C lesson 4

ရှေ့အခန်းမှာ Variable တွေကိုလေ့လာခဲ့တယ်၊ ဒီအခန်းမှာတော့ ရှေ့အခန်းက လေ့လာခဲ့တဲ့ Variable တွေကိုလက်တွေ့အသုံးချကြည့်မယ်၊ Variables တွေကို အသုံးပြုပြီး  ဂဏန်း ပေါင်းတဲ့ Program အသေးလေးတည်ဆောက်ကြည့်ကြမယ်၊
ပထမအဆင့်                               ၊ အခု Variable သုံးခုကို ကြေငြာမယ်၊ declear လုပ်မယ်၊ ကြေငြာမယ်ဆိုတာ သံဖိုးမသတ်မှတ်သေးပဲ Variable နာမည်ကိုပဲ အရင်သတ်မှတ်လိုက်တာကို ခေါ်ပါတယ်၊ ကြေငြာမယ့် variables သုံးခုကို a , b , sum လို့နာမည်ပေးမယ်၊ အောက်မှာ ကြေငြာပုံကိုကြည့်ပါ၊
Int a;
Int b;
Int sum;
အထက်မှာတော့ Variables သုံးခုကိုကြေငြာလိုက်တယ်၊ သူတို့ရဲ့တန်ဖိုးတွေကို နောက်မှ ဖြည့်မယ်၊ လောလောဆယ် သူတို့ရှိတယ်ဆိုတာပဲ ကြေငြာထားတာ၊ သုံးထားတဲ့ Data type က Integer ပါ၊
ဒုတိယအဆင့်                               ဒီအဆင့်မှာ ဂဏန်းပေါင်းစက်ကို သုံးတဲ့သူက သူပေါင်းချင်တဲ့ ပထမ ဂဏန်းကိုထည့်ရမယ်၊ ဒီတော့ အသုံးပြုသူကို နံပါတ်တစ်ခုကိုထည့်ပါလို့ပြောမယ့်စာသားကို ရေးကြမယ် အင်္ဂလိပ်လိုပေါ့၊ “Enter a number” လို့ရေးမယ်၊ ရေးနည်းကတော့ stream data ကို Output လုပ်တဲ့နည်း၊ ရှေ့မှာ သင်ခဲ့ပြီးပြီ၊ အောက်မှာ ကြည့်ပါ၊
Cout << “Enter a number \n” ;
\n ထည့်ထားတာ နောက်တစ်ကြောင်းကိုဆင်းဖို့ Program ဖတ်ရတာရှင်းသွားအောင်၊
အထက်ကရေးထားတဲ့ ကုတ်အရ သင့် Program ကို Run လိုက်ရင် အဖြေက  Enter a number ရမယ်ဆိုတာတော့သေချာနေပီ၊ ဒါဆိုရင် သင့်ရဲ ဂဏန်းပေါင်း စက်အသုံးပြုသူက နံပါတ် တစ်ခုကို ရိုက်ထည့်တော့မယ်၊ အဲ့ဒီ့အခါ  အသုံးပြုသူရိုက်ထည့်လိုက်တဲ့နံပါတ်ကို သင့်ရဲ့ Program ထဲမှာသိုလှောင်ဖို့လိုပီ၊ ဒီမှာ cout ရဲ့အလုပ်လုပ်ပုံကိ အရေးကြီးလာပြီ သေချာရှင်းပြမယ်၊
ကွန်ပြူတာ Program တစ်ခုကို Run တဲ့အခါမှာ ကွန်ပြူတာက အသုံးပြုသူဆီကို သတင်းအချက်အလက်တွေထုတ်ပေးတယ်၊ ဒါက ကွန်ပြူတာက အသုံးပြုသူဆီကိုသတင်းအချက်အလက်ထုတ်ပေးတာနော်၊ အဲ့ဒီ့လို ကွန်ပြူတာ Program ထဲက သတင်းအချက်ကို အသုံးပြုသူအတွက်ထုတ်ပေးတဲ့အခါ သုံးရတဲ့နည်းက cout ဆိုတဲ့ Output Object ပါ၊
