This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Showing posts with label java. Show all posts
Showing posts with label java. Show all posts

JavaScript_10


Global variable နဲ့ Local variable ဆိုပြီး Varaiable နှစ်ခုရှိတယ်၊ Global Variable က Function ရဲ့ အပြင်ဘက်မှာထားပြီး
ဘယ်နေရာက ခေါ်သုံးသုံးရတယ်၊ Local Variable က Function ရဲ့ အတွင်းမှာရှိပြီး အဲ့ဒီ့ Function ထဲမှာသာ ခေါ်သုံးလို့ရတယ်၊ function ရဲ့
အပြင်ကနေခေါ်သုံးလို့မရဘူး၊ အောက်မှာ  Global Variable ကိုဥပမာပြမယ်၊
<html>
<head>
<script type="text/javascript">
var goofy = " lady " ;
function fonky ( ) {
document.write ( goofy );
}
fonky ( );
</script>
</head>
<body>
</body>
</html>
အထက်က ကုတ်ကို Run လိုက်ရင်တော့ lady ဆိုတဲ့ စာလုံးကိုါရေးထားတဲ့ အဖြေကိုရမယ်၊ အပေါ်ဆုံးမှာ var goofy = “ lady ”; ဆိုပြီး Varible
တည်ဆောက်လိုက်တယ်၊ သူ့ကိုတည်ဆောက်တာက Function ရဲ့ အပြင်ဘက်မှာတည်ဆောက်တာပါ၊ နောက်ထပ် စာကြောင်းမှာ function fonky ( )
ဆိုပြီး function ကိုသတ်မှတ်တယ်၊ သူလုပ်မယ့် အလုပ်ကိုလဲ document.write( googy ) ဆိုပြီး varaible ဖြစ်တဲ့ goofy ကို
အဖြေထုတ်ပေးဖို့သတ်မှတ်လိုက်တယ်၊ နောက်တစ်ကြောင်းမှာတော့ fonky( ); ဆိုပြီး function ကိုခေါ်လိုက်တယ်၊ function ကိုခေါ်လိုက်တော့ function
က အလုပ်စလုပ်လိမ့်မယ်၊ သူ့အလုပ်က Variable ဖြစ်တဲ့ goofy ကို အဖြေထုတ်ပေးမယ့်အလုပ်၊  ဒါ ကတော့ အပြင်မှာ Global Variable
အဖြစ်တည်ဆောက်ထားတဲ့ Variable ကို function ထဲကနေ လှမ်းသုံးတာပါ၊ အခု function ရဲ့ အပြင်ကနေ ကော ခေါ်ကြည့်ပါမယ်၊ function ရဲ့
အတွင်းကနေတော့ ခေါ်သုံးပြီးပီနော်၊ အခု အပြင်ကခေါ်မှာ
<html>
<head>
<script type="text/javascript">
var goofy = " lady " ;
function fonky ( ) {
document.write ( goofy );
}
fonky ( );
document.write ( goofy );
</script>
</head>
<body>
</body>
</html>
အထက်က ကုတ်မှာ အောက်ဆုံးကနေ document.write ( goofy ); ကိုထည့်ပြီးထပ်ခေါ်လိုက်တယ်၊ ဒီနော့ နောက်ထပ် lady ဆိုတဲ့
အဖြေတစ်ခုထပ်ရမယ်၊ နားလည်စေလိုတာက Global Variable ဖြစ်တဲ့ Function အပြင်မှာထည်ဆောက်ထားတဲ့ variable ကို function
အတွင်းကလဲ ခေါ်သုံးလို့ရသလို အပြင်ကလဲ ခေါ်သုံးလို့ရပါတယ်၊
အခု အထက်က ကုတ်ကို ပဲ Variable ဖြစ်တဲ့ var goofy = “ lady ”  ; ဆိုတဲ့စာကြောင်းကိုဖြတ်ပြီး function ထဲမှာပြန်ရေးလိုက်ပါ၊ အောက်က အတိုင်း၊
<html>
<head>
<script type="text/javascript">
function fonky ( ) {
var goofy = " lady " ;
document.write ( goofy );
}
fonky ( );
document.write ( goofy );
</script>
</head>
<body>
</body>
</html>
အထက်ကကကုတ်ကို Run ကြည့်လိုက်ရင် အဖြေက lady ဆိုတဲ့စာလုံး တစ်လုံးကိုပဲ ရမယ်၊ တကယ်ဆိုရင် fonky( ); ဆိုပြီး function ကိုခေါ်လို့ lady
ဆိုတဲ့စာလုံးတစ်ခါပေါ်ရမယ်၊ အောက်ဆုံးက document.write (goofy ); ဆိုပြီး variable ကို အဖြေထုတ်လို့ Lady ဆိုတဲ့စာလုံးတစ်လုံးရရမယ်၊
အားလုံးပေါင်း အဖြေနှစ်ခုရရမယ်၊ ဒါပေမယ့်တကယ်အဖြေထုတ်တော့ lday ဆိုတဲ့ စာလုံးက တစ်လုံးပဲရနေတယ်၊ အကြောင်းကတော့ ရေးထားတဲ့
variable ဖြစ်တဲ့ var goofy = “lady” ; က function ရဲ့ အတွင်းပိုင်းမှာ သွားရေးထားတဲ့ Local variable ပါ၊ ဒါကြောင့် သူ့ကို function အတွင်းမှာသာ
သုံးနိုင်ပြီး function ရဲ့ အပြင်ကနေ ခေါ်သုံးလို့မရပါဘူး၊
ဒီသင်ခန်းစာမှာ အဓိက နားလည်စေလိုတာက Varaible တစ်ခုကို function ရဲ့ အပြင်မှာတည်ဆောက်ထားရင် Global Variable လို့ခေါ်ပြီး သူ့ကို
ဘယ်နေရာက ခေါ်သုံးသုံးရတယ်၊ function ရဲ့ အတွင်းမှာတည်ဆောက်ထားတဲ့ Variable ကိုတော့ Local variable လို့ခေါ်ပြီး သူ့ကို function
အတွင်းမှာသာ သုံးလို့ရတယ်၊ အပြင်ကနေ ခေါ်သုံးလို့မရဘူး၊

