ့် ကို ကျွမ်းကျင်နေတဲ့သူတွေဖြစ်ကုန်ပီပေါ့၊
အခုရှေ့ သင်ခန်းစာတွေမှာသုံးခဲ့တဲ့ HTML ဖိုင်ထဲကို div တစ်ခုထပ်ထည့်မယ်၊ ထည့်ရမယ့်နေရာက <nav> tag ရဲ့ အဆုံးမှာ ၊ ပိတ်ရမယ့်နေရာက
<aside> Tag ရဲ့ အဆုံးမှာ၊ ကြိုက်တဲ့ id သတ်မှတ်ပြီးထည့်နိုင်တယ်၊ ဒီသင်ခန်းစာမှာတော့ <div id= “new_div”> </div> လို့ပဲ
ထည့်လိုက်မယ်၊ အောက်က အတိုင်း၊

အထက်က အနီရောင်မြားပြထားတဲ့ <div id= “new_div”> က အသစ်ထည့်လိုက်တဲ့ div ပါ၊ အပြာရောင်မြားပြထားတဲ့ </div> က တော့ <div
id=”new_div”> ရဲ့ အပိတ်ပါ၊ အထက်က အတိုင်းပြင်ပြီးသွားရင်တော့ အားလုံး အဆင်သင့်ဖြစ်ပြီး၊ CSS ဖိုင်ကိုသွားမယ်၊ CSS ဖိုင်မှာ အရင်ရေးခဲ့တဲ့ CSS
Code တွေအားလုံးကိုဖြတ်ပစ်လိုက်ပါ၊ အသစ်ပြန်ရေးရမယ်၊ CSS ဖိုင်အားလုံးကို ဖြတ်လိုက်ရင် သင့်ဝက်ဆိုက်က အောက်က အတိုင်းဖြစ်သွားမယ်၊


အထက်က အတိုင်းဆိုရင် ဆိုက်ပုံစံကတော့ အတော့ ကိုဆိုးနေပါပီ၊ မပူပါနဲ့ Flexible Box Model ကိုသုံးပြီး ပြန်ရေးမှာပါ၊ အခု CSS ဖိုင်မှာအောက်က
အဆင့်အထိပြန်ရေးလိုက်ပါ၊


အထက်က အဆင့်အထိရေးပြီးသွားရင်တော့ body { } အထဲမှာ စတင်ပြီး FBM ကိုအသုံးချတော့မယ်၊ ပထမဆုံး သတ်မှတ်ရမှာကတော့ width:100% ပါ၊
browser တွေအားလုံးက ၀က်ဆိုက်တွေရဲ့ အကျယ်က default အနေနဲ့ 100% သတ်မှတ်ကြပါတယ်၊ ဒါပေမယ့် Flexible Box Model ကို
သုံးမှာဖြစ်တဲ့အတွက် ပိုပြီးသေချာအောင် width:100% လို့သတ်မှတ်ပေးလိုက်တာပါ၊ ဒီတော့ Flexible Box Model ကိုသုံးရင် width:100%
ကိုထည့်ကိုထည့်ရမယ့်ဆိုတာကိုသဘောပေါက်ပါ၊ ဒါမှမဟုတ်ရင် နောက်ပိုင်းပြသနာပေါ်လာလိမ့်မယ်၊
 ဒုတိယ တစ်ဆင့်အနေနဲ့ Body (selector) ထဲမှာ Property ကို display ထည့်ပြီး value ကို -webkit-box; လို့ထည့်ရမယ်၊ ဒီလိုထည့်လိုက်တာက body
ကို သူ့အထဲမှာ flaxible box ထည့်သုံးမယ်လို့ အသိပေးလိုက်တာပါ၊
နောက်တစ်ဆင့်မှာတော့ -webkit-box-pack:center; လို့ထည့်ပေးလိုက်ပါ၊ -webkit-box-pack ဆိုတဲ့ Property ရဲ့ အဓိပ္ပါယ်ကတော့ ၀က်ဆိုက်ထဲမှာ
(body ထဲမှာ) ပါမယ့် boxes  တွေအလားလုံးကို ညွန်းတယ်၊ ၀က်ဆိုက်တစ်ခုထဲမှာ Flexible boxes တွေ တစ်ခုမက ပါမှာပါ၊ သူတို့အားလုံးကို
ဘယ်လို နေရာချထားမလဲဆိုတာကို သတ်မှတ်ဖို့အတွက် -webkit-box-pack ဆိုတဲ့ Property ကိုသုံးတာ၊ Value ကတော့ Center ပါ၊
အလည်မှာထားမယ်လို့ပြောတာ၊
သေချာပြန်ပြေပါ၊ body ထဲမှာ Flaxible Box တစ်ခုကိုထည့်မယ်၊ (body ကိုတိုင်ကိုက Flexible box ဖြစ်သွားတဲ့ သဘော)၊ ပြီးရင် အဲ့ဒီ့ body flexible box
ရဲ့ အတွင်းမှာမှ boxes တွေ (သတ္တာလေးတွေအများကြီးထည့်မယ်) အဲ့ဒီ့သတ္တာလေးတွေအားလုံးကို နေရာချထားပုံကို သတ်မှတ်ဖို့အတွမက် -webkit-
box-pack ဆိုတဲ့ Property ကိုသုံးတာ၊ အောက်မှာ CSS ဖိုင်ရေးထားပုံကိုကြည့်၊

html5_8


င်္Finishing Layout
ဒီသင်ခန်းစာမှာတော့ ၀က်ဆိုက်ရဲ့ Layout ပုံစံကို လက်စသက်လိုက်ကြမယ်၊ လက်စသက်မယ်ဆိုတော့ ပြုပြင်စရာ
နည်းနည်းလေးကျန်နေသေးတယ်၊ အောက်မှာ လက်ရှိ အခြေအနေ အရ ၀က်ဆိုက်ကို ကြည့်ပါ၊


အခု ၀က်ဆိုက်က အတော့ ကိုကြည့်ကောင်းနေပြီ ဒါပေမယ့် အရေးကြီးတဲ့ အချက်တစ်ခု ရှိသေးတယ်၊ အဲ့ဒါကတော့ Article တွေပါပဲ၊
သူတို့ကို သေချာအလှဆင်ဖို့လိုသေးတယ်၊ ဒီအတွက် အောက်က အတိုင်း CSS ဖိုင်မှာ apply လုပ်ပြီးအလှဆင်မယ်၊


အထက်မှာတော့ HTML ဖိုင်ထဲမှာရှိတဲ့ article အစိတ်အပိုင်းကို CSS apply လုပ်လိုက်ပါပီ၊ တစ်ခုစီရှင်းပြမယ်၊
Background: #fffbcc; ကတော့ နောက်ခံအရောင်ကို #fffbcc လို့ထားလိုက်တာ၊
Border: 1px solid red; ကတော့ ဘောင်ကို 1px အထူ အနီရောင်ထားလိုက်တာ၊
Padding:20px ကတော့ Content ရဲ့ border နဲ့ စာသားတွေရဲ့ အကွာအဝေးကို 20px လို့ထားလိုက်တာ၊ Content အတွင်းမှာပဲ
အကွာအသေးချိန်တာဖြစ်တဲ့အတွက် ၀က်ဆိုက်တစ်ခုလုံးရဲ့ 1000px အကျယ်ကိုမထိခိုက်ဘူး၊
Margin-bottom:15px ကတော့ article Element တစ်ခုနဲ့ သူ့အောင်က အခြား Element တွေရဲ့ 15px ခြားလိုက်တာပါ၊ ဒါမှ တစ်ခုနဲ့ တစ်ခု ကပ်မနေမှာ၊
margin ကို 15px ထားရာမှာ လေးဖက်လုံးထားတာမဟုတ်ဘဲ အောက်ဖက်တစ်ခုပဲထားတာကိုသတိပြုပါ၊ အားလုံးပြီးသွားရင်တော့
သင့်ဝက်ဆိုက်ကိုအောက်က အတိုင်းမြင်တွေ့ရမှာပါ၊


