C Lesson 1

ဒီသင်ခန်းစာမှာတော့ရှေ့ က သင်ခန်းစာမှာ ရေးခဲ့တဲ့ ကုတ်တွေကို တစ်ခုစီရှင်းပြသွားမယ်၊ Code Block မှာ Project တစ်ခုကိုတည်ဆောက်လိုက်တာနဲ့ Code Block က သင်တို့အတွက် အလွန်ရိုးရှင်းတဲ့ Program လေးကို အသင့်တည်ဆောက်ပေးပြီးသားဖြစ်နေလိမ့်မယ်၊ အဲ့ဒီ့ Program လေးက သင်အလုပ်လုပ်မယ့် Code Block Project အလုပ် လုပ်တာ အဆင်ပြေလားမပြေလား စမ်းသပ်ဖို့အတွက် အဆင်သင့် တည်ဆောက်ပေးထားတာပါ၊ သူ့ကို Run ကြည့်လိုက်လို့အဆင်ပြေမှ သင်လုပ်မယ့်အလုပ်တွေ အဆင်ပြေမှာမိုလို့ပါ၊ အဲ့ဒီ့ အခြေခံရိုးရှင်းတဲ့ကုတ်လေးကို လေ့လာကြပါမယ်၊  အောက်မှာတော့ Code Block က တည်ဆောက်ပေးထားတဲ့ Project အသစ်အတွက်ကုတ်တွေပါ၊ (သင်ကတော့ သင့်ရဲ့ Code Block နဲ့ နိုင်ယှဉ်ပြီး ကြည့်ပါ၊ Code Block က လိုင်းတွေကိုအတိအကျ နံပါတ်တပ်ထားတော့ပိုအဆင်ပြေတယ်)၊