JavaScript_9

ဒီအခန်းမှာတော့ အသုံး အရမ်းကို ၀င်လှတဲ့ function တစ်ခုကတော အခြား function တစ်ခု (သို့) အများကိုခေါ်ပြီးသုံးပုံကိုသင်ပြမယ်၊
တစ်ဆင့်ခြင်းသွားမယ်၊ ပထမအဆင့်အနေနဲ့ function တစ်ခု တည်ဆောက်လိုက် အောက်မှာကြည့်၊
function  goofy ( ) {
document.write(" Arr har i am first function ");
}
အထက်က function ကို goofy လို့နာမည်ပေးထားတယ်၊ သူကိုခေါ်ခံရရင် သူလုပ်မယ့်အလုပ်က   Arr har I am first function ဆိုတဲ့
စာသားကိုအဖြေထုတ်ပေးမယ်ယ့အလုပ်၊
နောက်ထပ် function တစ်ခုကိုထပ်ပြီးဖန်တီးမယ် အောက်မှာကြည့်၊
function fonky( ) {
document.write(" Wow comming up next is me  The second! ");
}
အထက်က function ကို fonky လို့နာမည်ပေးထားတယ်၊ သူကိုခေါ်ခံရရင် သူလုပ်မယ့်အလုပ်က   Wow coming up next is me The second! ဆိုတဲ့
စာသားကိုအဖြေထုတ်ပေးမယ်ယ့အလုပ်၊
အခု တတိယ function တစ်ခုကိုတည်ဆောက်မယ် အောက်မှာကြည့်၊
function  call ( ) {
            goofy( );
            fonky( );
}
အထက်က function နာမည်က call ၊ သူ့ကို ခေါ်ခံရရင်သူလုပ်မယ့်အလုပ်က goofy( ); ဆိုတဲ့ function နဲ့ fonky( ); ဆိုတဲ့ function တို့ကိုခေါ်ပေးမယ်၊
သူ့ကိုခေါ်တာနဲ့ သူက goofy( ); နဲ့ fonky( ); တို့ကို တစ်ဆင့်ပြန်ခေါ်ပေးမှာ၊( function တစ်ခုက နေ အခြား function တစ်ခုကို ခေါ်တယ်ဆိုတာ ဒါပဲ)
အခု တတိယ function ကိုခေါ်ကြည့်ကြမယ်၊ အဲ့ဒီ့အတွက် တတိယ function ရဲ့နာမည်ဖြစ်တဲ့ call( ); နဲ့ခေါ်မယ်အောက်မှာကုတ် အပြည့်အစုံကိုကြည့်ပါ၊
<html>
<head>
<script type="text/javascript">
function  goofy ( ) {
document.write(" Arr har i am first function. ");
}
function fonky( ) {
document.write(" Wow comming up next is me  The second! ");
}
function  call ( ) {
            goofy( );
            fonky( );
}
call( );
</script>
</head>
<body>
</body>
</html>
အထက်က ကုတ်ကို Run လိုက်ရင် Arr har i am first function. Wow comming up next is me The second! ဆိုတဲ့အဖြေကိုရမယ်၊  ခေါ်လိုက်တဲ့
function က call( ); သူလုပ်မယ့်အလုပ်က goofy( ); ဆိုတဲ့ function နဲ့ fonky( ); ဆိုတဲ့ function ကို ခေါ်ဖို့၊ သူကနေ goofy( ); နဲ့ fonky( );
တို့ကို ခေါ်လိုက်တော့ အရင်ဆုံး goofy( ); တက်လာတယ်၊ သူ့အလုပ်ဖြစ်တဲ့ Arr har i am first function. ကိုဖော်ပြတယ်၊ ပြီးတော့ fonky ( ) ;
တက်လာတယ်၊ သူ့အလုပ် Wow comming up next is me The second! ကိုဖော်ပြတယ်၊
အထက်က ဥပမာက တော့ function တစ်ခုကနေ အခြား function တွေကိုခေါ်တဲ့နည်းပါ၊
နောက်ထပ် function တွေကို အဆုံးအစ မရှိခေါ်တဲ့နည်းကို ခေါ်တဲ့နည်း ကို သင်ပေးထားတဲ့ သင်ခန်းစာလဲရှိပါတယ်၊ သူ့ကိုတော့ 72coder video lesson
မှာထည့်ပေးထားပါတယ်၊ အသုံးတော့ မ၀င်ဘူး၊ Hacker trick နဲ့ Cracket trick ပေါ့၊

JavaScript_8

သင်ရေးထားတဲ့ ကုတ်တွေကို အလုပ်လုပ်မလုပ် သို့မဟုတ် အဖြေက ဘာလဲ လို့ စမ်းချင်တယ် ဒီလိုအခါမျိုးမှာ return ကိုသုံးတယ်၊ သိပ်တော့
အသုံးမ၀င်လှဘူး၊ နို့ပေမယ့် JavaScript ထဲပါနေတော့ သင်ပေးရတာပေါ့၊  သူကလဲ အရှေ့သင်ခန်းစာမှာသင်ခဲ့တဲ့အတိုင်း ပါပဲ function နဲ့
တွဲသုံးတာပါ၊ အောက်က ဥပမာကိုကြည့်ပါ၊
<html>
<head>
<script type="text/javascript">
function bookie( x , y  ) {
 var  z = x + y ;
return z;
}
bookie (3 , 6 );
</script>
</head>
<body>
</body>
</html>
အထက်က ကုတ်မှာ function bookie ( x , y ) ဆိုပြီး parameter နှစ်ခု သတ်မှတ်ထားတယ်၊ ပြီးတော့ curly bracket ထဲမှာ variable
တစ်ခုထပ်ပြီးသပ်မှတ်တယ်၊ အဲ့ဒီ့ variable ရဲ့နာမည်က z ၊ သူ့ရဲ့တန်ဖိုးက x နဲ့ y ကိုပေါင်းရင်ရမယ့်တန်ဖိုး၊  ပြီးရင် return z; ဆိုပြီး အဖြေဖြစ်မယ့်
variable z ကို အဖြေထုတ်ခိုင်းထားတယ်၊ လွယ်လွယ်လေးပါ၊
အောက်မှာတော့ bookie ( 3 , 6 ); လို့ရေးထားတယ်၊ 3 က parameter x ရဲ့တန်ဖိုးဖြစ်သွားပြီး 6 က parameter y ရဲ့တန်ဖိုးပါ၊  အထက်က ကုတ်ကို
Run လိုက်ရင် အဖြေမထွက်ဘူး အကြောင်းက အဖြေမထုတ်သေးလို့ အောက်မှာအဖြေထုတ်ဖို့အတွက် function ကို ခေါ်မယ့် bookie ( 3 , 6 ); ကို
document.write ရဲ့ ဂွင်းစ ဂွင်းပိတ်ထဲကိုထည့်မယ်၊
<html>
<head>
<script type="text/javascript">
function bookie( x , y  ) {
 var  z = x + y ;
return z;
}
document.write(bookie (3 , 6 ) );
</script>
</head>
<body>
</body>
</html>
အထက်က ကုတ်ကို Run ကြည့်လိုက်ရင် အဖြေ 9 ကိုရမယ်၊ အဲ့ဒါကတော့ return လုပ်တဲ့အဖြေပါ၊ ဒီနည်းကိုလဲ return လုပ်တယ်လို့ခေါ်တယ်၊ 
အသုံးမများလို့ ထပ်မရှင်းတော့ဘူး၊ အထက် က ကုတ်ကိုလေ့လာကြည့်ရင် သဘောသေချာပေါက်သွားမှာပါ၊