အထက်က အတိုင်းအခြေအနေဆိုရင်တော့ ၀က်ဆိုက်က အတော့ကို Layout Style လှပနေပါပီ၊ ဒါပေမယ့် Devloped by Waiferkolar ဆိုတဲ့ article
တစ်ခုစီရဲ့ အောက်ဆုံးစာသားတွေက ညာဘက်မှာရှိသင့်တယ်၊ ဒါကိုပြုပြင်လို့ရပါတယ်၊ သူတို့ကို HTML File မှာ ကြည့်ရင် သူတို့က article
တစ်ခုစီအတွင်းမှာရှိတဲ့ footer ဆိုတဲ့ Child Element အဖြစ်ရှိနေမှာပါ၊ အခု အဲ့ဒီ့ footer တွေကို ညာဘက်ပြောင်းကြမယ်၊ အောက်က CSS ဖိုင်ကိုကြည့်ပါ၊


အထက်မှာတော့ article အတွင်းက footer မှာရှိတဲ့စာသားတွေကို ညာဘက်ကိုကပ်ဖို့ CSS apply လုပ်လိုက်ပါပီ၊ အဲ့ဒီ့ footer
အစိတ်အပိုင်းကိုခေါ်သုံးဖို့အတွက် Mother Element ဖြစ်တဲ့ article ကိုရှေ့မှာထားပြီးခေါ်သုံးရပါတယ်၊ ဒါမှမဟုတ်ဘဲ footer လို့ တစ်လုံးထဲ ခေါ်သုံးရင်
(select) လုပ်ရင်ဖြင့် HTML ဖိုင်ရဲ့ အောက်ဆုံးမှာရှိတဲ့ article ထဲမပါတဲ့ footer ပါ အကျုံးဝင်သွားမယ်၊ ပြောင်းသွားမယ်၊ သတိထားပါ၊ text-align: right;
ကတော့ စာသားတွေကို ညာဘက်ကိုကပ်မယ့်ပြောတာပါ၊ အထက်က အတိုင်း CSS apply လုပ်ပြီးရင် သင့်ဝက်ဆိုက်ကိုအောက်က အတိုင်းတွေ့ရမယ်၊


အထက်က အတိုင်းအားလုံးဝက်ဆိုက်ကိုရရင်ဖြင့် Layout ကဏ္ဍ ပြီးဆုံးသွားပါပီ၊ နောက်သင်ခန်းစာမှာတော့ traditional box model ကို သင်ပြသွားမယ်၊
ဝက်ဆိုက်မှာထည့်သုံသွားမယ်၊ CSS3 နဲ့ HTML5 ရဲ့ ပြောင်မြောက်တဲ့ပေါင်းစပ်မူကိုလေ့လာရမှာပါ၊

html5_7


Content Styling
ဒီသင်ခန်းစာမှာတော့ main_ontent အစိတ်အပိုင်းကို layout ပုံစံ လှအောင်စဉ်သွားမယ်၊ main_content ထဲမှာ article နှစ်ခုပါတယ်၊ အခု အဲ့ဒီ့
article နှစ်ခုကို ဘယ်ဘာက်ကိုကပ်လိုက်မယ်၊ ၀က်ဆိုက်တစ်ခုလုံးရဲ့ အကျယ်က 1000px ဆိုတော့ အဲ့ဒီ့ main_content ကို 660px
လို့ထားမယ်၊ အောက်မှာကြည့်ပါ၊


အထက်က CSS ဖိုင်မှာ #main_content ဆိုပြီး HTML ဖိုင်မှာရှိတဲ့ main_conter ပါတဲ့အစိတ်အပိုင်းကို မှတ်သားတယ်၊
float:left; ကတော့ ဘယ်ဘက်ကို စီမျောသွားမယ် ကပ်သွားမယ်လို့ အမိန့်ပေးတာပါ၊
width: 660; ကတော့ main_content ရဲ့ အကျယ်ကို သတ်မှတ်ပေးတာပါ၊
margin:30px; ဆိုတာကတော့ ဘေးမျဉ်းနဲ့ content ကြား အကျယ်ကို 30px ထားလိုက်တာ၊ အဲ့ဒီ့ 30 px က အပေါ် အောက် ဘယ်
ညာ လေးဖက်လုံးအတွက်ပါ၊ ဒီမှာတစ်ခု သတိထားရမှာကတော့ ဘယ်က 30 px ညာက 30px ဆိုတော့ အားလံးပေါင်း 60 px ကိုဘေးမျဉ်းနဲ့ Content ကြား
အကွာအတွက်သုံးလိုက်တယ်၊ အပေါ်မှာ width:660px ဆိုပြီး Content ရဲ့ အကျယ်ကို သတ်မှတ်ထားတယ်၊ အဲ့ဒီ့ 660px နဲ့ ဘေးမျဉ်း အတွက် သုံတဲ့ 60px
တို့ပေါင်းရင် အားလုံးပေါင်း 720px ဖြစ်သွားတယ်၊ ဆိုက်တစ်ခုလုံးက 1000px ဆိုတော့ လက်ကျန်သုံးလို့ရတဲ့ အကျယ် 280px ပဲရှိတော့တယ်၊  အထက်က
အတိုင်း CSS apply လုပ်ပြီးသွားရင် Website ကို Run ကြည့်လိုက်ပါ အောက်က အတိုင်းတွေ့ရမယ်၊



အထက်က တော့ သင့်ဝက်ဆိုက်ကို မြင်ရမယ့်ပုံစံပါ၊ ဒီမှာ သင်ခန်းသာအသစ်များ ဆိုတဲ့အစိတ်အပိုင်းက အပေါ်တပ်လာတာကိုတွေ့ရမယ်၊ သူက <aside>
Tags အစိတ်အပိုင်းပါ၊ သူအပေါ်ကိုတပ်လာတာကတော့ သူ့အထက်က <section id=”main_content”> က 720 px ပဲ အကျယ်ရှိပြီး
ဘယ်ဘက်ဘေးကိုကပ်သွားလို့ လက်ကျန်နေရာဖြစ်တဲ့ ညာဘက် 280px ကိုဝင်ယူလိုက်တာပါ၊ အောက်မှာ တော့ <aside id="sidebar"> အစိတ်အပိုင်းကို
CSS apply လုပ်ပါမယ်၊


အထက်မှာတော့ Sidebar အစိတ်အပိုင်းကို CSS apply လုပ်လိုက်ပါတယ်၊
Float:left; ဆိုတာက ဘယ်ဘက်ကို စီမျောမယ်လို့ပြောတာ
Width: 220px က အကျယ်ကို 220px ထားမယ့်ပြောတာ
Margin: 20px 0px; က ဘေးမျဉ်းကို အထက် 20px အောက် 0px ထားမယ့်ပြောတာ
Padding:30px က အထက် အောက် ဘယ် ညာ padding ကို 30px စီထားမယ်ပြောတယ်၊ ဘယ် က 30px ညာက 30px ဆိုတော့ 60px ဖြစ်သွားတယ်၊
အထက်က အကျယ်က 220px ဆိုတော့ အားလုံးပေါင်း 280px ဖြစ်သွားတယ်၊ သူ့ဘယ်ဘက်က main_content ရဲ့ အကျယ်က 720px ဆိုတော့
အားလုံးပေါင်းရင် 1000px ဖြစ်သွားပီ၊ အဲ့ဒီ့မှာ border 1px တွေဘာတွေသွားမထည့်နဲ့ ထည့်လိုက်တာနဲ့ သင့်ဝက်ဆိုက်က ပုံပျက်သွားမယ်၊ 1000px
ထက်ပိုသွားရင် ၀က်ဆိုက်က မူရင်းသတ်မှတ်ထားတဲ့ ပမာဏထက်ကြီးပြီး ပျက်သွားမယ်၊
Background: #66cccc; ကတော့ နောက်ခံအရောင်ကို #66cccc; ထားမယ့်လို့ပြောတာ (သင်ကြိုက်ရာ အခြား အရောင်ကိုလဲထည့်နိုင်တယ်)
အားလုံးပြီးသွားရင်တော့ သင့်ဝက်ဆိုက်က အောက်က ပုံစံအတိုင်းဖြစ်သွားမယ်၊