အကယ်၍ အသုံးပြုသူဆီကနေ Program ထဲကို သတင်းအချက်အလက်ထည့်ချင်တယ်ဆိုရင်ဖြင့် သုံးရမယ့်နည်းက cin ပါ၊ Techinical ကျကျခေါ်မယ်ဆိုရင် cin ကို Input stream Object လို့ခေါ်ပါတယ်၊
အိုကေ ကွန်ပြူတာက နေ အသုံးပြုသူထံကို ပေးပို့မယ့် အချက်အလက်တွေအတွက် cout သုံးတယ်၊ အသုံးပြုသူထံကနေ (Keyboard) က နေ ကွန်ပြူတာထဲကို သတင်းအချက်အလက်ပေးပို့လိုရင်တော့ cin ကိုသုံးမယ်၊
တတိယအဆင့်                            ၊ ဒုတိယ အဆင့်မှာ အသုံးပြုသူကို နံပါတ် တစ်ခု ထည့်ဖို့အတွက် “Enter a number” လို့ ပြောထားတယ်၊ ဒီစာသားကိုမြင်ရင်အသုံးပြုသူက နံပါတ် တစ်ခုကိုထည့်လိမ့်မယ်၊ အဲ့ဒီ့အခါမှာ အသုံးပြုသူက ပို့လိုက်တဲ့ (ထည့်လိုက်တဲ့) နံပါတ်ဆိုတဲ့ stream data ကို ကွန်ပြူတာထဲကိုထည့်ဖို့ cin ကိုသုံးမယ်၊ အောက်မှာကြည့်ပါ၊
Cin >>
အထက်က ကုတ်မှာ cin ဆိုတာကတော့ ကွန်ပြူတာ (Program) ထဲကိုသတင်းအချက်အလက်ဝင်ဖို့အတွက်သုံးတယ်ဆိုတာကိုသိနေပီ၊ ဒါပေမယ့် >> ဆိုတဲ့ သင်္ကေသကိုတော့ မသိသေးဘူး၊ >> သင်္ကေသကို  Techinical Term နဲ့ ခေါ်မယ်ဆိုရင်တော့ Stream extraction operator လို့ခေါ်ပါတယ်၊ သူ့ရဲ့အလုပ်ကလဲအထက်က << နဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ သဘောပါပဲ၊ အသုံးပြုသူက ထည့်လိုက်တဲ့ အချက်အလက်သွားမယ့် လမ်းကြောင်းကို ညွန်းတယ်၊  အခု ဂဏန်းပေါင်းစက် အသုံးပြုသူက ပို့လိုက်တဲ့ အချက်အလက်တွေက ကွန်ပြူတာဆိကိုသွားမယ်လို့ >> အသုံးပြုပြီး ညွန်းထားတယ်၊
ဒီအဆင့်မှာတော့ အပေါ်ဆုံး ပထမအဆင့်မှာ သတ်မှတ်ခဲ့တဲ့ Variables တွေကို လက်တွေ့အသုံးချရတော့ပါမယ်၊
အထက်က ပြောခဲ့တဲ့အတိုင်း အသုံးပြုသူက ဂဏန်းနံပါတ်တစ်ခုခုကိုထည့်မယ်တဲ့၊ အဲ့ဒီ့ထည့်လိုက်တဲ့ ဂဏန်းကို ဘယ်မှာသိုလှောင်မှာလဲ၊  ဒီ့အတွက်တော့ မပူနဲ့ အပေါ်ဆုံးက တည်ဆောက်ခဲ့တဲ့ Variable တစ်ခုမှာ သိုလှောင်လိုက်ရုံပဲ၊ အောက်မှာကြည့်၊
Cin >> a;
အထက်က ကုတ်ရဲ့အဓိပ္ပါယ်က အသုံးပြုသူ ကွန်ပြူတာ (program) ထဲကိုထည့်လိုက်တဲ့ တန်ဖိုးက a ဆိုတဲ့ Variable အဖြစ်သိုလှောင်ထားမယ်လို့အဓိပ္ပါယ်ရပါတယ်၊ ဟုတ်ပါတယ် လွယ်လွန်းပါတယ်၊ (မပူနဲ့ နောက်ပိုင်းခက်လာမှာ)
