လိပ်လိုနှေးတဲ့ Internet စနစ်ကနေ ဒုံးပျံလိုမြန်တဲ့ Internet ဖြစ်အောင် Software မလိုဘဲ လုပ်ရအောင်..မောင်ပေါက်ရေးပါသည်....



လိပ်လိုနှေးတဲ့ Internet စနစ်ကနေ ဒုံးပျံလိုမြန်တဲ့ Internet ဖြစ်အောင်ဆိုတဲ့ ခေါင်းစဉ်နဲ့အရင်က ပို့စ် တစ်ပုဒ်တင်ပေးခဲ့ဖူးပါတယ်.. ကျွန်တော့်ဘလော့ရဲ့ Popular စာရင်းထဲမှာ ဒုတိယနေရာလိုက်နေဆဲပါပဲ.. အဲဒီပို့စ်မှာတင်ထားတဲ့ App ကိုလည်း ဒေါင်းကြတာ သိပ်ကိုများပါတယ်.. App နာမည်က de.mangelow.network.apk ဖြစ်ပါတယ်.. အခုပြောပြမှာက အဲဒီ App မလိုဘဲ လုပ်နည်းပါ.. သိပြီးသားလူတွေကတော့ မောင်ပေါက်ကို ခပ်ပေါပေါပဲကွာလို့ ထင်ကောင်းထင်နိုင်ပါတယ်.. မသိသေးတဲ့ ကျွန်တော့်ကို လူအတွက်ကတော့ သိပ်တန်ဖိုးရှိမှာပါ...
ဒီလိုပါ.. မိတ်ဆွေရဲ့ ဖုန်းဟာ Android သုံးထားတဲ့ ဖုန်းဆိုရင်ပေါ့..
1. မိတ်ဆွေရဲ့ ဖုန်းဟာ Android သုံးထားတဲ့ ဖုန်းဆိုရင် ဖုန်း Call ဘောက်ထဲမှာ *#*#4636#*#* လို့ ရိုက်ထည့်လိုက်ပါ.. ကုဒ်ကအလုပ်လုပ်ပြီး နာမည် (၄)ခု ကျလာပါမယ်..2. အဲဒီနာမည် (၄)ခုထဲက  Phone Information ဆိုတာကို တစ်ချက်နှိပ်လိုက်ပါ.. တကယ်လို့များ Sim Card 2 ကဒ်သုံးလို့ရတဲ့ဖုန်းဆိုရင် SUB 1 နဲ့ SUB 2 ဆိုပြီး ထပ်ပေါ်လာပါတယ်.. ကိုယ်က Card 1 မှာဆိုရင် SUB 1 ၊ Card 2 မှာဆိုရင် SUB 2 ကိုရွေးပေးလိုက်ပါ..
3.ဒါဆိုရင် Phone Info ဆိုတဲ့ခေါင်းစဉ်နဲ့ IMEI နံပါတ်.. Phone number (ဒါကတော့ နံပါတ်ပြချင်မှပြမှာပါ.. ကျွန်တော့်ဖုန်းမှာ မပြပါဘူး)၊ Current network မှာ Myanmar Post and Telecommunication စတဲ့ စာသားတွေမြင်ရမှာပါ.. ခုပြောမှာက အဲဒါနဲ့တော့ မဆိုင်ပါဘူး.. အောက်ကိုရွှေ့ပြီး   အောက်နားမှာ Set preferred network type: ဆိုပြီး ရှိတယ်.. အဲဒီစာလေးနဲ့ကပ်လျက်အောက်မှာ အဖြူပြားပေါ်မှာ Network Type ရှိပါတယ်.. GSM ဆို GSM , CDMA ဆို CDMA, WCDMA ဆိုရင် WCDMA ဆိုတဲ့စာတွေနဲ့ တွေ့ရပါမယ်.. အဲဒါကို တစ်ချက်နှိပ်လိုက်ပါ..
အောက်ကပုံလေးလို ကျလာပါလိမ့်မယ်..


4. ကျလာတဲ့ List ထဲမှာ GSM နဲ့ WCDMA သမားတွေက WCDMA only ကိုရွေးပေးလိုက်ပါ.. CDMA သမားတွေက EvDo only ကိုရွေးပေးလိုက်ပါ...ဒါပါပဲ.. ဆော့ဝဲနဲ့လုပ်သလို မြင်ကွင်းမျိုးလေ.. ဒါဆိုရင်တော့ မိတ်ဆွေရဲ့ နက်ဝပ်စနစ်ဟာ 3G မှာ ကောင်းကောင်းအလုပ်လုပ်ပြီး မြန်ဆန်တယ်ဆိုတာ လက်တွေ့သိပါလိမ့်မယ်.. 

 ဒါဆိုရင် အောက်ကပုံလို ဖြစ်သွားမယ်လေ..




တိပြုရန်၊ အထက်ကပြောခဲ့တဲ့ နည်းလမ်းတွေဟာ 3G Internet စနစ်မိတဲ့နေရာတွေမှာသာသုံးနိုင်မှာဖြစ်ပါတယ်.. 3G စနစ်မမိရင်တော့ လိုင်းပါပျောက်သွားပါလိမ့်မယ်.. စိတ်မပူပါနဲ့.. ခုနက အဆင့်တွေထဲက အဆင့် ၃ ထိ လုပ်လိုက်ပြီး အဆင့် (၄)မှာတော့  GSM ဆိုရင်  GSM auto ဒါမှမဟုတ် GSM only ကိုရွေး၊ WCDMA သမားက WCDMA preferred ကိုရွေး၊ CDMA သမားက CDMA auto ဒါမှမဟုတ် CDMA only ကိုရွေး၊ GSM နဲ့ CDMA နှစ်ကဒ်စိုက်သမားက GSM/CDMA auto ကိုရွေးပေးလိုက်ပါ.. လိုင်းပြန်တက်လာပြီး မူရင်း Internet အမြန်နှုန်းအတိုင်းပဲ လိပ်ကလေးလို ပြန်ရပါလိမ့်မယ်.. လိုင်းတော့ မပြတ်တော့ပါဘူး... တစ်ချို့ဖုန်းတွေမှာ ကုဒ်တွေ အလုပ်မလုပ်တာတွေ့ရပါတယ်.. ဒါဆိုရင်တော့ App လေးသုံးလိုက်ပေါ့.. ဒီမှာ

Download From Dev-Host  Soldifiles or Tusfiles or SendSpace

or Zippyshare

တင်ထားတယ်

မှတ်ချက်။ ဒီ App ဟာ 2.3.6 တွေမှာ ကောင်းကောင်း အလုပ်လုပ်ပြီး 4.0 နဲ့အထက်တွေမှာတော့ တစ်ချို့သာ အလုပ်လုပ်ပါတယ်..

0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

တွက်ချက်ပါ






powered by calculator.net

ငွေအတွက်မပူပါနဲ့

ချက်ကြမယ်လေ


Try Relay: the free SMS and picture text app for iPhone.