အထက်က အတိုင်း သင့်ဝက်ဆိုက်ကိုတွေ့ရရင်တော့ အားလုံး OK နေပါပီ၊ ဒီမှာအရေးကြီးတဲ့ အချက်တစ်ချက်က footer မှာရှိရမယ့် 72coder မူပိုင် ဆိုတဲ့
“ငတိ” က အပေါ်ကိုတပ်သွားတယ်၊ ဒီလိုပြသနာက ဖြစ်လေ့ဖြစ်ထရှိတယ်၊ အခု အဲ့ဒီ့ footer အစိတ်အပိုင်းကို သေချာပြင်ဆင်မယ်၊ အောက်မှာကြည့်၊


အထက်က ပုံကတော့ footer ကို CSS apply လုပ်လိုက်တာပါ၊
Clear:both; ကတော့ footer အစိတ်အပိုင်းရဲ့ ဘယ်ဘက်ကော ညာဘက်ကောမှာဘာမှမရှိတော့အောင်ရှင်းလိုက်တာပါ၊ ဒါဆိုရင် အဲ့ဒီ့
အတန်းလုံးသူတစ်ယောက်ထဲရှိတော့မယ်၊ ဘာမှမရှိတော့ဘူး၊
Text-align:center; ကတော့ 72coder မူပိုင် ဆိုတဲ့စာသားကို အလယ်မှာထားချင်လို့ text-align စာသား ချိန်ညှိမူကို center လို့ပြောင်းလိုက်တာ၊
Padding:20px ကတော့ စာသားတွေနဲ့ border ကို 20px ခွာမယ်လို့ပြောလိုက်တာ၊
Borde-top: 1px solid green ကတော့ footer အစိတ်အပိုင်းရဲ့အပေါ်မှာ border ထားမယ့် border က အထူ 1px ထားမယ့်လို့ပြောတာ
အဲ့ဒီ့အစိတ်အပိုင်းအထိပြီးရင် သင့်ဝက်ဆိုက်ကိုအောက်က အတိုင်းတွေ့ရမယ်၊

html5_6


More Styling
ဝက်ဆိုက်ကတော့ အခြေအနေ အတော့ ကိုကောင်းသွားပါပီ၊ ဒါပေမယ့် အဲ့ဒီ့ အဆင့်လောက်နဲ့တော့ ၀က်ဆိုက်ကိုရောင်းစားဖို့ အခကျေးငွေယူပြီး
ဝက်ဆိုက်ဆွဲဖို့မဖြစ်နိုင်သေးပါဘူး၊ လောလောဆယ် အခြေအနေမှာပဲ ၀က်ဆိုက်ကို တစ်ချက်လောက်ကြည့်ရအောင်၊


အခု အရင်ဆုံး ၀က်ဆိုက်ရဲ့ body တစ်ခုလုံးထဲမှာရှိတဲ့ Tags တွေအားလုံးကို လွမ်းခြုံထားတဲ့ container ကို Style ထည့်မယ်၊ (html ဖိုင်မှာ div =
“container” လို့ရေးထားတာကို div id= “container” လို့ပြောင်းလိုက်ပါ၊ ပြီးရင် CSS နဲ့ အလှဆင်မယ်၊ အောက်က အတိုင်း၊


အထက်က CSS ဖိုင်မှာ #container လို့ရေးပြီး HTML ဖိုင်မှာရှိတဲ့ <div id= “container”> ကို select မှတ်တယ်၊ Declaration ၄ ခု ရှိတယ်၊
 border: 1px solid black; လို့ရေးထားတယ်၊ အဓိပ္ပါယ်ကတော့  ၀က်ဆိုက်တစ်ခုလုံးကို ဘောင်ခက်မယ်၊ ဘောင် အထူက 1 pixel, အထူ, အနက်ရောင်
လို့ရေးလိုက်တာ၊ ဒီမှာ တစ်ခု သတိထားရမှာက တကယ်တော့ ဘော်ဒါထည့်စရာမလိုပါဘူး၊ ၀က်ဆိုက်တည်ဆောက်တာ မကျွမ်းကျင်သူတွေအနေနဲ့
အခက်မတွေ့ရအောင် border ထည့်ပြီးမြင်သာအောင် လုပ်လိုက်တာပါ၊ နောက်ပိုင်း ပြန်ဖြတ်ပြစ်လဲရတယ်၊
 နောက်တစ်ခုကတော့ width ပါ၊ သူကတော့ ၀က်ဆိုက်တစ်ခုလုံးရဲ့ အကျယ်ကို သတ်မှတ်သာပါ၊ ပုံမှန်အားဖြင့် 1024 pixel ရှိတယ်၊ အခုတော့ 1000px
လို့သတ်မှတ်ထားတယ်၊ ဒါ့ကြောင့် ၀က်ဆိုက်ရဲ့ ညာဘက် ဘေး နဲ့ ဘယ်ဘက်ဘေးအတွက် 24px ချန်ထားခဲ့တယ်၊ ဘေးနှစ်ဖက်မှာ တစ်ဖက်ကို 12px စီ
လွတ်နေလိမ့်မယ်၊
နောက်တစ်ဆင့်မှာတော့ margin:20px auto; လို့ရေးထားတယ်၊  သဘောကတော့ အထက်နဲ့အောက် ဘေးမျဉ်းတွေကို 20px စီခြားထားမယ့်လို့ပြောတာပါ၊
ဝက်ဆိုက်ရဲ့ စာသားတွေအားလုံး အစက ဘေးမျဉ်းက နေ 20 px ကွာနေလိမ့်မယ်၊
နောက်ဆုံးတစ်ခုကတော့ text-align ပါ၊ သူကတော့ ၀က်ဆိုက်ရဲ့ <body> အတွင်းမှာရှိတဲ့ စာသားတွေအားလုံးကို ဘယ်ဘက်ဘေးကပ်ခိုင်းတာ၊
ဒီလိုကပ်လိုက်တာက <body> ကိုမထိခိုက်ပါဘူး၊ ဒါကြောင့် အထက်က ဘေးမျဉ်းတားထားတဲ့ ဧရိယာအတွင်းက စာသားတွေ ပဲ
ဘယ်ဘက်ဘေးကိုကပ်သွားမှာပါ၊
အထက်က အတိုင်းအားလုံးကိုရေးပြီးရင်တော့ ၀က်ဆိုက်ကို Run ကြည့်လိုက်ပါ၊ အောက်က အတိုင်းတွေ့ရမယ်၊


အထက်က အတိုင်းဆိုရင် ၀က်ဆိုက်က ကွန်ပြူတာရဲ့အလည်တည့်တည့် မှာတည်နေပါပီ၊ အခုနောက်တစ်ဆင့်အနေနဲ့ ခေါင်းစဉ် ကို
အလှဆင်ကြမယ်၊ ခေါင်းစဉ်ကို <html> ဖိုင်ထဲမှာ <header id= “top_header”> လို့ပေးထားတယ်၊ အခု အဲ့ဒီ top_header ကို CSS သုံးပြီး
အလှဆင်မယ်၊ အောက်က အတိုင်း၊