JavaScript_7

ရှေ့ အခန်းမှာ Parameter လို့ခေါ်တဲ့ function bookie ရဲ့နောက်က ဂွင်းစ ဂွင်းပိတ်ထဲမှာ parameter တစ်ခုဖြစ်တဲ့ x ကိုထည့်ခဲ့တယ်၊ တကယ်တော့
parameter တစ်ခုသာလျှင် မက သင်ကြိုက်သလောက် parameter တွေထည့်လို့ရတယ်၊ အောက်မှာကြည့်ပါ၊
<zhtml>
<head>
<script type="text/javascript">
function bookie( x ,y  ) {
document.write ( x + y);
}
bookie ("hey" , "har" );
</script>
</head>
<body>
</body>
</html>
အထက်က ကုတ်ကို Run ကြည့်လိုက်ရင်ဖြင့် အဖြေကို hey har ဆိုတဲ့အဖြေကိုရမှာပါ၊ အထက်က function bookie ရဲ့နောက်မှာ parameter နှစ်ခုရှိတယ်၊
x နဲ့ y ၊ အောက်မှာတော့ bookie (“hey” , “har” ); ဆိုပြီး function ခေါ်မယ့် နာမည်ကိုထည့်ထားတယ်၊ အဲ့ဒီ့ hey နဲ့  har တို့က အထက်က function
bookie ( x , y ) တို့ဆီကို pass လုပ်ပေးမယ့် တန်ဖိုးတွေ ၊ hey က x အတွက်  ဖြစ်ပြီး har က y အတွက်ဖြစ်မယ်၊ ဒီတော့ အဖြေထုတ်ရင် x အတွက် hey
ဆိုတဲ့ အဖြေကို ပြီး y အတွက် har ဆိုတဲ့အဖြေကိုရမယ်၊ အောက်မှာ ဥပမာထပ်လေ့လာပါ၊
<html>
<head>
<script type="text/javascript">
function bookie( x ,y  ) {
document.write ( x + y + "<br/>");
}
bookie ("hey" , "har" );
bookie ("One" , "Two");
bookie ("You" , "Me");
</script>
</head>
<body>
</body>
</html>
အထက်က ဥပမာမှာ bookie ဆိုတဲ့ fucntion ကိုခေါ်တဲ့ နေရာမှာ သုံးကြိမ်ခေါ်ခိုင်းထားတယ်၊ တစ်ကြိမ်စီမှာ မတူတဲ့ တန်ဖိုးတွေကို အထက်က functon
bookie( ) ရှိဂွင်းစ ဂွင်းပိတ်ထဲက  x နဲ့ y တို့ဆီကို pass လုပ်ပေးမယ်၊ ပြီးတော့ အဖြေထုတ်မယ်၊ တစ်ကြိမ်အဖြေထုတ်ပြီးတိုင်း စာကြောင်းခြားဖို့အတွက်
စာကြောင်းခြားတဲ့ HTML tag ဖြစ်တဲ့ <br/> ကိုထည့်ထားပေးတယ်၊ ဒါပါပဲ၊
အထက်က ဥပမာ တွေမှာ parameter ကိုနှစ်ခုထဲ ထားခဲ့တယ်၊ တကယ်တော့ ဘယ်လောက်များများ ထားလို့ရတယ်၊ အသုံးပြု တဲ့အခါ လိုသလို ထည့်ပြီး
အသုံးပြုပါ၊ အောက်မှာတော့ အထက်က ဥပမာ ကိုပဲ variable တွေထဲကို string ထဲပြီး အဖြေထုတ်ပြထားတယ်၊
<html>
<head>
<script type="text/javascript">
function bookie( x ,y  ) {
document.write ( x +  " is first and the second one is " + y + "<br/>");
}
bookie ("hey" , "har" );
bookie ("One" , "Two");
bookie ("You" , "Me");
</script>
</head>
<body>
</body>
</html>
အထက်က ကုတ်ကို Run ပြီးလေ့လာကြည့်ပါ၊