အကယ်၍ အသုံးပြုသူက ၂၃  ကိုရိုက်ထည့်လိုက်ရဲ့ Variable ဖြစ်တဲ့ a ရဲ့တန်ဖိုးက 32 ဖြစ်သွားမယ်၊ အသုံးပြုသူထည့်လိုက်တဲ့ ဘယ်လိုတန်ဖိုးဖြစ်ဖြစ် အဲ့ဒီ့တန်ဖိုးက Variable ဖြစ်တဲ့ a ရဲ့တန်ဖိုးဖြစ်သွားမယ်၊
အထက်က အဆင့်အထိက ပထမနံပါတ်အတွက်ပဲရှိသေးတယ်၊ အသုံးပြုသူ က ပထမ နံပါတ်ကိုထည့် ပြီးသွားတာနဲ အသုံးပြုသူကို ဒုတိယ နံပါတ်ထည့်ခိုင်းပါမယ်၊ ရေးပုံကတော့ အထက်က ရေးခဲ့တဲ့ပုံစံနဲ့ အတူတူပါပဲ၊
Cout << “Enter another number \n” ;
Cin >> b;
အထက်က ကုတ်မှာ မထမစာကြောင်းက နံပါတ်တစ်ခုထည့်ဖို့ပြောတယ်၊ ဒုတိယ ကုတ်က ထည့်လိုက်တဲ့နံပါတ်ကို Variable ဖြစ်တဲ့ b မှာ သိုလှောင်မယ်၊
အခု အပေါ်ဆုံးမှာတည်ဆောက်ခဲ့တဲ့ Variable သုံးခုထဲက နှစ်ခုကိုတော့ အသုံးပြုပြီးသွားပီ၊ a နဲ့ b ကိုသုံးပြီးပီ၊ အခုနောက်ဆုံးကျန်တဲ့ Variable ဖြစ်တဲ့ sum ကို အသုံးပြုကြမယ်၊ လွယ်ပါတယ်၊
Sum = a + b ;
အထက်မှာရေးခဲ့တဲ့ကုတ်က sum ဆိုတဲ့ variable ရဲ့တန်ဖိုးက variable a နဲ့ variable b တို့ကိုပေါင်းလို့ရတဲ့ အဖြေလို့အဓိပ္ပါယ်ရတယ်၊ varaible a ရဲ့တန်ဖိုးဆိုတာက အသုံးပြုသူ ပထမဆုံးထည့်လိုက်မယ့် တန်ဖိုးဖြစ်ပြီး variable b ရဲ့တန်ဖိုးက အသုံးပြုသူက ဒုတိယ အကြိမ်ထည့်လိုက်တဲ့တန်ဖိုးဖြစ်မယ်၊ အဲ့ဒီ့ တန်ဖိုးနှစ်ခုပေါင်းတဲ့ရလဒ်က တတိယ variable ဖြစ်တဲ့ sum ရဲ့တန်ဖိုးဖြစ်မယ်၊
အားလုံးပြီးသွားရင် အဖြေထုတ်ပေးမယ်။ အဖြေက တန်ဖိုးနှစ်ခုပေါင်းရလဒ်ဖြစ်တဲ့ sum ကိုထုတ်ရမှာဖြစ်တယ်၊ အောက်မှာကြည့်၊
Cout << sum ;
ဒါကတော့ Stream data ဖြစ်တဲ့ variable sum ကိုအဖြေထုတ်ခိုင်းတာပါ၊ အောက်မှာ ကုတ်တွေကို အားလုံးပြန်ရေးပြမယ်၊
#include <iostream>
using namespace std;
int main()
{
   int a;
   int b;
   int sum;
   cout << "Enter a number \n";
   cin >> a;
   cout << "Enter a second number\n";
   cin >> b;
   sum = a + b;
   cout << sum;
    return 0;
}
အထက်က ကုတ်ကို Run လိုက်ရင် အရင်ဆုံး window တစ်ခုကျလာမယ်၊ အောက်က အတိုင်း၊