အထက်က အတိုင်း top_header ကို အလှဆင်လိုက်ပါပီ၊ Declaration ၃ သုံးခုပါတယ်၊
Background:#d1bfeb ကတော့ top_header ရဲ့ နောက်ခံအရောင်ကို #d1bfeb ထားမယ်လို့ရေးလိုက်တာ၊ (သင်ကြိုက်တဲ့အရောင်ကိုပြောင်းနိုင်ပါတယ်)
Border: 1px solid #70288d ကတော့ top_header အစိတ်အပိုင်းကို ဘောင်ခတ်မယ်၊ ဘောင်ကို 1px အရွယ်အစားထာမယ်၊ အထူ (solid), အရောင်ကို
#70288d လို့သတ်မှတ်မယ်၊
Padding ကတော့ စာသားတွေနဲ့ ဘောင် (border) အကြားကွာထားတဲ့အကွာအဝေးကို 20px ထားမယ့်လို့ရေးထားတာပါ၊ အထက်က
အတိုင်းအားလုံးရေးပြီးရင်တော့ သင့်ဝက်ဆိုက်ကို Run ကြည့်ပါ၊ အောက်က အတိုင်းတွေ့ရမယ်၊


အထက်က အတိုင်း ၀က်ဆိုက်ကို ရရင်ဖြင့် အားလုံးအဆင်ချောနေပါတယ်၊ အထက်က ၀က်ဆိုက်က ပုံသေးအောင်ချုံ့ထားတာပါ၊
အခု navigator bar ကိုအလှဆင်ကြပါမယ်၊ ဒီ့အတွက် HTML ဖိုင်မှာရှိတဲ့ <nav id= “top_navigator”> ကို CSS သုံးပြီးပြုပြင်
အလှဆင်ပါမယ်၊ အောက်မှာကြည့်ပါ၊


အထက်မှာတော့ HTML ဖိုင်မှာရှိတဲ့ top_navigator ဆိုတဲ့ id ကို CSS နဲ့ select လုပ်ပြီးအလှဆင်လိုက်ပါပီ၊ နောက်ခံအရောင် background ကို #a62810
လို့ထားလိုက်တယ်၊ စာလုံးတွေရဲ့အရောင်ကိုတော့ blue လို့ထားလိုက်တယ်၊ အထက်က အတိုင်းပြောင်းပြီးသွားရင် အောက်က
ပုံစံရှိတဲ့ဝက်ဆိုက်ပုံစံမျိုးကိုရမယ်၊

အထက်က အတိုင်း ၀က်ဆိုက်က ရမယ်၊ နို့ပေမယ် navigation bar က အတော့ကိုကြောင်နေသေးတယ်၊ li list တွေအားလုံးက
တစ်ခုကိုတစ်ကြောင်းစီဖြစ်နေတယ်၊ တကယ်ဆိုရင် တစ်ကြောင်းထဲမှာဖြစ်ရမှာ၊ အခုလို တစ်ခုကိုတစ်ကြောင်းစီဖြစ်နေတာကတော့ block လုပ်ထားလို့ပါ၊
အခု အောက်မှာ unordered list တွေအားလုံး တစ်ကြောင်းထဲမှာပြအောင် နဲ့ ပိုပြီးကြည့်ကောင်းသွားအောင် အလှဆင်ပါမယ်၊ ဒီ့အတွက် top_navigator li
ဆိုပြီး list တွေကို သက်ဆိုင်ရာ mother element နဲ့ တွဲခေါ်ပါမယ်၊ အောက်မှာကြည့်ပါ၊

အထက်မှာတော့ CSS သုံးပြီး HTML ဖိုင်မှာရှိတဲ့ top_navigator li တွေကို ပြုပြင်လိုက်ပါပီ၊
Display: inline-block; ဆိုတာက list တွေအားလုံးကို တစ်တန်းထဲမှာထား (inline)၊ အဲ့ဒီ့ အတန်းကို block လုပ်ထား (block
လုပ်တယ်ဆိုတာ ရှေ့နဲ့ နောက်မှာ အခြား Element တွေဝင်လို့မရအောင်ပိတ်ထားတာပါ၊
List-style:none; ကတော့ list တွေရဲ့ရှေ့မှာပါနေတဲ့ Style (အတုံးလေးတွေ) ကိုမထည့်ပဲ ဘာမှမပါတဲ့အတိုင်းထားမယ့်လို့ပြောတာပါ၊
Padding:5px; ကတော့ list တွေအားလုံးရဲ့ အပေါ် အောက် အရှေ့ အနောက် အားလုံးကို border ကနေ 5px ခွါမယ်လို့ အမိန့်ပေးလိုက်တာ၊
အားလုံးကိုရေးပြီးသွားရင် သင့်ဝက်ဆိုက်ကို အောက်က အတိုင်းတွေ့ရမယ်၊

အထက်မှာတော့ CSS သုံးပြီး HTML ဖိုင်မှာရှိတဲ့ top_navigator li တွေကို ပြုပြင်လိုက်ပါပီ၊
Display: inline-block; ဆိုတာက list တွေအားလုံးကို တစ်တန်းထဲမှာထား (inline)၊ အဲ့ဒီ့ အတန်းကို block လုပ်ထား (block
လုပ်တယ်ဆိုတာ ရှေ့နဲ့ နောက်မှာ အခြား Element တွေဝင်လို့မရအောင်ပိတ်ထားတာပါ၊
List-style:none; ကတော့ list တွေရဲ့ရှေ့မှာပါနေတဲ့ Style (အတုံးလေးတွေ) ကိုမထည့်ပဲ ဘာမှမပါတဲ့အတိုင်းထားမယ့်လို့ပြောတာပါ၊
Padding:5px; ကတော့ list တွေအားလုံးရဲ့ အပေါ် အောက် အရှေ့ အနောက် အားလုံးကို border ကနေ 5px ခွါမယ်လို့ အမိန့်ပေးလိုက်တာ၊
အားလုံးကိုရေးပြီးသွားရင် သင့်ဝက်ဆိုက်ကို အောက်က အတိုင်းတွေ့ရမယ်၊


အထက်မှာတော့ သင့်ဝက်ဆိုက်ရဲ့ Navigation Bar က အတော့ကိုလှပသွားပါပီ၊ အရောင်ရွေးချယ်မူကိုတော့ သင့်စိတ်ကြိုက်ပြုလုပ်နိုင်တယ်၊
အရောင်လှလေ သင့်ဆိုက်ရဲ့ ပုံစံ ပိုလှသွားမှာပါ၊

html5_5


Start Styling
ဒီအခန်းမှာတော့ ရှေ့အခန်းတွေမှာတည်ဆောက်ခဲ့တဲ့ ၀က်ဆိုက်ကို CSS နဲ့ CSS3 သုံးပြီးစတင်အလှဆင်ပါမယ်၊ သင် CSS နဲ့ CSS3 ကို နားမလည်သေးရင်
မတတ်မြောက်သေးရင် 72coder ရဲ့ CSS နဲ့ CSS3 သင်ခန်းစာတွေကိုပြန်ဆင်းပါ၊ အခု အလှမဆင်ခင် HTML5
ဝက်ဆိုက်ကိုတစ်ချက်လောက်ရူ့စားလိုက်ပါဦး၊


