JavaScript_2

JavaScript_2

Variable တွေကို ရှင်းပြမယ်ဆိုရင် အလွယ်ဆုံးရှင်းပြတဲ့ပုံစံကတော့ Algebra ကို သင်သုံးက အတိုင်းပါပဲ၊ x = 5 ဆိုရင် x ရဲ့တန်ဖိုးက 5 ဆိုတာကို
သိကြပါတယ်၊ ဒီလိုပါပဲ၊ javaScript ရဲ့ Variable တွေကလဲ Algebra အတိုင်းပါပဲ၊ တန်ဖိုးတွေကို သိုလှောင်ပါတယ်၊ ဥပမာ သင်က trigger ဆိုတဲ့
နာမည်နဲ့ Variable တစ်ခုကို တည်ဆောက်မယ်၊ အဲ့ဒီ့ Trigger ဆိုတဲ့ Variable ရဲ့တန်ဖိုးကို 50 လို့သတ်မှတ်မယ်၊ ဒီလိုလုပ်ဖို့အတွက် JavaScript မှာ
အရင်ဆုံး Variable ကို သတ်မှတ်ရတယ်၊ သတ်မှတ်ပုံက
Var trigger
အထက် က trigger က Variable ဖြစ်သွားပါပီ၊ သူ့ရှေ့မှာ var ဆိုတဲ့ စာလုံးကိုထည့်လိုက်တာ Variable ဖြစ်ကြောင်း သတ်မှတ်လိုက်တာပါပဲ၊ ဒီလိုပဲ
အခြား မည်သည့် နာမည်ကိုမဆို Varaiable အဖြစ် သတ်မှတ်နိုင်ပါတယ်၊ ဥပမာ သင်က bulayle ဆိုတဲ့ နာမည်နဲ့ Variable တစ်ခု
သတ်မှတ်ချင်တယ်ဆိုရင်ဖြင့် အောက်ပါအတိုင်း bulayle ရဲ့ရှေ့မှာ var ဆိုတဲ့စာလုံးကို ထည့်ရေးလိုက်ရုံပါပဲ၊
Var bulayle
အထက်က စာသားမှာ bulayle က variable တစ်ခုဖြစ်သွားပီ၊
Variable ကိုတည်ဆောက်တတ်သွားပြီဆိုရင် အဲ့ဒီ့ variable မှာ တန်ဖိုးတွေ သတ်မှတ်ရမယ်၊ ဒီလိုတန်ဖိုး သတ်မှတ်ပြီး နောက်ပိုင်း
လိုအပ်သလိုခေါ်သုံးနိုင်တယ်၊ တန်ဖိုး သတ်မှတ်ဖို့အတွက်  Variable ရဲ့နောက်မှာ = ညီမျှခြင်း ထည့်ပြီး ကြိုက်တဲ့တန်ဖိုးကို သတ်မှတ်နိုင်တယ်၊ ဂဏန်း
တန်ဖိုးဖြစ်စေ၊ စာသားတန်ဖိုးဖြစ်စေ သတ်မှတ်နိုင်တယ်၊ အောက်မှာ variable ဖြစ်တဲ့ bulayle ကို တန်ဖိုး 50 လို့သတ်မှတ်ပြမယ်၊
Var bulayle = 50;
ဒါပါပဲ။ လွယ်လွယ်လေးပါ၊ varaible ရဲ့နောက်မှာ ညီမျှခြင်းထည့်ပြီး ကြိုက်တဲ့တန်ဖိုးကိုသတ်မှတ်တာပါ၊ စာသားတန်ဖိုး သတ်မှတ်ချင်ရင်လဲ
Var bulayle = “waiferkolar”;
အထက်က ကုတ်မှာ Variable ဖြစ်တဲ့ bulayle ရဲ့တန်ဖိုးက waiferkolar ပါ၊ ဒါကတော့ variable ရဲ့တန်ဖိုးကိုသတ်မှတ်ပုံပါ၊ သင့်စိတ်ကြိုက်စာသားကို တန်ဖိုး
အဖြစ်သတ်မှတ်ပြီး လိုသလို ခေါ်သုံးနိုင်တယ်၊ ဥပမာ အနေနဲ့ HTML Frame ထဲမှာ JavaScript variable ကိုထည့်ပြီးစမ်းသပ်ကြည့်ပါမယ်၊
<html>
<head>
</head>
<body>
<script type= “text/javascript”>
Var bulayle = “waiferkolar”;
Document.write(bulayle);
</scirpt>
</body>
</html>
အထက်က ကုတ်ကို Run ကြည့်လိုက်ရင်တော့ waiferkolar ဆိုတဲ့စာသားကို အဖြေအဖြစ်ထုတ်ပေးမှာပါ၊ document.write ရဲ့ နောက်ရှိ ဂွင်းစ