JavaScript_6

ရှေ့အခန်းမှာ function ကို တည်ဆောက်ပုံနဲ့ခေါ်ယူ အသုံးပြုပုံကို သင်ပေးခဲ့ပါတယ်၊ ဒီအခန်းမှာတော့ ရှေ့အခန်းက ကုတ်ကိုပဲ
button လေးကိုတစ်ချက်နှိပ်ပြီး function ကိုခေါ်တဲ့ နည်းကို လေ့လာပါမယ်၊ HTML မှာ Form ကိုလေ့လာခဲ့ပြီးပါပီ၊ အခု Form ကိုအသုံးချပြီး button
တစ်ခုတည်ဆောက်မယ်၊ အဲ့ဒီ့ button ပေါ်မှာ ခလစ်နှိပ်ရင် function ရဲ့ အလုပ်ဖြစ်တဲ့ alert box ပေါ်လာအောင် function ကိုခေါ်မယ့် နာမည်ကို button
မှာထည့်မယ်၊ အောက်မှာ form ကိုထည့်ဆောက်မယ်၊ (HTML form သုံးမှာဖြစ်တဲ့အတွက် နားမည်သေးရင် html မတတ်သေးရင် HTML
သင်ခန်းစာကိုသွား)
<form>
            <input type= "button" value= "touch me" onclick ="fonky( );">
</form>
အထက်က လို HTML form ကိုတည်ဆောက်ပြီရင် နောက်ဆုံးမှာ JavaScript ရဲ့ onclcik method ကို သုံးမယ်၊ onclick ရဲ့တန်ဖိုးက fonky( ); ပါ၊ Fonky(
); က function ကိုခေါ်တယ်ဆိုတာတော့ သိပြီးပီနော်၊ ဒါဆိုရင် အရှေ့ခန်းမှာတည်ဆောက်ခဲ့တဲ့ကုတ်က အောက်ပါအတိုင်းပြောင်းသွားမယ်၊
<html>
<head>
<script type="text/javascript">
function fonky ( ){
alert ( " That look goofy, man! " );
}
</script>
</head>
<body>
<form>
            <input type= "button" value= "touch me" onclick ="fonky( );">
</form>
</body>
</html>
အထက်က ကုတ်ကို Run ကြည့်ရင်တော့ ခလုပ်လေးပေးလာမယ်၊ အဲ့ဒီ့ ခလုပ်လေးကို နှိပ်လိုက်ရင် function ကိုခေါ်တာဖြစ်လို့ That look goofy
ဆိုတဲ့စာလုံးပေါ်လာမယ်၊ 
HTML Form ထဲမှာ Onclick သုံးပြီး Onclick ရဲ့ တန်ဖိုးကို function ကိုခေါ်မယ့် fonky( ); လို့ ပေးထားတာကိုသတိပြုပါ၊
နောက်ထပ် တစ်ဆင့်အနေနဲ့ Parameter လို့ခေါ်တဲ့ ဂွင်းစ ဂွင်းပိတ်ထဲမှာထည့်ရမယ့် ကုတ်အကြောင်းကိုရှင်းပြမယ်၊ သူကတော့ ပုံမှန်အဖြေထုတ်မယ့်
Varaible တွေကို သတင်းအချက်အလက်ပြောင်းပြီးထုတ်လို့ရအောင်ကူညီပေးတယ်၊ ဥပမာ သင်က alert(“hello”) ဆိုတဲ့စာသားကို  function
ရဲ့အလုပ်အဖြေစ်ထည့်ထားတယ်၊  ဒါဆိုရင် function ကိုခေါ်လတဲ့ အခါ အဲ့ဒီ့ function ရဲ့ အလုပ်ဖြစ်တဲ့ hello
ကိုအဖြေမှာထုတ်ပေးမယ်၊ အောက်မှာကြည့်ပါ၊
<html>
<head>
<script type="text/javascript">
function bookie ( ) {
document.write ( "i am a function" ) ;
}
bookie ( );
</script>
</head>
<body>
</body>
</html>
အထက်က ဥပမာက တော့ သုံးပြီးသားပါ၊  ဒါပေမယ့် အထက်က ဥပမာမှာ I am a function နောက်မှာ နောက်ထပ် စာသားထပ်ထည့်ချင်တယ်၊
ထပ်ထည့်တဲ့အခါမှာလဲ ခေါ်တဲ့ function ပေါ်မူတည်ပြီးထည့်ချင်တယ်၊ ဒီလိုဆိုရင်တော့ ခေါ်တဲ့ Function ရဲ့နောက်က လေးထောင့်ကွက်ထဲမှာ
သင်ထပ်ဖြည့်လိုတဲ့ အချက်အလက်ကို ထည့်လိုက်ပါ၊ ဆိုကြပါစို့ created by 72coder ဆိုတဲ့စာသားကိုထပ်ဖြည့်ချင်တယ်၊ ဒါဆိုရင် အဲ့ဒီ့ စာသားကို
 ခေါ်မယ့် function ရဲ့နောက်က ဂွင်းစ ဂွင်းပိတ်ထဲထည့်မယ်၊ အောက်မှာကြည့်ပါ၊
bookie (“created by 72coder”); ထည့်ရတာ၊ အောက်က ဥပမာကိုကြည့်ပါ၊
<html>
<head>
<script type="text/javascript">
function bookie ( ) {
document.write ( "i am a function" ) ;
}
bookie (“created by 72coder”);
</script>
</head>
<body>
</body>
</html>
အထက်က လို ထပ်ဖြည့်ချင်တဲ့ function ခေါ်တဲ့ ကုတ်ထဲကိုထည့်ပြီးရင်ဖြင့် နောက်တစ်ဆင့်အနေနဲ့ အဲ့ဒီ့ စာသားကို အပေါ်က function bookie ( ) ရှိ
ဂွင်းစ ဂွင်းပိတ်ထဲကို လှမ်းပို့မယ်၊ (passing လုပ်တယ်လို့ခေါ်တယ်)၊ ဘယ်လို passing လုပ်မလဲ ဘယ်လိုမှ အထွေအထူးလုပ်စရာမလိုဘူး၊ function
bookie ( ) နောက်က ဂွင်းစ ဂွင်းပိတ်ထဲမှာ သင်သတ်မှတ်လိုတဲ့ အက္ခရာကိုထည့်လိုက်ရုံပဲ၊  အခု ဥပမာ အနေနဲ့ x လို့ထည့်လိုက်၊  ဒါဆိုရင် x
ရဲ့တန်ဖိုးက အောက်က function ကိုခေါ်ဖို့ အတွက်သုံးတဲ့ bookie နောက်က ဂွင်းစ ဂွင်းပိတ်ထဲမှာရှိတဲ့ တန်ဖိုး ဖြစ်သွားမယ်၊ Variable
အသစ်သတ်မှတ်သလိုပါပဲ၊ အပေါ်က x ရဲ့တန်ဖိုးက အောက်က bookie နောက်ရှိ ဂွင်းစ ဂွင်းပိတ်ထဲက တန်ဖိုးဖြစ်သွားတာပါ၊
<html>
<head>
<script type="text/javascript">
function bookie (x) {
document.write ( "i am a function" ) ;
}
bookie (“created by 72coder”);
</script>
</head>
<body>
</body>
</html>
အထက်က အတိုင်း  function bookie (x) ဆိုပြီး အောက်က function ထဲက တန်ဖိုးကို x က လက်လွဲယူပြီးနောက်မှာတော့ အဲ့ဒီ့ x ကိုသုံးပြီး
အဖြေထုတ်မယ်၊ အဖြေထုတ်နည်းကတော့ အရှေ့က သင်ခန်းစာတွေမှာ သင်ခဲ့တဲ့ အတိုင်း adding sign ကိုသုံးမယ်၊ အောက်မှာကြည့်ပါ၊
<html>
<head>
<script type="text/javascript">
function bookie ( x ) {
document.write ( "i am a function , " + x) ;
}
bookie ( "created by 72coder" );
</script>
</head>
<body>
</body>
</html>
အထက်က ဥပမာကိုသေချာလေ့လာပါ၊ bookie နောက်က ဂွင်းစ ဂွင်းပိတ်ထဲမှာရှိတဲ့ created by 72coder ဆိုတဲ့ စာသားကို အပေါ်က function bookie
ရဲ့နောက်က x  ကို လှမ်းပြီး လွဲပေးတာကိုတော့ passing လုပ်တာလို့ခေါ်ပါတယ်၊ နောက်ပိုင်းလက်တွေ့သုံးလာရင်
တကယ့်ကိုအသုံးဝင်တာကိုသလောပေါက်လာပါမယ်၊ အောက်မှာဥပမာ ကြည့်ပါ၊
<html>
<head>
<script type="text/javascript">
function bookie ( x ) {
alert("i am function , " + x ) ;
}
bookie ( "created by 72coder" );
bookie ( "and who are you" );
bookie ( "i work very much properly" );
bookie ( "you will be happy if  you know me well" );
</script>
</head>
<body>
</body>
</html>
အထက်က ကုတ်မှာ function ကိုခေါ်တဲ့ bookie ရဲ့နောက်မှာ တန်ဖိုး အမျိုးမျိုး ထားတယ်၊ အဲ့ဒီ့ တန်ဖိုးတွေကို အထက်က function bookie ရဲ့နောက်က
ဂွင်းစ ဂွင်းပိတ်ထဲကိုပို့ပေးတယ်၊ (passing လုပ်တယ်) အဲ့ဒီ့အဖြေကို alert( ) နောက်ရှိ ဂွင်းစ ဂွင်းပိတ်ထဲမှာ ရှိတဲ့ တန်ဖိုးနဲ့ တွဲပြီး အဖြေထုတ်ပေးတယ်၊
အထက်မှာတော့ တန်ဖိုး လေးခုကိုလွဲပေးတာဖြစ်တဲ့အတွက် အဖြေလေးခုကိုထုတ်ပေးပါတယ်၊

JavaScript_5

Function ကို အသေးစား Program လေး အဖြစ် အသုံး ပြုပါတယ်၊ JavaScript မှာ အသေးစာ Program လေးတည်ဆောက်ပြီး
လိုအပ်တဲ့အခါတိုင်း ခေါ်သုံးနိုင်ပါတယ်၊ Youtube မှာ JavaScript ရဲ့ Function ကို သုံးထားတာကို လက်တွေ့တွေ့နိုင်ပါတယ်၊ Youtube Video တစ်ခုကို
Play လုပ်ချင်ရင် Play ဆိုတဲ့ ခလုပ်ကို ခလစ်တစ်ချက်နှိပ်လိုက်ပါ၊ ဒါဆိုရင်တော့ Video စပြီး ပြလိမ့်မယ်၊ ဒီလို Play ဆိုတဲ့ ခလုပ်ကို နှိပ်ရင်
အလုပ်လုပ်အောင် တည်ဆောက်ထားတာက JavaScript Function ပါပဲ၊ Function တွေအမျိုးမျိုးသုံးပြီး Play, Pause, Auto play စသဖြင့် လိုအပ်တဲ့
Program အသေးစားလေးတွေကိုတည်ဆောက်နိုင်ပါတယ်၊ ဒီအခန်းမှာတော့ JavaScript ရဲ့ Function ကို တည်ဆောက်ပုံကို အခြေခံ သင်ပြပေးသွားမယ်၊
Function တစ်ခုကို စတင်တည်ဆောက်ဖို့အတွက် အရင်ဆုံး Function  ကိုစတင်ရေးရပါတယ်၊ ပြီးရင် သင်တည်ဆောက်မယ့် function ကို
သင်ကြိုက်တဲ့နာမည်ပေးရပါတယ်၊ အောက်မှ နာမည် kalay လို့ အမည်ပေးထားတဲ့ fucntion ကိုစရေးပြပါမယ်။
Function kalay
လွယ်ပါတယ်ခင်ဗျာ၊ သတ်မှတ်လိုတဲ့ နာမည်ဖြစ်တဲ့ kalay ဆိုတဲ့ နည်မည်ရဲ့ ရှေ့မှာ function ဆိုတဲ့ စာသားကိုထည့်လိုက် ဒါဆိုရင် အဲ့ဒီ့ သတ်မှတ်ထားတဲ့
kalay ဆိုတဲ့ နာမည်ကိ Function ဖြစ်သွားပီ၊ နောက်တစ်ဆင့်အနေနဲ့တော့ JavaScript ကုတ်တွေကိုထည့်မယ့်နေရာကို သင်ပြမယ်၊ အောက်မှာကြည့်ပါ၊
Function kalay ( )
{
}
အထက်က ကုတ်မှာ function kalay ရဲ့နောက်က ဂွင်းစ ဂွင်းပိတ်ထဲမှာ parameter ကိုထည့်ရမယ် ဒီအခန်းမှာတော့ ဘာမှမရှင်းသေးဘူး နောက်အခန်းမှ
အဲ့ဒီ့အစိတ်အပိုင်းကို ရှင်းပြပေးမယ်၊ အခုတော့ Curly bracket ဖြစ်တဲ့ တွန့်ကွင်း ထဲမှာ သင်ရေးလိုတဲ့ အလုပ်လုပ်လိုတဲ့ JavaScript ကုတ်ကိုရေးရမယ်၊
အဲ့ဒီ့ကုတ်က နောက်ပိုင်း function ကိုအခေါ်ခံရတိုင်းလုပ်မယ့်အလုပ်၊ အခုဥပမာ တစ်ခု ရေးကြည့်မယ်၊
<html>
<head>
<script type="text/javascript">
function bookie ( ) {
document.write ( "i am a function" ) ;
}
</script>
</head>
<body>