အထက်က အတိုင်း ၀က်ဆိုက်ရဲ့ အသွင်အပြင်ကို CSS သုံးပြီး အလှစတင်ဆင်ပါမယ်၊ ကနဦး အနေနဲ့ ၀က်ဆိုက်တစ်ခုလုံးမှာ ရှိတဲ့ စာသားတွေရဲ့ Margin နဲ့
Padding ကို 0 လို့ထားလိုက်မယ်၊ မထားရင်တော့ default အရွယ်အစားအတိုင်းရှိနေမယ်၊ အခုလိုထည့်လိုက်တော့ အားလုံးကို margin padding 0px
လို့ပြောင်းလိုက်တာပါ၊ အောက်မှာ CSS ဖိုင်ကိုကြည့်ပါ၊


အထက်က * ကြယ်ပုံစံသင်္ကေသကတော့ selector ဖြစ်ပြီး သူက ၀က်ဆိုက်တစ်ခုလုံးရဲ့ Tags တွေအားလုံးကို  Select လုပ်လိုက်တာပါ၊
ဝက်ဆိုက်တစ်ခုလုံးအကြုံးဝင်သွားပီ၊ အခု အထက်က ဖိုင်ကိုသိမ်းလိုက်ပြီး သင့်ဝက်ဆိုက်ကို ဖွင့် ကြည့်လိုက်ပါဦး၊ ဒါဆိုရင်တော့ အောက်က အတိုင်း
Margin နဲ့ Padding တွေ မရှိတော့လို့ စာကြောင်းတွေ အပေါ်အောက်နဲ့ ဘယ်လက်လေးကိုကပ်သွားတာကိုတွေ့ရမယ်၊


အထက်က အတိုင်း အားလုံး OK ရင်တော့ အခု <h1> <h2><h3> Tags  တွေကို စာလုံးအရွယ်အစား, စာလုံးမျိုးနွယ်စု, စာလုံး
စတိုင်းတွေပြောင်းမယ်၊ အောက် က CSS ဖိုင်မှာကြည့်လိုက်ပါ၊



အထက်မှာတော့ h1, h2, h3 Tags တွေကို စာလုံးအပုံစံ အရွယ်အစားနဲ့ စာလုံး အမျိုးအစား တို့ကိုပြုပြင်လိုက်ပါပီ၊ h1 အတွက် စာလုံးအထူ၊
စာလုံးအရွယ်အစား 20px, စာလုံးအမျိုးအစား “Zawgyi-One” တို့ကိုထည့်ထားတယ်၊ h1 အတွက် စာလုံးအထူ၊ စာလုံးအရွယ်အစား 18px,
စာလုံးအမျိုးအစား “Zawgyi-One” တို့ကိုထည့်ထားတယ်၊ h1 အတွက် စာလုံးအထူ၊ စာလုံးအရွယ်အစား 16px, စာလုံးအမျိုးအစား “Zawgyi-One”
တို့ကိုထည့်ထားတယ်၊ CSS ဖိုင်ကို Save ပြီး သင့်ဝက်ဆိုက်ကို Run ကြည့်လိုက်ပါ အောက်က အတိုင်း တွေ့ရမယ်၊


အနီရောင်ပြထားတာကတော့ h1 နဲ့ ပတ်သတ်တဲ့စာကြောင်းပါ၊ အစိမ်းရောင်ပြထားတာကတော့ h2 Tag နဲ့ ၀ိုင်းထားတဲ့စာကြောင်းပါ၊
အပြာရောင်ပြထားတာကတော့ h3 Tags နဲ့ ၀ိုင်းထားတဲ့စာကြောင်းပါ၊
နောက်ထပ် အရေးတကြီးပြုပြင်သင့်တဲ့အချက်တစ်ချက်ကတော့ အချို့ သင့်ဝက်ဆိုက်က HTML5 ကုတ်တွေကိုနားမလည်တဲ့ browser တွေနဲ့ တွေ့တဲ့အခါ
HTML5 Tags တွေကို block အနေနဲ့ ပြသအောင် CSS နဲ့ ပြင်ဆင်ဖို့ပါ၊ အောက်မှာ HTML5 Tags တွေကို display:block အဖြစ် CSS နဲ့ ပြုပြင်ထားတယ်၊


အထက်မှာတော့ HTML5 Tags တွေကို display:block ဖြစ်အောင် CSS နဲ့ အမိန့်ပေးလိုက်ပါပီ။ ဒီလိုမှမရေးထားရင် တချို့ browser
အဟောင်းတွေနဲ့ တွေ့ရင် သင့်ဝက်ဆိုက်က HTML5 Tags တွေကို ရောပြီး Inline ပုံစံပြလိုက်နိုင်ပါတယ်၊ (block နဲ့ Inline) ကိုနားမလည်ရင် CSS
သင်ခန်းစာကိုသွား)
နောက်တစ်ဆင့်အနေနဲ့ browser problem ကိုဖြေရှင်းဖို့အတွက် <body> section ကို text-align:center ထည့်ပါမယ်၊ ဒီလိုမှမထည့်ရင် အချို့
browser တွေမှာပြသနာရှိနိုင်လို့ပါ၊ အောက်မှာ CSS ဖိုင်ကိုကြည့်၊


အထက်မှာတော့ browser တွေအားလုံးမှာ သင့်ရဲ့ ၀က်ဆိုက်ကို ကွန်ပြူတာ မျက်နှာပြင်ရဲ့ အလည်မှာဖော်ပြအောင် text-align:center ကို body section
အတွက်ပြောင်းပြီးသွားပီ၊ ဒါဆိုရင်တော့ အားလုံး အဆင်သင့်ဖြစ်ပြီ၊ နောက်အခန်းမှာထပ်ပြီး အလှဆင်မယ်၊ အဲ့ဒီ့ text-align:center ကိုတော့
မပါမဖြစ်ထည့်ရပါမယ်၊ ဒါမှမဟုတ်ရင်တော့ သင့်ဝက်ဆိုက်ကို တစ်ချို့ကွန်ပြူတာတွေမှာ ဘယ်ဘက်ကြီးကပ်ပြီးပြနေမှာ ဒါဆိုရင်တော့
ကြည့်ရအတော့ကိုဆိုးနေလိမ့်မယ်၊

html5_4


Website Layout
ဒီအခန်းမှာတော့ ၀က်ဆိုက်ရဲ့ အခင်းအကျင်း (layout) ကိုပြုပြင်ဖို့ အသင့်ပြင်မယ်၊ နောက်တစ်ခန်းမှာစပြီး layout ကိုအလုပ်စလုပ်မယ်၊  အခု ရှေ့က ဆွဲခဲ့
တဲ့ ၀က်ဆိုက်တစ်ခုလုံးကို ကြည့်တဲ့ ကွန်ပြူတာ တိုင်းရဲ့ အလည်မှာရောက်စေဖို့ div တစ်ခုနဲ့သတ်မှတ်မယ်၊ သတ်မှတ်မယ့် div ကို နာမည် container
လို့ပေးလိုက်မယ်၊ ထည့်ရမယ့် နေရာက <body> အစရဲ့ နောက်မှာ နဲ့ အဆုံး ရဲ့ အပေါ်မှာပါ၊ အောက်မှာကြည့်ပါ၊