#include <iostream>
using namespace std;
int main()
{
    cout << "Hello world!" << endl;
    return 0;
}
#include <iostream>
C++ ကုတ်ကိုရေးရာမှာ # သင်္ကေသပါတဲ့စာကြောင်းတိုင်းက Pre-processor တွေကိုညွန်ပြထားတဲ့ စာကြောင်းတွေပါ၊ သူတို့ကို Pre-processor directive လို့ခေါ်တယ်၊ အထက်က စာကြောင်းမှာဆိုရင် #include ကတော့ Pre-processor directive တစ်ခုပါ၊ သူက သင်ဆွဲထားတဲ့ Program နဲ့တော့မဆိုင်ဘူး၊  သူက Compiler ကိုညွန်ကြားချက်ပေးထားတာ၊ သူက ကွန်ပြူတာကို ဖိုင်တစ်ခုကို ထည့်သွင်းဖို့ပြောတယ်၊ အထက်က စာကြောင်းမှာ မှာဆိုရင်တော့ <iostream> လို့ခေါ်တဲ့ system file ဖိုင်ပါ၊ #include <iostream> က compiler ကို <isotream> ဆိုတဲ့ဖိုင်ကို ထည့်သွင်း ဖို့ပြောတယ်၊ ဒီလိုပြောလိုက်တာနဲ့ ရပြီ၊ Compiler ကလဲ အဲ့ဒီ့ <iostream> ဖိုင်ကိုဘယ်မှာရှာရမလဲဆိုတာကိုသိတယ်၊ <iostream> ဖိုင်က text file အမျိုးအစားဖြစ်ပြီး သူ့ထဲ မှာ C++ နဲ့ ပတ်သတ်တဲ့ အခြေခံ Input – Output တို့ရဲ့ Objects တွေ Methods တွေပါဝင်တယ်၊ သူ့ကိုထည့်သွင်းရခြင်းအကြောင်းအရင်းက နောက်ပိုင်း program ထဲမှာ သူက ပုံစံတကျအလုပ်လုပ်ဖို့အတွက် အသုံးပြုရမှာဖြစ်လို့ပါ၊ နောက်ပိုင်း သင့်ရဲ့ Program က ကွန်ပြူတာ မျက်နှာပြင်ကို မှာစာသားတွေဖော်ပြဖို့ သင့်ကွန်ပြူတာ keyboard က ပို့လိုက်တဲ့အချက်အလက်တွေကို လက်ခံဖို့အတွက် လိုအပ်လာမှာပါ၊ ဒီလို data stream တွေ  အချက်အလက်တွေ အားလုံး program ကို အ၀င်အထွက် လုပ်တဲ့ အလုပ်မှန်သမျှကို <iostream> ဖိုင်က သင့် Program အတွက်လုပ်ပေးသွားလိမ့်မယ်၊
using namespace std;
ဒီစာသားကတော့ compiler ကို သင်အခုရေးနေတဲ့ကုတ်က Standard namespace ကိုအသုံးပြုထားတယ်လို့ပြောတာ၊ ဒီလိုပြောတဲ့အတွက် compiler ကလဲ သင့်ရေးထားတဲ့ကုတ်တွေကို standard library ထဲက ကုတ်တွေ အနေနဲ့အလုပ်လုပ်ပေးတယ်၊ အခြား တန်ဖိုးတွေနဲ့ ရော ပြီး အလုပ်မလုပ်အောင် Standard တန်ဖိုးဖြစ်ကြောင်းပြောလိုက်တာ၊ သူကလဲ C++ ရဲ့ Build In ကုတ်ပါပဲ၊
Int main( );
ကတော့ အခု အသုံးပြုတဲ့ Data type က integer အမျိုးအစားဖြစ်တယ်လို့ပြောတယ်၊  အဲ့ဒီ့ int က စပြီး အဆုံးအထိ ကုတ်တွေအားလုံးက function တစ်ခုပါ၊  C++  Program တိုင်းကို function တွေအများကြီးနဲ့တည်ဆောက်ထားပါတယ်၊ အဲ့ဒီ့ function တွေကိုလဲ Programmer တွေက သူတို့စိတ်ကြိုက်နာမည်တွေပေးကြပါတယ်၊ အဲ့ဒီ့ function တွေက တစ်ခုနဲ့ တစ်ခု ချိတ်ဆက်ပြီးအလုပ်လုပ်ကျတယ်၊ ဘယ်လိုပဲနာမည်ပေးပေး main( ) ဆိုတဲ့ function ကတော့မပါလို့မရဘူး၊ သူမပါရင် compiler က အမှားပြမယ်၊  functions တွေအများကြီး ရှိနေတဲ့အခါ သင့်ရဲ့ Program က ဘယ်က စပြီး Run မလဲဆိုတာ မသိမှာတော့မပူနဲ့ သူစ Run မှာက main( ) function ကပါ၊
main ရဲ့ နောက်က လက်သဲကွင်းကို တွေရမယ်၊ သူကတော့ Prarmeter တွေထည့်ပြီး function တွေကိုကြေငြာဖို့ပါ၊ အခု ဥပမာ မှာတော့ ဘာမှ မထည့်ထားဘူး၊ ဒါပေသည့် နောက်ပိုင်းသင်ခန်းစာတွေမှာတော့ ထည့်မယ် ရှင်းပြမယ်၊
{ } တွန့်ကွင်းတွေထဲမှာတော့ main function ရဲ့ အလုပ်လုပ်မယ့် body အစိတ်အပိုင်းကိုထည့်ရတယ်၊ အဖွင့်ရှိရင် အပိတ်ရှိရမယ်၊  program ကို Run ရင် အဲ့ဒီ့ main function ထဲက ကုတ်တွေက အလုပ်လုပ်မှာပါ၊   
cout << "Hello world!" << endl;
အထက်က စာသားမျိုး တစ်ကြောင်းကို statement တစ်ခုလို့ခေါ်တယ်၊ နှစ်ကြောင်းဆိုရင်တော့ Statement နှစ်ခုပေါ့၊
Cout ကတော့ C++ ရဲ့ Standard Output Steam နာမည်ပါ၊ သူ့ရဲ့အလုပ်ကတော့ statement ထဲမှာရှိတဲ့ character stream ဖြစ်တဲ့ နှစ်ထပ်ကော်မာ ထဲမှာရေးထားတဲ့ “Hello world!” ဆိုတဲ့စာသားကို Output (အဖြေအဖြစ်) ကွန်ပြူတာ မျက်နှာပြင်ပေါ်ကို ထုတ်ပေးတာပါ၊
<< ဆိုတဲ့ သင်္ကေသကတော့ အချက်အလက်တွေ (data) တွေသွားတဲ့လမ်းကြောင်းကိုညွန်ပြတာပါ၊
“Hello world” ကိုတော့ Character Stream အဖြစ်သတ်မှတ်ပါတယ်၊ << နဲ့ အဖွင့်အပိတ် နှစ်ထပ်ကော်မာထဲမှာရေးတဲ့ အရာမှန်သမျှကို cout ဆီကို သွားဖို့ညွန်ပါလိမ့်မယ်၊ Cout ကလဲ သူ့ဆီလာတဲ့ data မှန်သမျှကို ကွန်ပြူတာမျက်နှာပြင်ကို အဖြေ (Output) အဖြစ် ထုတ်ပေးပါလိမ့်မယ်၊
Endl ကတော့ စာကြောင်းတစ်ကြောင်းကို အဆုံးသတ်လိုက်တဲ့ ကုတ်ပါ၊ သူကိုထည့်လိုက်ရင် စာကြောင်းတစ်ကြောင်းကို အဆုံးသတ်သွားပြီး နောက်ရေးမယ့် ကုတ်တွေကို နောက်ထပ်စာကြောင်းတစ်ကြောင်းမှာ ပဲ ဖော်ပြပေးတော့မှာပါ၊ သူမပါရင်တော့ နောက်ရေးမယ့်ကုတ်တွေကိုလဲ လက်ရှိစာကြောင်းမှာပဲဖော်ပြပေးမှာပါ၊
(;) simicolon ကိုတော့ statement တစ်ခုဆုံးသွားတိုင်းထည့်ရပါတယ်၊ သူမပါရင်တော့ compiler က မှားနေကြောင်း error ပြမှာပါ၊

0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

တွက်ချက်ပါ






powered by calculator.net

ငွေအတွက်မပူပါနဲ့

ချက်ကြမယ်လေ


Try Relay: the free SMS and picture text app for iPhone.