</body>
</html>
အထက်က ကုတ်ကို Run ကြည့်လိုက်ပါ၊ အဖြေက ဘာမှမထွက်လာဘူးဖြစ်နေမယ်၊ တကယ်တော့ အထက်က ကုတ်မှာ bookie ဆိုတဲ့ function
ကိုတည်ဆောက်ထားတယ်၊ သူ့ရဲ့အလုပ်ကို လဲ I am function လို့ရေးဖို့ အမိန့်ပေးထားတယ်၊ ဒါဆိုဘာလို့အလုပ်မဖြစ်တာလဲ၊ အကြောင်းကတော့
function ကိုမခေါ်သေးလို့ပါ၊ သူက ခေါ်မှ အလုပ်လုပ်တာလေ၊ အခု function ကိုခေါ်ကြမယ်၊ function ကိုခေါ်ဖို့အတွက် function ရဲ့နာမည်ကို
နောက်က ဂွင်းစ ဂွင်းပိတ်ထည့် ပြီးရင်simicolon ထည့်ပြီးရေးလိုက်ရုံပဲ၊ အောက်မှာကြည့်ပါ၊
<html>
<head>
<script type="text/javascript">
function bookie ( ) {
document.write ( "i am a function" ) ;
}
bookie ( );
</script>
</head>
<body>

</body>
</html>
အထက်က ကုတ်မှာတော့ function ကိုခေါ်လိုက်ပါပီ၊ ဒီ့အတွက် function က သူ့ကိုခေါ်ခံရရင် လုပ်ရမယ့်အလုပ်ဖြစ်တဲ့ I am function ဆိုတဲ့စာသားကို
browser ရဲ့ မျက်နှာပြင်ကိုထုတ်ပေးပါပီ၊ function ကိုခေါ်ဖို့ ကျွန်တော်တို့ လုပ်လိုက်တဲ့အလုပ်က function ရဲ့နာမည်ကို ရေးချလိုက်တာပါပဲ၊ ကျန်တ်ာတော့
အထွေအထူးမဟုတ်ပါဘူး၊
တစ်ချို့ ၀က်ဆိုကတော့မှာ အလုပ်လုပ်နေတုန်း POP-UP box လေးတွေပေါ်လာတာကိုတွေ့ဖူးမှာပါ၊ အဲ့ဒီ့ POP-UP box လေးတွေကိုလဲ JavaScript နဲ့
လုပ်ထားတာပါ၊ သူတို့ သုံးမျိုးရှိတယ်၊
Alert box
Comfirm box
Prompt box
JavaScript ရဲ့ alert box ကိုရေးတာကတေ့ လွယ်ပါတယ်၊ alert (  ); လို့ရေးပြီး ဂွင်းစ ဂွင်းပိတ်ထဲမှာ ရေးချင်တဲ့ massage
ကိုရေးလိုက်ရုံပဲ၊ အောက်မှာကြည့်ပါ၊
<html>
<head>
<script type="text/javascript">
alert ( "hey how are you" );
</script>
</head>
<body>

</body>
</html>
အထက်က ကုတ်ကိုရေးပြီးရင် Run ကြည့်လိုက်ပါ၊ ဒါဆိုရင်ဖြင့် hey how are you ဆိုတဲ့ Alert box လေးကျလာမယ်၊ ဒါကတော့ alert box ရေးနည်းပါ၊
alert( ); လို့ရေးပြီး ဂွင်းစ ဂွင်း ပိတ်ထဲမှာထည့်ချင်တဲ့ စာသား massage ကိုထည့်ရေးလိုက်ပါ၊ ဒါဆိုရင်ဖြင့် သင်ရေးလိုက်တဲ့စာသားပါတဲ့ Alert
box လေးကျလာမှာပါ၊
အခု alert box ရေးနည်းကို သိသွားရင်တော့ အထက်မှာသုံးခဲ့တဲ့ function ကို သုံးပြီး alert box ကိုခေါ်ကြည့်ပါမယ်၊ အောက်က ကုတ်ကို Run ကြည့်ပါ၊
<html>
<head>
<script type="text/javascript">
function fonky ( ){
alert ( " That look goofy, man! " );
}
</script>
</head>
<body>
</body>
</html>
အထက်က ကုတ်ကို Run ကြည့်လိုက်ပါ၊ ဘာမှအဖြေရမှာမဟုတ်သေးဘူး၊ ရေးထားတဲ့ function ရဲ့နာမည်က fonky ပါ၊ သူ့ရဲ့ အလုပ်ကတော့ alert box
သုံးပြီး That look goofy, man! ဆိုတဲ့စာသားကို အဖြေထုတ်ပေးမှာပါ၊ ဒါပေမယ့် အထက်က ကုတ် ကို Run ကြည့်လိုက်ရင်
အဖြေရအုံးမှာမဟုတ်သေးပါဘူး၊ အကြောင်းကတော့ function ကို မခေါ်ရသေးလို့ပါ၊ အောက် မှာ function ကိုခေါ်ထားတဲ့ကုတ်ကိုပါ Run ကြည့်လိုက်ပါ၊
<html>
<head>
<script type="text/javascript">
function fonky ( ){
alert ( " That look goofy, man! " );
}
fonky( );
</script>
</head>
<body>

</body>
</html>
အထက်က ကုတ်ကို Run ကြည့်လိုက်ရင်တော့ အဖြေကို That look goofy , man! ဆိုတဲ့စာသားကိုထုတ်ပေးမှာပါ၊ အထက်က alert box ထဲရေးထားတဲ့
စာသားက function ဖြစ်တဲ့ fonky ရဲ့အလုပ်ပါ၊ အောက်မှာ fonky( );  လို့ရေးပြီး function ကိုခေါ်ထားတယ်၊ ဒီတော့ အခေါ်ခံရတဲ့ function က
အလုပ်စလုပ်တယ်၊ သူ့အလုပ်ဖြစ်တဲ့ Alert box ကိုထုတ်ပေးလိုက်တယ်၊
နောက်အခန်းမှဆက်ရန်၊

