css_10


Table Properties
CSS ကိုအသုံးပြုပြီး table နဲ့ table data တွေကိုပြုပြင်ပြောင်းလဲနိုင်ပါတယ်၊ ဥပမာ HTML Document ထဲမှာရှိတဲ့ table နဲ့ table data တို့ရဲ့ အထူကို ကို
1px ဖြစ်စေချင်တယ်၊ အနက်ရောင်ဖြစ်စေချင်တယ်ဆိုရင်ဖြင့်အောက်ပါအတိုင်းရေးနိုင်ပါတယ်၊
table, th, td
{
border: 1px solid black;
}
အထက်မှာရေးထားတာကတော့ table နဲ့ table Data တို့ကို border ထည့်မယ်၊ border အထူက 1 px , Solid အနေနဲ့ထည့်မယ်၊ Solid လို့မထည့်ရင်
သင့်ရဲ့ Table border က ပေါ်မှာမဟုတ်ပါဘူး၊ black ဆိုတာကတော့ Table border ရဲ့အရောင်က အနက်ရောင်လို့ပြောတာပါ၊ ဒါဆိုရင်တော့ အောက်က
ပုံစံမျိုးရှိတဲ့ table ပါတဲ့ ၀က်ဆိုက်စာမျက်နှာကိုရမယ်၊


အခုအဲ့ဒီ့ ၀က်ဆိုက်မှာ table ကိုတွေ့နေရပါပီ၊ table border ထည့်ဖို့အတွက်သုံးတဲ့ property ကတော့ border ဖြစ်ပါတယ်၊ အဲ့ဒီ့ table မှာ
border တော့ပါတယ်၊ ဒါပေမယ့် ပါတဲ့ border က နှစ်ထပ်ဖြစ်နေတယ်၊ တစ်ထပ်ကိုဖျောက်လိုက်ချင်တယ်ဆိုရင်လဲ CSS ရဲ့ border-collapse ဆိုတဲ့
property ကိုသုံးပြီးဖျောက်လိုက်နိုင်ပါတယ်၊ value ကိုတော့ collapse လို့ထည့်ရမယ်၊ ဒါဆိုရင်တော့ border တစ်ထပ်ထဲ ရှိတော့မယ်၊ အောက်ကအတိုင်း

table
{
border-collapse:collapse;
}
table,th, td
{
border: 1px solid black;
}
အထက်က အတိုင်း CSS ဖိုင်မှာရေးလိုက်ရင်တော့ အောက်က လို border တစ်ခုထဲ ပါတော့တဲ့ စာမျက်နှာကိုတွေ့ရမယ်၊


တည်ဆောက်ထားတဲ့ table ရဲ့ width နဲ့ height တို့ကိုလဲ ပြုပြင်လို့ရပါတယ်၊ table ရဲ့ height နဲ့ width တို့ကိုပြုပြင်ဖို့အတွက်သုံးရတဲ့ property ကတော့
width  နဲ့ height တို့ကိုတိုင်ပါပဲ၊ အောက်မှာဥပမာ ကြည့်ပါ၊
table
{
width:100%;
}
 
အထက်က အတိုင်း table width ကို 100% လို့ထည့်လိုက်ရင်တော့ သင့်ဝက်ဆိုက်မှာ တင်ထားတဲ့ table ရဲ့ အကျယ်က 100%
အပြည့်ဖြစ်သွားမယ်၊ အောက်မှာကြည့်ပါ၊


The text in a table is aligned with the text-align and vertical-align properties.
Table ထဲမှာရှိတဲ့ text တွေကိုလဲ ညာဘက် မှာ ထားမလား ဘယ်ဘက်မှာထားမလား အလယ်မှာ ထားမလား စသဖြင့် ချိန်လို့ရပါတယ်၊ သုံးရမယ့် property
ကတော့ text-align ပါ၊ value ကတော့ left, right, center တို့ထဲက ကြိုက်ရာတစ်ခုကိုရွေးသုံးပါ၊ အောက်မှာ တစ်ခုဥပမာ ပြမယ်၊
td
{
text-align:right;
}

အထက်က အတိုင်း table data ထဲမှာရှိတဲ့စာသားတွေကို ညာဘက်ကို ရောက်စေချင်ရင်ဖြင့်  value မှာ right လို့ထည့်လိုက်ရုံပါပဲ၊ အောက်မှာ
ဝက်ဆိုက်စာမျက်နှာ


အထက်က လို အလျှားလိုက်မဟုတ်ပဲ ဒေါင်လိုက်နေရာချထားချင်ရင်လဲ နေရာချလို့ရပါတယ်၊ သုံးရမယ့် property ကတော့ vertical-align ပါ၊ value
ကတော့ top, middle, bottom တို့ထဲက ကြိုက်ရာတစ်ခုကိုသုံးနိုင်ပါတယ်၊ အောက်မှာဥပမာ ကြည့်ပါ၊
td
{
height:50p;
vertical-align:bottom;
}
အထက်က ဥပမာမှာ Table data ရဲ့ အမြင့်ကို 50 px ထားလိုက်ပြီးတော့ property မှာ Vartical-align သုံးတယ်၊ bottom ဆိုတဲ့ Value ကိုထည့်တယ်၊
ဒါကြောင့်  table data ထဲမှာရှိတဲ့စာသားတွေက table ရဲ့အောက်ကိုကပ်နေမယ်၊ အောက်မှာကြည့်ပါ၊


Table Padding
Table boder နဲ့ အဲ့ဒီ့ table အတွင်းမှာရှိတဲ့ content (အကြောင်းအရာ/စာသား) တို့ရဲ့အကွာအဝေးကိုချိန်ညှိဖို့အတွက်ဆိုရင်တော့ padding ဆိုတဲ့
property ကိုသုံးနိုင်ပါတယ်၊ အောက်မှာဥပမာ ကြည့်ပါ၊
td
{
padding:15px;
}

အထက်မှာတော့ table border နဲ့ table content တို့ကြား အကွားအဝေးကို 15px လို့ထည့်လိုက်ပါတယ်၊ ဒါဆိုရင်တော့ အောက်က အတိုင်း
ဝက်ဆိုက်စာမျက်နှာကိုရရှိပါမယ်၊


အထက်က စာမျက်နှာမှာ table နဲ့ content တို့ အပေါ်, အောက် , ဘယ်ဘက်ဘေး အားလုံး 15px ကွားနေမှာပါ၊

Table Color
Table ရဲ့ border အရောင်ကိုလဲ ပြောင်းလဲနိုင်တယ်၊ ဥပမာ သင်ဆွဲထားတဲ့ table ရဲ့ border အရောင်ကို အစိမ်းရောင်ဖြစ်စေချင်တယ်ဆိုရင် အောက်က
အတိုင်းရေးနိုင်တယ်၊
table, td, th
{
border:1px solid green;
}

table header ရဲ့ နောက်ခံအရောင်ကို အစိမ်းရောင်ပြောင်းပြီး စာလုံးအရောင်ကို အဖြူရောင်ပြောင်း ချင်ရင်ဖြင့် အောက်က အတိုင်း ရေးနိုင်ပါတယ်၊

th
{
background-color:green;
color:white;
}

0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

တွက်ချက်ပါ






powered by calculator.net

ငွေအတွက်မပူပါနဲ့

ချက်ကြမယ်လေ


Try Relay: the free SMS and picture text app for iPhone.