အထက်မှာတော့ ၀က်ဆိုက်တစ်ခုလုံးကို ကြည့်ရူ့တဲ့ ကွန်ပြူတာတိုင်းရဲ့ မျက်နှာပြင်အလည်မှာရောက်အောင် ခွဲပေးမယ့် div တစ်ခုကိုထည့်လိုက်တယ်၊
အဖွင့်ကို မြား အဖြူနဲ့ ထိုးပြထားတယ်၊ အပိတ်ကိုလဲ မြား အဖြူနဲ့ အောက်မှာထိုးပြထားတယ်၊ ခလယ်မှာတော့ အခြား
Tags တွေအများကြီးရှိသေးပေမယ့် နေရာ အခက်အခဲရှိလို့ ခဏဖျောက်ထားတယ်၊ သင်တို့လဲဖျောက်ချင်ရင်ဖျောက်နိုင်တယ်၊ ပြန်ဖွင့်ချင်ရင်တော့
အပေါင်းလက္ခဏာလေးတွေကိုနှိပ်လိုက်ပါ၊ အခု ထည့်ထားတဲ့ div ကို CSS ဖိုင်က နေ အမိန့်လှမ်းပေးရအုံးမယ်၊ ပြုပြင်ရအုံးမယ်၊ ဒီတိုင်းပဲ ထားရင်တော့
အခုထည့်ထားတဲ့ “container” က ဘာမှအသုံးဝင်မှာမဟုတ်သေးဘူး၊ သူက ၀က်ဆိုက်ရဲ့ content တစ်ခုလုံးကိုတော့ ၀ိုင်းထားလိုက်ပီ၊ နောက်အခန်းမှာ
သူ့ကို အမိန့်ပေး ခိုင်းစေမယ်၊
အခု အခြား Tag တွေကိုလဲ CSS သုံးပြီး အလုပ်လုပ်လို့ ရအောင် id သတ်မှတ်မယ်၊ အပေါ်ဆုံးက <header> ကို <header id= “top_header”> လို့ id
သတ်မှတ်လိုက်ပါ၊ နောက်ပြီး ရင် <nav> ကိုလဲ top_navigator လို့ id နာမည်ပေးမယ်၊ <nav id= “top_navigator”> လို့ပြောင်းလိုက်ပါ၊ ပြီးရင်တော့
<section> ကို <section id= “main_content”> လို့ပြောင်းပေးလိုက်ပါ၊ သဘောကတော့ <section> ထဲမှာ id သတ်မှတ်လိုက်တာ၊ CSS နဲ့
နာမည်ခေါ်ပြီးအလုပ်ခိုင်းလို့ရအောင်၊ နောက်ပြီးရင်တော့ <aside> ကို <aside id= “sidebar”> လို့ပြောင်းပေးလိုက်ပါ၊ ဒါက <aside> ကို id
နာမည်သတ်မှတ်လိုက်တာ၊ နောက်ဆုံးတစ်ခုကတော့ <footer> ပါ၊ သူ့ကိုလဲ <footer id= “the_footer”> လို့နာမည်ပေးလိုက်ပါ၊ အောက်မှာဥပမာ ရှူ့


အထက်က အဆင့် အထိ အားလုံးလုပ်ဆောင်ပြီးသွားရင်တော့ CSS ဖိုင်ကိုတည်ဆောက်ကြပါမယ်၊ <head> section မှာသတ်မှတ်ခဲ့တဲ့အတိုင်း CSS ဖိုင်ကို
style.css လို့ နာမည်ပေးလိုက်ပါ၊ အဓိက အရေးကြီးတာကတော့ CSS ဖိုင်ကို HTML ဖိုင်နဲ့ ဖိုဒါတစ်ခုထဲမှာပဲ သိမ်းဖို့ပါ၊ သိမ်းတဲ့အခါ ကျရင် Style နောက်မှာ
.css လို့ Extension နာမည်ထည့်ပြီးသိမ်းပါ၊ သိမ်းပြီးသွားရင်တော့ အောက်က ပုံစံအတိုင်းတွေ့ရပါမယ်၊

အထက်က အတိုင်း style.css ဖိုင်ကိုတည်ဆောက်ပြီးသွားရင်တော့ နောက်တစ်ခန်းမှာ စပြီး style စတင်ရေးပါမယ်၊

html5_3


Article for Section
ဒီသင်ခန်းစာမှာတော့ <section> ထဲကို Articale ထည့်တဲ့ ပုံစံကိုရှင်းပြပေးမယ်၊ Article  ဆိုတော့ ဆောင်းပါး ပေါ့၊ ဒါပေမယ့် နာမည်ပဲ ယူထားတာပါ၊

တကယ့် ဆောင်းပါးတွေနဲ့ တူစရာမလိုပါဘူး၊ <section> အဖွင့် နဲ့ အပိတ် </section> ကြားမှာ Article ကိုထည့်ရမယ်၊ <article > အဖွင့်နဲ့ </article>

 အပိတ်တို့ပါ၊  အောက်က အ
တိုင်း၊
အထက်က အတိုင်း <article> အဖွင့် နဲ့ </article> အပိတ်တို့ကို <section> အဖွင့် နဲ့ </section> အပိတ်တို့ကြားမှာထည့်ပေးရတယ်၊
ဒီလိုထည့်ပေးလိုက်တာက အကြောင်းရှိပါတယ်၊ <article> အဖွင့်နဲ့ အပိတ် ကြားမှာ layout တစ်ခု တည်ဆောက်ဖို့ပါ၊ အဲ့ဒီ့ <article>
Tags နှစ်ခုကြားမှာရေးမယ့် စာသားတွေ ပုံတွေကို ခေါင်းစဉ်ထည့်မယ်၊ စာပိုဒ်တွေထည့်မယ်၊ footer ထည့်မယ်၊ အဲ့ဒါတွေအားလုံးကို လုပ်ဖို့အတွက်
<article> Tags ကြားမှာလုပ်နိုင်ပါတယ်၊ အောက်မှာကြည့်ပါ၊


အထက်မှာတော့ <article > အထဲမှာ header , paragraph, footer တို့ကိုထည့်လိုက်ပါပီ၊ paragraph မှာတော့ စာသားတစ်ချို့ပါထည့်လိုက်ပါတယ်၊ အခု
<header>အဖွင့် နဲ့ </header> တို့ထဲမှာ ခေါင်းစဉ်  နှစ်ခုထည့်မယ့်၊

အထက်မှာတော့ <article > အထဲမှာ header , paragraph, footer တို့ကိုထည့်လိုက်ပါပီ၊ paragraph မှာတော့ စာသားတစ်ချို့ပါထည့်လိုက်ပါတယ်၊ အခု
<header>အဖွင့် နဲ့ </header> တို့ထဲမှာ ခေါင်းစဉ်  နှစ်ခုထည့်မယ့်၊


အထက်မှာတော့ Article ရဲ့ header ဆိုတဲ့ section ထဲမှာ ခေါင်းစဉ်နှစ်ခုထည့်လိုက်ပါပီ၊ ဒီမှာ တစ်ခု သတ်မှတ်စရာကျန်သေးတယ်၊  ခေါင်းစဉ်
တစ်ခုထပ်ပိုပြီးတပ်ရင်တော့ အဲ့ဒီ့ ခေါင်းစဉ်တွေကို အုပ်စုခွဲပေးရမယ်၊ ခေါင်းစဉ်အုပ်စုကို <hgroup> </hgroup> အပိတ်တို့နဲပ ၀ိုင်းပေးရပါတယ်၊ တစ်ခုထဲ
ဆိုရင်တော့ <hgroup> နဲ့ ၀ိုင်းစရာမလိုပါဘူး၊ အောက်မှာ <hgroup> နဲ့ ၀ိုင်းထားတဲ့ပုံပါ၊