JavaScript_4

Variable တွေကို Text String တွေနဲ့တွဲပြီး အဖြေထုတ်ကြည့်မယ်၊ အောက်က ဥပမာကိုကြည့်ပါ၊
<html>
<head>
</head>
<body>
<script type = “text/javascript”>
Var name = “waiferkolar”;
Var age = 26;
Document.write(name + “is my name and my age is” + age );
</script>
</body>
</html>
အထက်ဟက ကုတ်ကို Run ကြည့်လိုက်ရင်ဖြင့် waiferkolar is my name and my age is 26 ဆိုတဲ့ အဖြေကိုရမယ်၊ ဒီမှာသေချာရင်းပြမယ်၊
Varible နှစ်ခုရှိတယ်၊ name နဲ့ age တို့ပါ၊ name ရဲ့ သိုလှောင်ထားတဲ့တန်ဖိုးက waiferkolar ပါ၊ age ရဲ့သိုလှောင်ထားတဲ့တန်ဖိုးက 26 ပါ၊ သူတို့ကို
အဖြေထုတ်မယ်၊ အဖြေထုတ်တဲ့အခါ String data ဖြစ်တဲ့ is my name and mya age is ဆိုတဲ့စာသားကို ပါထည့်မယ်၊ အခု
အထမအဆင့် အနေနဲ့ အဖြေထုတ်ဖို့ name ဆိုတဲ့ Variable ကိုရေးချမယ်၊
Document.write( name) ;
အထက်က အဖြေထုတ်မူက မှာ တော့ Variable ဖြစ်တဲ့ name ကို အဖြေထုတ်ထားတဲ့အတွက် သင့်ရဲ့ကွန်ပြူတာ browser မှာ waiferkolar
ဆိုတဲ့စာသားကို ပဲ အဖြေထုတ်ပေးဦးမှာပါ၊
ဒုတိယ အဆင့်အနေနဲပ အဖြေမှာ string data ဖြစ်တဲ့ is my name and my age is ဆိုတဲ့ string ကိုထည့်မယ်၊ ဒီလိုထည့်မယ့် String data ကို “ ” 
အဖွင့်အပိတ် ကော်မာ ရဲ့ ကြားမှာထည့်မယ်၊ (အဖွင့်အပိတ် ကော်မာကို String data ရဲ့ ရှေ့နောက်မှာပဲ ထည့်ရပီး၊ ရှေ့က name ဆိုတဲ့ Varible ကိုတော့
မပါဝင်ပါဘူး၊)၊ ရှေ့က name ဆိုတဲ့ Variable နဲ့ အတူ အဖြေထုတ်မှာဖြစ်တဲ့အတွက် အတူ အဖြေထုတ်ရအောင် Adding sign ( မထည့်ရင်
အလုပ်မဖြစ်ဘူး) ဖြစ်တဲ့ အပေါင်း သင်္ကေသကိုသုံးမယ်၊ အောက်မှာကြည့်ပါ၊
Document.write( name + “ is my name and my age is” );
အထက်မှာတော့ အဖြေကို variable ဖြစ်တဲ့ name နဲ့ String Data ဖြစ်တဲ့ “is my name and my age is” တို့ကိုပေါင်းပြီး အဖြေထုတ်ဖို့ရေးလိုက်ပါပီ၊
ဒီမှာ တကယ့်ကို အရေးကြီးတာက အဖွင့် အပိတ် နှစ်ထပ်ကော်မာကို String Data ဖြစ်တဲ့ is my name and my age is ဆိုတဲ့ စာကြောင်း အစနဲ့
အဆုံးမှာပဲ ၀ိုင်းမှာနော်၊ name မပါဘူ၊ ပါရင် မှားပီ၊
တတိယ အဆင့် အနေနဲပ နောက်ထပ် varible ဖြစ်တဲ့ age ကို ပါ အဖြေမှာထပ်ထည့်မယ်၊ ဒီ့အတွက်တော့ ထပ်ထည့်မယ့် variable ကို Text string
ရဲ့နောက်မှာ + အပေါင်း လက္ခဏာ ထည့်ပြီးထည့်လိုက်ပါ၊ အောက်မှာကြည့်၊
Document.write( name + “ is my name and my age is” + age);
အထက်မှာတော့ အဖြေထုတ်ဖို့အတွက် အားလုံးကို ပြင်ဆင်ပြီးသွားပီ၊ ပထမ variable ဖြစ်တဲ့ name ပြီးတော့ အဖြေမှာ ပါဝင်မယ့် text string နဲ့
နောက်ဆုံး variable ဖြစ်တဲ့ age တို့ အားလုံး အဆင်သင့်ဖြစ်ပီဆိုတော့ အဖြေထုတ်လို့ရပီ၊
ဒါကတော့ Text string တွေနဲ့ ပေါင်း ပြီး Variable တွေကို အဖြေထုတ်တဲ့နည်းပါ၊ အထက်မှာ က ဥပမာ တစ်ခုသာလျှင်ဖြစ်တဲ့အတွက် နောက်ပိုင်း
သင့်စိတ်ကြိုက် Text String တွေကို ကြိုက်တဲ့နေရာမှာထည့်ပြီးသုံးနိုင်ပါတယ်၊ အောက်မှာ ပြောင်းထည့်ပြမယ်၊ ဥပမာ
<html>
<head>
</head>
<body>
<script type="text/javascript">
var name ="waiferkolar";
var age = 26;
document.write( "my name is" + name + " , and my age is ," + age);
</script>
</body>
</html>
အထက်က ဥပမာကို ကြည့်ပြီး သင့်စိတ်ကြိုက်နေရာမှာ string တွေနဲ့ Variable တွေကို နေရာချပြီး လိုသလိုသုံးနိုင်တယ်ဆိုတာ
သဘောပေါက်ပါ၊ နှစ်ထပ်ကော်မာကို တော့ String မှာပဲရှိပါစေ၊ အောက်မှာ တော့ Variable သုံးခုကို ပေါင်းပြီး အဖြေထုတ်ထားတဲ့ပုံပါ၊ additional Sign
ကိုပဲသုံးထားတယ်၊ လေ့လာပါ၊
<html>
<head>
</head>
<body>
<script type="text/javascript">
var name =" hey my name is waiferkolar";
var job = " I am a PHP programmer";
var extra = " and i do all kind of programming.";
document.write( name + job + extra);
</script>
</body>
</html>