ဂွင်းပိတ်ထဲမှာ varaible ရဲ့နာမည်ကို ထည့်ပြီး အဖြေထုတ်လိုက်တော့ တကယ့် browser မှာပေါ်လာတာက variable ဖြစ်တဲ့ bulayle ရဲ့တန်ဖိုး
waiferkolar ပေါ်လာပါတယ်၊ အောက်က ဥပမာ ကိုထပ်ကြည့်ပါ၊
<html>
<head>
</head>
<body>
<script type= “text/javascript”>
Var x = “50”;
Document.write(x);
</scirpt>
</body>
</html>
အထက်က ကုတ်ကို Run ကြည့်လိုက်ရင်တော့ 50  ကို အဖြေအဖြစ်ထုတ်ပေးမှာပါ၊ document.write ရဲ့ နောက်ရှိ ဂွင်းစ ဂွင်းပိတ်ထဲမှာ varaible
ရဲ့နာမည်ကို ထည့်ပြီး အဖြေထုတ်လိုက်တော့ တကယ့် browser မှာပေါ်လာတာက variable ဖြစ်တဲ့ x ရဲ့တန်ဖိုး 50 ပေါ်လာပါတယ်၊
ဒီမှာ တစ်ခုပြောစရာရှိတာကတော့ ဘာလို့ အထွေအထူး Varible တွေသတ်မှတ်နေလဲ docment.write(50); ဆိုလဲ 50 ဆိုတဲ့အဖြေကိုရတာပဲလို့ပြော
မယ်၊ တကယ် program ဆွဲတဲ့ အခါမှာ  အဲ့ဒီ့ Variable ကို အကြိမ်ကြိမ် ထည့်သုံးရမှာပါ၊ ဒီ့အတွက် ရေးရလွယ်အောင် Varible သတ်မှတ်ရခြင်းဖြစ်သလို၊
တစ်ချို့ varible ရဲ့တန်ဖိုးတွေကို အရှည်ကြီးတွေဖြစ်နေတတ်တယ်၊ ဒီလိုအခါမျိုးမှာ တန်ဖိုးတွေကို တိုက်ရိုက်ရေးချရင် အချိန်ကြာနိုင်တဲ့အတွက်
တန်ဖိုးတွေကို တိုက်ရိုက်မရေးတော့ပဲ သူတို့ရဲ့ ကိုစား Varible တွေကို အစားသုံးလိုက်တာပါ၊
Variable ရဲ့နာမည်ကို ကြိုက်တဲ့နာမည်ပေးလို့ရတယ်ဆိုပေမယ့် စာလုံးအကြီးအသေးကိုတော့ သတိထားပါ၊ JavaScript က Case Sensitive လို့ခေါ်တဲ့
ထိလွယ်ရှလွယ် တဲ့ အာရုံရှိပါတယ်၊ ဥပမာ waiferkolar နဲ့ Waiferkolar တို့က JavaScript ရဲ့အမြင်မှာ မတူကြဘူး၊ စာလုံးအကြီးအသေး
မှားပြီးသုံးလို့မရဘူး၊ မှားသုံးရင် ဘယ်တော့မှ အလုပ်မဖြစ်တော့ဘူး၊ ဒီတော့ စာလုံးအကြီးအသေးကိုသတိထားပါ၊
Variable တွေကိုသတ်မှတ်တဲ့အခါကြရင် နာမည်တွေကို အက္ခရာ။ ဂဏန်း နဲ့ ( _ )  underscore တို့ကိုသုံးနိုင်ပါတယ်၊ ကျန်တဲ့ သင်္ကေသတွေကိုသုံးရင်
အလုပ်ဖြစ်မှာမဟုတ်ပါဘူး၊ ဒါကြောင့် Alpahbet အက္ခရာ Number ဂဏန်း နဲ့ ( _ ) underscore တို့ကိုတာ သုံးပါ၊
Variable ရဲ့ နာမညမှာ သင်္ချာ ဂဏန်း သုံးလို့ရပေမယ်၊ သင်္ချာ ဂဏန်းနဲ့တော့ Variable ရဲ့ နာမည်ကို စလို့မရဘူး၊ ဥပမာ 5bulayle လို့ရေးလို့မရဘူး၊

0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

တွက်ချက်ပါ






powered by calculator.net

ငွေအတွက်မပူပါနဲ့

ချက်ကြမယ်လေ


Try Relay: the free SMS and picture text app for iPhone.