အထက်မှတော့ Atricle အတွင်းရှိ <header> ထဲက ခေါင်းစဉ်နှစ်ခုကို <hgroup> နဲ့ ၀ိုင်းပြီး မှတ်သားလိုက်ပါပီ၊
 ဒီလိုမမှတ်သားလို့မရဘူးနော်၊ ခေါင်းစဉ်တစ်ခုပဲ တပ်ထားရင် တော့ မှတ်သားစရာမလိုဘူး၊ အခုခေါင်းစဉ်ပိုင်းတော့ အတော်လေးလုံလောက်သွားပီ၊
ထပ်ပြီးလိုအပ်တာကတော့ footer မှာစာသားအနည်းငယ်ထည့်ဖို့ပါ၊ သင်ကြိုက်တဲ့စာသားထည့်နိုင်ပါတယ် အောက်က အတိုင်း


အထက်က အတိုင်း Footer ထဲမှာ စာအနည်းငယ်ထည့်ပြီးသွားရင်ဖြင့် Article section က အတော်လေးပြည့်စုံသွားပါပီ၊ ဒီမှာတစ်ခုပြောလိုတာက
<section> Tag ထဲက article ကို တစ်ခုထဲမဟုတ်ပဲ ကြိုက်သလောက်ထည့်နိုင်ပါတယ်၊ အောက်မှာနောက်ထပ်တစ်ခုထပ်ထည့်ပြမယ်၊


အထက်မှာတော့ <section> Tag ထဲမှာနောက်ထပ် article တစ်ခုထပ်ထည့်လိုက်တာပါ၊ အိုကေ အခု ဆိုက်ရဲ့ အသွင်အပြင်ကို Google Chrome နဲ့
ဖွင့်ပြီးကြည့်လိုက်မယ်၊ အောက်မှာကြည့်ပါ၊


အထက်မှာတော့ လက်ရှိ သင်ဆွဲထားပြီးတဲ့ ဆိုက်ပုံစံပါ၊ လုံးဝမလန်းသေးဘူး၊ မပူပါနဲ့ သင်မယုံကြည့်နိုင်လောက်တဲ့ အလှဆင်မူမျိုးကို CSS
အသုံးပြုပြီး နောက်သင်ခန်းစာတွေမှာလုပ်သွားမှာပါ၊ အခုတော့ HTML5 ရဲ့ Layout ချမှတ်ပုံနဲ့ Tags တွေ အသုံးပြုပုံကိုသာ သင်အာရုံစိုက်ပြီး
နားလည်အောင်လုပ်ထားပါ၊ နောက်ပိုင်း မှအလှဆင်မယ်၊ နောက်ပိုင်းအလှဆင်ရင် အခု ရှင်းပြနေတဲ့ HTML5
Tags တွေကို ပြန်ရှင်းပြတော့မှာမဟုတ်တဲ့အတွက် ဒီသင်ခန်းစာတွေကို ကျေကျေ ညက်ညက် နားလည်ထားဖို့လိုပါတယ်၊

htmk5_2


Filling body part     
ဒီသင်ခန်းစာမှာတော့ body အစိတ်အပိုင်းကို HTML5 သုံးပြီးသရေးသွားမယ်၊ ၀က်ဆိုက်တွေကို စတင်တည်ဆောက်တုန်းက HTML ရဲ့ table နည်းကိုသုံးပြီး
ဝက်ဆိုက်တစ်ခုလုံးရဲ့ အသွင်အပြင်နဲ့ နေရာချထားမူ အစီအစဉ်တွေကိုတည်ဆေက်ခဲ့ပါတယ်၊ ခေါင်းစဉ်ပိုင်း (heading) ဆိုရင် ၀က်ဆိုက်ရဲ့ခေါင်းစဉ်အတွက်၊
Navigation Bar ဆိုရင် ၀က်ဆိုက်ရဲ့ အခြားစာမျက်နှာတွေကို ကူးပြောင်းနိုင်အောင်လင့်ချိတ်ထားတဲ့ အချက်အလက်တွေ၊ Side bar ဆိုရင်
ဝက်ဆိုက်မှာပါဝင်တဲ့ ကဏ္ဍ အသီးသီးရှိတဲ့ စာမျက်နှာတွေကို အလွယ်တစ်ကူ ၀င်ရောက်ဖို့အတွက်စာမျက်နှာ၊  content ဆိုရင် ၀က်ဆိုက်ရဲ့ အဓိက
စာမျက်နှာတွေကိုရေးတဲ့အစိတ်အပိုင်း၊ Footer ဆိုရင် ၀က်ဆိုက်ရဲ့ အောက်ဆုံးအပိုင်းမှာနေရာယူပြီး ၀က်ဆိုက်နဲ့ ပက်သတ်တဲ့ ဆက်သွယ်ရန်လိပ်စာတို့၊
Term and Condition တို့ကိုထည့်ပါတယ်၊ အောက်က ၀က်ဆိုက်ကို ဥပမာ ကြည့်ပါ၊

အထက်က ၀က်ဆိုက်မှာ အစိမ်းရောင်ပြထားတဲ့နေရာကတော့ Header အပိုင်းဖြစ်တယ်၊ အနီရောင်ပြထားတဲ့အစိတ်အပိုင်းကတော့ Navigiator
အပိုင်းဖြစ်တယ်၊ အ၀ါရောင်ပြထားတဲ့အစိတ်အပိုင်းကတော့ content အပိုင်းဖြစ်တယ်၊ အပြာရောင်ပြထားတဲ့အပိုင်းကတော့ Sidebar အပိုင်းပါ၊
ခရမ်းရောင်ပြထားတဲ့အပိုင်းကတော့ Footer အပိုင်းပါ၊ အထက်က ဆိုက်အတိုင်းပါပဲ ၀က်ဆိုက်အများစုက herder,navigator,sidebar,content,footer
ဆိုပြီး အစိတ်အပိုင်းအသီးသီးခွဲခြားပြီးရေးကြပါတယ်၊ ကနဦးတော့ HTML ရဲ့ table နည်းကိုသုံးပြီး အထက်က အစိတ်အပိုင်း
ငါးခုကိုခွဲပါတယ်၊ နောက်ပိုင်းမှာတော့ div ကိုသုံးပြီး အထက်က အစိတ်အပိုင်းငါးခုကိုခွဲလာပါတော့တယ်၊ div ကိုသုံးခြင်းက HTML table
tag တွေကိုသုံးခြင်းထက်အစပေါင်းများစွာ ပိုအဆင်ပြောပါတယ်၊ div ကိုသုံးခြင်းအားဖြင့် လိုအပ်တဲ့ အစိတ်အပိုင်း တစ်ခုစီကို
ကြိုက်တဲ့အချိန်မှာ ပြင်ဆင်လို့ရတယ်၊ တည်းဖြတ်လို့ရတယ်၊ ကြိုက်တဲ့အချိန်အလှဆင်လို့ရတယ်၊
အထက်က လိုဝက်ဆိုက်တွေရဲ့ အခြေခံ တည်ဆောက်ပုံတွေတူညီတယ်ဆိုတာကို သဘောပေါက်တဲ့ HTML5 developer တွေက ပိုမိုလွယ်ကူပြီး

ဝက်ဆိုက်တည်ဆောက်ရာမှာ အဆင်ပြေမယ့်နည်းတစ်ခုကို Develop လုပ်ခဲ့တယ်၊  အောက်မှာကြည့်ပါ၊


အထက်က <body> အဖွင့်အပိတ်ကြားက ရေးခဲ့တဲ့ Tag ပုံစံကတော့ HTMl5 ၀က်ဆိုက်အတွက် Header ကိုရေးတဲ့ပုံစံပါ၊
ကြားဖြတ်ပြီးတစ်ခုလောက်သင်ပေးချင်ပါတယ်၊ အထက်က ပုံရဲ့အနီရောင်မြားပြ ထားတဲ့ နေရာမှာ အဖြူရောင်အတုန်းလေးနဲ့ အဲ့ဒီ့အတုန်းလေးထဲမှာ
အနုတ်သင်္ကေသကိုတွေပမှာပါ၊ အဲ့ဒီ့ အနုတ်သင်္ကေသလေးကို ခလစ်တစ်ချက်နှိပ်လိုက်ရင်တော့ <head> Section
တစ်ခုလုံးပျောက်သွားမယ်၊ ပျောက်သွားမယ်ဆိုတာ
လုံးဝပျက်သွားတာကိုပြောတာမဟုတ်ပါဘူး၊ ဖျောက်ထားပေးတာကိုပြောတာပါ၊ နှိပ်ကြည့်လိုက်ပါ အောက်က အတိုင်းဖြစ်သွားမယ်၊