JavaScript_3

JavaScript_3

JavaScript မှ သုံးတဲ့ Variable က ဂဏန်းတန်ဖိုးတွေကိုသာလျှင် ကိုင်ဆောင် သိုလှောင်နိုင်တာမဟုတ်ပဲ String လို့ခေါ်တဲ့ စာသား တွေကိုလဲ
သိုလှောင်နိုင်ပါတယ်၊ String ကို တော့ စာသား တွေကို ရည်ညွန်းပါတယ်၊ (JavaScript ထွင်တဲ့လူက အဲ့ဒီ့လိုညွန်းလို့ အဲ့ဒီ့လိုပဲ
အဓိပ္ပါယ်သတ်မှတ်လိုက်တာ)၊ အခု variable တစ်ခုမှာ decimal value လို့ခေါ်တဲ့ ဒသမ ပါတဲ့ စာသားတွေကို သိုလှောင်ကြည့်မယ်၊
<html>
<head>
</head>
<body>
<script type= “text/javascript”>
Var number = 3.72727272;
</script>
</body>
</html>
အထက်က ကုတ်ကို ရေးပြီး HTML ဖိုင်အဖြစ်သိမ်း Run လိုက်ပါ၊ ဒါဆိုရင်တော့ အဖြေမှာ 3.27272727 ကိုထုတ်ပေးမှာပါ၊ ဒါကိုကြည့်ခြင်းဖြင့်
JavaScript က ဒသမ ဂဏန်း decimal value တွေနဲ့ တွဲပြီးအလုပ်လုပ်နိုင်တယ်ဆိုတာကို သဘောပေါက်မှာပါ၊ ဒီလိုပဲ အနုတ်လက္ခဏာနဲ့ စတဲ့
တန်ဖိုးတွေကိုလဲ JavaScript ကကိုင်းတွယ်အလုပ်လုပ်နိုင်သေးပါတယ်၊  အထကက ဥပမာရဲ့ 3.27272727 ရဲ့ရှေ့မှာ (-) အနုတ်သင်္ကေသကို
ထည့်လိုက်ပါ၊ ပြီးရင် Run ကြည့်လိုက် အဖြေက -3.72727272; ဆိုပြီးရမယ်၊
နောက်တစ်ခုကတော့ String ပါ၊ သူက စာသားတွေကိုဆိုလိုပါတယ်၊ အောက်မှာကြည့်ပါ၊
<html>
<head>
</head>
<body>
<script type= “text/javascript”>
Var number = “hey what’s up dee”;
</script>
</body>
</html>
အထက်က ဥပမာကို Run ကြည့်ရင် hey what’s up dee ဆိုတဲ့စာသား string ကို အဖြေအဖြစ်ထုတ်ပေးတာကို တွေ့ရမှာပါ၊ ဒီမှာတစ်ခုပြောစရာရှိတာက
စာသား String တွေကို Variable မှာသိုလှောင်ရင် အဲ့ဒီ့စာသားတွေကို နှစ်ထပ်ကော်မာ အဖွင့်အပိတ် “ ” ထဲမှာရေးရပါတယ်၊ ဒါပေသည် Variable ထဲ မှာ
အုပ်စုမတူတဲ့ String နှစ်ခုကို ဖြစ်စေ နှစ်ခုထပ် ပိုတဲ့ String ကိုဖြစ်စေ သိုလှောင်ချင်ရင်တော့ escaping လုပ်ရပါတယ်၊ အောက်က ကုတ်ကို Run ကြည့်ပါ၊
<html>
<head>
</head>
<body>
<script type= “text/javascript”>
Var number = “hey what’s up dee, “Getdia Myte, Has’s gone” ”;
</script>
</body>
</html>
အထက်က ကုတ်ကို Run ကြည့်လိုက်ရင်တော့ အဖြေအဖြစ် ဘာမှမရပါဘူး၊ အကြောင်းက JavaScript က String ကိုနားမလည်တော့လို့ပါ၊
String နှစ်ခုရှိတယ်၊ “hey what’s up dee, နဲ့ “Getdia Myte, Has’s gone”” ဆိုတဲ့ String နှစ်ခုပါ၊ အဲ့ဒီံ String နှစ်ခုမှာ ပထမ တစ်ခုရဲ့
နှစ်ထပ်ကောမမာ အစက နောက်ဆုံး String ဖြစ်တဲ့ Getdia Myte, Has’s gone ရဲ့ နောက်ဆုံးမှာ သွားရောက်နေတာကိုတွေ့မှာပါ၊ ဒါက အရေးကြီးတယ်၊
ခလယ်က နှစ်ထပ်ကော်မာ အဖွင်အပိတ် ဖြစ်တဲ့ “Getdia Myte, Has’s gone” ဆိုတဲ့ ကော်မှာ အဖွင့် အပိတ်က JavaScript ကို နား
မလည်အောင်ပိတ်နေတယ်၊ ဒီပြသနာကို ဖြေရှင်းဖို့အတွက် ခလယ်က ကော်မာ အဖွင့် အပိတ် နှစ်ခု ရဲ့ ရှေ့မှာ escaping လုပ်တဲ့ သင်္ကေသဖြစ်တဲ့
Backward slash ( \ )  ကိုထည့်ပေးရပါမယ်၊ အောက်မှာကြည့်ပါ၊
<html>
<head>
</head>
<body>
<script type= “text/javascript”>
Var number = “hey what’s up dee, \“Getdia Myte, Has’s gone\” ”;
</script>
</body>
</html>
အထက်က ကုတ်ကို Run ကြည့်လိုက်ရင်တော့ အဖြေကို အမှားအရွင်း မရှိ String နှစ်ခုလုံးကို ထုတ်ပေးမှာပါ၊ ဒါကတော့ ကော်မာတွေများလို့
မဖတ်တော့တဲ့ JavaScript ကို escaping (\) သုံးပြီး ဖတ်အောင်လုပ်တဲ့နည်းပါ၊  ကြုံတုန်း Empty Variable နဲ့ မိတ်ဆက်ပေးပါမယ်၊ Empaty Variable
ဆိုတာက ဘာမှမရှိတဲ့ Variable ပါ၊ 0 သုံးညနဲ့တော့မတူဘူး၊ သုံညက ရှိသေတယ်၊ လုံးဝကို မရှိတော့တာက Empay Varible ပါ၊ သူ့ကိုတော့ null
လို့သတ်မှတ်တယ်၊ အောက်က ဥပမာကိုကြည့်ပါ၊
<html>
<head>
</head>
<body>
<script type= “text/javascript”>
Var number = null;
</script>
</body>
</html>
အထက်ကတော့ Empty Variable ကိုတည်ဆောက်တဲ့ ဥပမာပါ၊ နောက်ပိုင်း အခန်းတွေမှာ အသေးစိတ်ရှင်းပြပါဦးမယ်၊