အထက်က ပုံအတိုင်း window တစ်ခုပေါ်လာပြီး နံပါတ်ထည့်ခိုင်းရင် ကြိုက်တဲ့နံပါတ် တစ်ခုကိုထည့်လိုက်၊ ဥပမာ အနေနဲ့  89765 ကိုထည့်ထားတယ်၊ အဲ့ဒီ့ထည့်လိုက်မယ့် နံပါတ်ကို ကုတ်တွေမှာရေးထားတဲ့ Variabl a ရဲ့တန်ဖိုး အဖြစ်သိုလှောင်သွားမယ်ဆိုတာကိုသတိပြုပါ၊ ကြိုက်တဲ့နံပါတ်ထည့်ပြီးသွားရင် Enter နှိပ်၊ ဒါဆိုရင် အောက်က ပုံအတိုင်းပြောင်းသွားပြီး နောက်ထပ်နံပါတ် တစ်ခုထည့်ခိုင်းလိမ့်မယ်၊




အထက်က ပုံစံအတိုင်း window ထပ်ကြလာပြီး နောက်ထပ် နံပါတ်တစ်ခုကိုထည့်ခိုင်းရင် သင်ကြိုက်တဲ့နံပါတ်တစ်ခုကိုထည့်လိုက်ပါ ဥပမာ အနေနဲ့ 5 ကိုထည့်ထားတယ်၊ အဲ့ဒီ့ထည့်လိုက်တဲ့ နံပါတ်ကို ကုတ်တွေမှာရေးခဲ့ တဲ့ variable b အဖြစ်သိုလှောင်သွားမယ်ဆိုတာကို သတိပြုပါ၊ ပြီး ရင် Enter ခေါက်လိုက်ပါ၊ အောက်ပါအတိုင်း window ပြောင်းသွားမယ်၊




ဒုတိယ နံပါတ်ကိုထည့်လိုက်တာနဲ့ အဖြေကိုပါ အောက်က စာကြောင်းမှာထည့်ပေးမှာပါ၊ 89770 က အဖြေပါ၊ အဖြေကို ပိုပြီး လှအောင် text stream data ထည့်ပြီး Modify လုပ်လို့ရပါသေးတယ်၊  အဖြေထုတ်မယ့်အောက်က စာကြောင်းကို text stream data ပါတဲ့ အောက်က စာကြောင်းအတိုင်းပြောင်းလိုက်ပါ၊
cout << sum;
အထက်က စာကြောင်းကိုအောက်က ပုံပြောင်း၊
cout << "sum of the two number is" << sum << endl;
အထက်က ကုတ် ရဲ့ အဓိပ္ပါယ်ကတော့ sum of the two number is ဆိုတဲ့စာသားကို အဖြေထုတ်မယ်၊ အဲ့ဒီ့အဖြေမှာ sum ဆိုတဲ့ variable ပါမယ်၊ ပြီးတော့ အဲ့ဒီ့စာကြောင်းရဲ့နောက်မှာ ဘာစာသားမှမထည့်တော့ပဲ စာကြောင်းအဆုံးသတ်မယ် ဆိုတဲ့ သင်္ကေသ ဖြစ်တဲ့ endl ကိုထည့်တယ်၊ အဖြေတွေအားလုံးကို Steam Insertion Operator ဖြစ်တဲ့  << နဲ့ခြားထားတယ်၊
<< တွေရဲ့သဘောက အဖြေတွေ သွားရမယ့်လမ်းကြောင်းကိုပြတာပါ၊ သူက အုပ်စုမတူ အမျိုးအစားမတူတဲ့ Stream တွေကို အတူ အဖြေထုတ်ပေးတဲ့ အခါ မတူတဲ့ data တွေကို << နဲ့ ခြားပေးရတယ်၊  အထက်က ကုတ်ကိုထည့်ပြီးရေးလိုက်ရင် ကုတ်အစုံက အောက်ပါအတိုင်း ဖြစ်သွားမယ်၊
#include <iostream>

using namespace std;

int main()
{
   int a;
   int b;
   int sum;
   cout << "Enter a number \n";
   cin >> a;
   cout << "Enter a second number\n";
   cin >> b;
   sum = a + b;
   cout << "sum of the two number is" << sum << endl;
    return 0;
}
အထက်က ကုတ်တွေကို Run ကြည့်လိုက်ပါ၊ အားလုံးပြီးရင်ကြေငြက်အောင်လေ့လာပါ၊

0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

တွက်ချက်ပါ






powered by calculator.net

ငွေအတွက်မပူပါနဲ့

ချက်ကြမယ်လေ


Try Relay: the free SMS and picture text app for iPhone.