အထက်က ပုံကတော့ <head> Section ကိုဖျောက်ထားတဲ့ပုံပါ၊ ပြန်ပြီးပေါ်စေချင်ရင်တော့ <head> ရဲ့ဘယ်လက်က အပေါင်းလက္ခဏာလေးကိုနှိပ်လိုက်ပါ၊
ဒါဆိုရင်ပြန်ပေါ်လာမယ်၊
အခု <body> Section ထဲမှာရှိတဲ့ <header> အကြောင်းကို လေ့လာရအောင်၊ ဒီ <header> အဖွင့်နဲ့ အပိတ် </header> Tags တို့က
ဝက်ဆိုက်တစ်ခုရဲ့ ခေါင်းစဉ် ကိုကိုစားပြုတယ်၊ ခေါင်းစဉ်က စာဖြစ်ရင်ဖြစ်မယ်၊ ပုံဖြစ်ရင်ဖြစ်မယ်၊ အဲ့ဒီ့ အစိတ်အပိုင်းကို <header> အဖြစ်သတ်မှတ်တယ်၊
အထက်က ကုတ်ကို Run ကြည့်လိုက်ရင် အောက်က အတိုင်း google Chrome မှာ သင့်ဝက်ဆိုက်ကိုတွေ့ရမယ်၊


အထက်က တော့ သင်ရေးလိုက်တဲ့ ၀က်ဆိုက်ရဲ့ header အပိုင်းပါ၊ Browser ကလဲ သင်ရေးလိုက်တဲ့ <header> Tags အဖွင့်အပိတ်ကြားက
စာတွေအားလုံးက ခေါင်းစဉ်အတွက်ဆိုတာကိုသေချာသိတယ်၊ အခု့ နောက်ထပ်တစ်ဆင့်အနေနဲ့ Navigation Bar ထည့်ပါမယ်၊ အောက်က အတိုင်း


အထက်မှာတော့ Navigation Bar ထည့်လိုက်ပါပီ၊ HTML5 မှာ Navigation bar ကိုတိုက်ရိုက်ထည့်တဲ့ ကုတ်ကတော့ <nav> အဖွင့် နဲ့ </nav> အပိတ်
Tag တို့ပါ၊ အခု ဥပမာ မှာ စာရင်း သုံးခုပါတယ်၊ unordered list ပုံစံနဲ့ ရေးထားတာ၊ အဲ့ဒီ့ <nav> ဆိုတဲ့ Tag ကိုတွေ့ရင် browser တွေက Navigation
မှန်းသိတယ်၊  အထက်က ကုတ်တွေရေးပြီးရင် သိမ်းလိုက်ပါ၊ ပြီးရင် Google Chrome နဲ့ Run ကြည့်လိုက်ပါ၊ အောက်က အတိုင်း
သင့်ဝက်ဆိုက်ကိုတွေ့ရမယ်၊


အထက်က ပုံစံကတော့ သင့်ဝက်ဆိုက်ကို မြင်ရမယ့်ပုံစံပါ၊ လောလာ ဆယ် အလှမဆင်ရသေးဘူး၊ မပူနဲ့ နောက်အခန်းမှာ CSS သုံးပြီး
အလှဆင်မယ်၊ နောက်တစ်ဆင့်အနေနဲ့ Content ကိုထည့်မယ်၊ Content ကို ကိုယ်စာပြုမယ့် HTML5 Tag ကတော့ <section> အဖွင့်နဲ့ </section>
အပိတ်တို့ပါ၊ အောက်မှာကြည့်ပါ၊


အထက်မှာတော့ <section> ကို ထည့်လိုက်ပါပီ၊ <section> အဖွင့်နဲ့ </section> အပိတ်တို့ကြားမှာထည့်သမျှစာသားတွေ ပုံတွေ သင့်ဆိုက်ရဲ့ အဓိက
စာရေးတဲ့ အစိတ်အပိုင်းကို ကိုယ်စာပြုမှာပါ၊ အထက်က ဥပမာ မှာ <header> နဲ့ <nav> တို့ကို ခဏဖျောက်ထားတာကိုတွေ့ရမယ်၊ ပြန်ဖော်ချင်ရင်
အပေါင်းလက္ခဏာလေးတွေကိုနှိပ်၊ အထက်က အတိုင်း Section ထည့်ပြီးရင်ဖြင့် Google Chorme မှာ Run ကြည့်လိုက်ပါ၊
သင့်ဝက်ဆိုက်ကိုအောက်ပါအတိုင်းတွေ့ရမယ်၊


အထက်က အဆင့်အထိပြီးသွားရင်ဖြင့် Side bar ထည့်ပါမယ်၊ Side bar ကိုကိုယ်စားပြုတဲ့ HTML5 Tag ကတော့ <aside> ပါ၊ အဖွင့် <aside> နဲ့ အပိတ်
</aside> တို့ ကြားက စာသားတွေအားလုံးကို browser က side bar ထဲက စာတွေလို့သတ်မှတ်ပါလိမ့်မယ်၊ အောက်မှာကြည့်ပါ၊


အထက်က အတိုင်း side bar ကို ကိုယ်စာပြုတဲ့ <aside> Tag ကိုထည့်ပြီးသွားရင်ဖြင့် Google Chrome မှာ Run ကြည့်လိုက်ပါ၊ အောက်က

အတိုင်းတွေ့ရမယ်




အထက်က အဆင့် အတိုင်း side bar ကိုထည့်ပြီးသွားရင်ဖြင့် နောက်တစ်ဆင့်အနေနဲ့ Footer ထည့်ပါမယ်၊ <footer> အဖွင့်နဲ့ </footer>
အပိတ်တို့ကိုထည့်မှာပါ၊  အဲ့ဒီ့ <footer> အဖွင့်နဲ့ </footer> အပိတ်တို့ကြားက စာသားတွေအားလုံးကို browser ကလဲ footer
ထဲမှာပါတဲ့စာသားတွေအဖြစ်ဖော်ပြပေးမှာပါ၊ အောက်မှာကြည့်ပါ၊



အထက်မှာတော့ ၀က်ဆိုက်ထဲကို footer ထည့်လိုက်ပါပီ၊ Run ကြည့်လိုက်ရင်အောက်က


ဆိုက်က မလှသေးပါဘူး၊ မပူပါနဲ့ နောက်တစ်ခန်းမှာ CSS သုံးပြီးအလှဆင်သွားမှာပါ၊ အခုတော့ HTML5 Code တွေကို ဘယ်လိုရေးလဲ
ဝက်ဆိုက်မှာဘယ်လိုပေါ်လဲဆိုတာကိုသေချာလေ့လာထားပါ၊ နောက်တစ်ခန်းမှာ အလှဆင်မယ်၊ ဒီအခန်းကို နားလည်မှ နောက်တစ်ခန်းသွား၊

LinkWithin

Related Posts Plugin for WordPress, Blogger...

တွက်ချက်ပါ






powered by calculator.net

ငွေအတွက်မပူပါနဲ့

ချက်ကြမယ်လေ


Try Relay: the free SMS and picture text app for iPhone.