JavaScript_2

JavaScript_2

Variable တွေကို ရှင်းပြမယ်ဆိုရင် အလွယ်ဆုံးရှင်းပြတဲ့ပုံစံကတော့ Algebra ကို သင်သုံးက အတိုင်းပါပဲ၊ x = 5 ဆိုရင် x ရဲ့တန်ဖိုးက 5 ဆိုတာကို
သိကြပါတယ်၊ ဒီလိုပါပဲ၊ javaScript ရဲ့ Variable တွေကလဲ Algebra အတိုင်းပါပဲ၊ တန်ဖိုးတွေကို သိုလှောင်ပါတယ်၊ ဥပမာ သင်က trigger ဆိုတဲ့
နာမည်နဲ့ Variable တစ်ခုကို တည်ဆောက်မယ်၊ အဲ့ဒီ့ Trigger ဆိုတဲ့ Variable ရဲ့တန်ဖိုးကို 50 လို့သတ်မှတ်မယ်၊ ဒီလိုလုပ်ဖို့အတွက် JavaScript မှာ
အရင်ဆုံး Variable ကို သတ်မှတ်ရတယ်၊ သတ်မှတ်ပုံက
Var trigger
အထက် က trigger က Variable ဖြစ်သွားပါပီ၊ သူ့ရှေ့မှာ var ဆိုတဲ့ စာလုံးကိုထည့်လိုက်တာ Variable ဖြစ်ကြောင်း သတ်မှတ်လိုက်တာပါပဲ၊ ဒီလိုပဲ
အခြား မည်သည့် နာမည်ကိုမဆို Varaiable အဖြစ် သတ်မှတ်နိုင်ပါတယ်၊ ဥပမာ သင်က bulayle ဆိုတဲ့ နာမည်နဲ့ Variable တစ်ခု
သတ်မှတ်ချင်တယ်ဆိုရင်ဖြင့် အောက်ပါအတိုင်း bulayle ရဲ့ရှေ့မှာ var ဆိုတဲ့စာလုံးကို ထည့်ရေးလိုက်ရုံပါပဲ၊
Var bulayle
အထက်က စာသားမှာ bulayle က variable တစ်ခုဖြစ်သွားပီ၊
Variable ကိုတည်ဆောက်တတ်သွားပြီဆိုရင် အဲ့ဒီ့ variable မှာ တန်ဖိုးတွေ သတ်မှတ်ရမယ်၊ ဒီလိုတန်ဖိုး သတ်မှတ်ပြီး နောက်ပိုင်း
လိုအပ်သလိုခေါ်သုံးနိုင်တယ်၊ တန်ဖိုး သတ်မှတ်ဖို့အတွက်  Variable ရဲ့နောက်မှာ = ညီမျှခြင်း ထည့်ပြီး ကြိုက်တဲ့တန်ဖိုးကို သတ်မှတ်နိုင်တယ်၊ ဂဏန်း
တန်ဖိုးဖြစ်စေ၊ စာသားတန်ဖိုးဖြစ်စေ သတ်မှတ်နိုင်တယ်၊ အောက်မှာ variable ဖြစ်တဲ့ bulayle ကို တန်ဖိုး 50 လို့သတ်မှတ်ပြမယ်၊
Var bulayle = 50;
ဒါပါပဲ။ လွယ်လွယ်လေးပါ၊ varaible ရဲ့နောက်မှာ ညီမျှခြင်းထည့်ပြီး ကြိုက်တဲ့တန်ဖိုးကိုသတ်မှတ်တာပါ၊ စာသားတန်ဖိုး သတ်မှတ်ချင်ရင်လဲ
Var bulayle = “waiferkolar”;
အထက်က ကုတ်မှာ Variable ဖြစ်တဲ့ bulayle ရဲ့တန်ဖိုးက waiferkolar ပါ၊ ဒါကတော့ variable ရဲ့တန်ဖိုးကိုသတ်မှတ်ပုံပါ၊ သင့်စိတ်ကြိုက်စာသားကို တန်ဖိုး
အဖြစ်သတ်မှတ်ပြီး လိုသလို ခေါ်သုံးနိုင်တယ်၊ ဥပမာ အနေနဲ့ HTML Frame ထဲမှာ JavaScript variable ကိုထည့်ပြီးစမ်းသပ်ကြည့်ပါမယ်၊
<html>
<head>
</head>
<body>
<script type= “text/javascript”>
Var bulayle = “waiferkolar”;
Document.write(bulayle);
</scirpt>
</body>
</html>
အထက်က ကုတ်ကို Run ကြည့်လိုက်ရင်တော့ waiferkolar ဆိုတဲ့စာသားကို အဖြေအဖြစ်ထုတ်ပေးမှာပါ၊ document.write ရဲ့ နောက်ရှိ ဂွင်းစ
ဂွင်းပိတ်ထဲမှာ varaible ရဲ့နာမည်ကို ထည့်ပြီး အဖြေထုတ်လိုက်တော့ တကယ့် browser မှာပေါ်လာတာက variable ဖြစ်တဲ့ bulayle ရဲ့တန်ဖိုး
waiferkolar ပေါ်လာပါတယ်၊ အောက်က ဥပမာ ကိုထပ်ကြည့်ပါ၊
<html>
<head>
</head>
<body>
<script type= “text/javascript”>
Var x = “50”;
Document.write(x);
</scirpt>
</body>
</html>
အထက်က ကုတ်ကို Run ကြည့်လိုက်ရင်တော့ 50  ကို အဖြေအဖြစ်ထုတ်ပေးမှာပါ၊ document.write ရဲ့ နောက်ရှိ ဂွင်းစ ဂွင်းပိတ်ထဲမှာ varaible
ရဲ့နာမည်ကို ထည့်ပြီး အဖြေထုတ်လိုက်တော့ တကယ့် browser မှာပေါ်လာတာက variable ဖြစ်တဲ့ x ရဲ့တန်ဖိုး 50 ပေါ်လာပါတယ်၊
ဒီမှာ တစ်ခုပြောစရာရှိတာကတော့ ဘာလို့ အထွေအထူး Varible တွေသတ်မှတ်နေလဲ docment.write(50); ဆိုလဲ 50 ဆိုတဲ့အဖြေကိုရတာပဲလို့ပြော
မယ်၊ တကယ် program ဆွဲတဲ့ အခါမှာ  အဲ့ဒီ့ Variable ကို အကြိမ်ကြိမ် ထည့်သုံးရမှာပါ၊ ဒီ့အတွက် ရေးရလွယ်အောင် Varible သတ်မှတ်ရခြင်းဖြစ်သလို၊
တစ်ချို့ varible ရဲ့တန်ဖိုးတွေကို အရှည်ကြီးတွေဖြစ်နေတတ်တယ်၊ ဒီလိုအခါမျိုးမှာ တန်ဖိုးတွေကို တိုက်ရိုက်ရေးချရင် အချိန်ကြာနိုင်တဲ့အတွက်
တန်ဖိုးတွေကို တိုက်ရိုက်မရေးတော့ပဲ သူတို့ရဲ့ ကိုစား Varible တွေကို အစားသုံးလိုက်တာပါ၊
Variable ရဲ့နာမည်ကို ကြိုက်တဲ့နာမည်ပေးလို့ရတယ်ဆိုပေမယ့် စာလုံးအကြီးအသေးကိုတော့ သတိထားပါ၊ JavaScript က Case Sensitive လို့ခေါ်တဲ့
ထိလွယ်ရှလွယ် တဲ့ အာရုံရှိပါတယ်၊ ဥပမာ waiferkolar နဲ့ Waiferkolar တို့က JavaScript ရဲ့အမြင်မှာ မတူကြဘူး၊ စာလုံးအကြီးအသေး
မှားပြီးသုံးလို့မရဘူး၊ မှားသုံးရင် ဘယ်တော့မှ အလုပ်မဖြစ်တော့ဘူး၊ ဒီတော့ စာလုံးအကြီးအသေးကိုသတိထားပါ၊
Variable တွေကိုသတ်မှတ်တဲ့အခါကြရင် နာမည်တွေကို အက္ခရာ။ ဂဏန်း နဲ့ ( _ )  underscore တို့ကိုသုံးနိုင်ပါတယ်၊ ကျန်တဲ့ သင်္ကေသတွေကိုသုံးရင်
အလုပ်ဖြစ်မှာမဟုတ်ပါဘူး၊ ဒါကြောင့် Alpahbet အက္ခရာ Number ဂဏန်း နဲ့ ( _ ) underscore တို့ကိုတာ သုံးပါ၊
Variable ရဲ့ နာမညမှာ သင်္ချာ ဂဏန်း သုံးလို့ရပေမယ်၊ သင်္ချာ ဂဏန်းနဲ့တော့ Variable ရဲ့ နာမည်ကို စလို့မရဘူး၊ ဥပမာ 5bulayle လို့ရေးလို့မရဘူး၊

LinkWithin

Related Posts Plugin for WordPress, Blogger...

တွက်ချက်ပါ






powered by calculator.net

ငွေအတွက်မပူပါနဲ့

ချက်ကြမယ်လေ


Try Relay: the free SMS and picture text app for iPhone.