html5_8


င်္Finishing Layout
ဒီသင်ခန်းစာမှာတော့ ၀က်ဆိုက်ရဲ့ Layout ပုံစံကို လက်စသက်လိုက်ကြမယ်၊ လက်စသက်မယ်ဆိုတော့ ပြုပြင်စရာ
နည်းနည်းလေးကျန်နေသေးတယ်၊ အောက်မှာ လက်ရှိ အခြေအနေ အရ ၀က်ဆိုက်ကို ကြည့်ပါ၊


အခု ၀က်ဆိုက်က အတော့ ကိုကြည့်ကောင်းနေပြီ ဒါပေမယ့် အရေးကြီးတဲ့ အချက်တစ်ခု ရှိသေးတယ်၊ အဲ့ဒါကတော့ Article တွေပါပဲ၊
သူတို့ကို သေချာအလှဆင်ဖို့လိုသေးတယ်၊ ဒီအတွက် အောက်က အတိုင်း CSS ဖိုင်မှာ apply လုပ်ပြီးအလှဆင်မယ်၊


အထက်မှာတော့ HTML ဖိုင်ထဲမှာရှိတဲ့ article အစိတ်အပိုင်းကို CSS apply လုပ်လိုက်ပါပီ၊ တစ်ခုစီရှင်းပြမယ်၊
Background: #fffbcc; ကတော့ နောက်ခံအရောင်ကို #fffbcc လို့ထားလိုက်တာ၊
Border: 1px solid red; ကတော့ ဘောင်ကို 1px အထူ အနီရောင်ထားလိုက်တာ၊
Padding:20px ကတော့ Content ရဲ့ border နဲ့ စာသားတွေရဲ့ အကွာအဝေးကို 20px လို့ထားလိုက်တာ၊ Content အတွင်းမှာပဲ
အကွာအသေးချိန်တာဖြစ်တဲ့အတွက် ၀က်ဆိုက်တစ်ခုလုံးရဲ့ 1000px အကျယ်ကိုမထိခိုက်ဘူး၊
Margin-bottom:15px ကတော့ article Element တစ်ခုနဲ့ သူ့အောင်က အခြား Element တွေရဲ့ 15px ခြားလိုက်တာပါ၊ ဒါမှ တစ်ခုနဲ့ တစ်ခု ကပ်မနေမှာ၊
margin ကို 15px ထားရာမှာ လေးဖက်လုံးထားတာမဟုတ်ဘဲ အောက်ဖက်တစ်ခုပဲထားတာကိုသတိပြုပါ၊ အားလုံးပြီးသွားရင်တော့
သင့်ဝက်ဆိုက်ကိုအောက်က အတိုင်းမြင်တွေ့ရမှာပါ၊


အထက်က အတိုင်းအခြေအနေဆိုရင်တော့ ၀က်ဆိုက်က အတော့ကို Layout Style လှပနေပါပီ၊ ဒါပေမယ့် Devloped by Waiferkolar ဆိုတဲ့ article
တစ်ခုစီရဲ့ အောက်ဆုံးစာသားတွေက ညာဘက်မှာရှိသင့်တယ်၊ ဒါကိုပြုပြင်လို့ရပါတယ်၊ သူတို့ကို HTML File မှာ ကြည့်ရင် သူတို့က article
တစ်ခုစီအတွင်းမှာရှိတဲ့ footer ဆိုတဲ့ Child Element အဖြစ်ရှိနေမှာပါ၊ အခု အဲ့ဒီ့ footer တွေကို ညာဘက်ပြောင်းကြမယ်၊ အောက်က CSS ဖိုင်ကိုကြည့်ပါ၊


အထက်မှာတော့ article အတွင်းက footer မှာရှိတဲ့စာသားတွေကို ညာဘက်ကိုကပ်ဖို့ CSS apply လုပ်လိုက်ပါပီ၊ အဲ့ဒီ့ footer
အစိတ်အပိုင်းကိုခေါ်သုံးဖို့အတွက် Mother Element ဖြစ်တဲ့ article ကိုရှေ့မှာထားပြီးခေါ်သုံးရပါတယ်၊ ဒါမှမဟုတ်ဘဲ footer လို့ တစ်လုံးထဲ ခေါ်သုံးရင်
(select) လုပ်ရင်ဖြင့် HTML ဖိုင်ရဲ့ အောက်ဆုံးမှာရှိတဲ့ article ထဲမပါတဲ့ footer ပါ အကျုံးဝင်သွားမယ်၊ ပြောင်းသွားမယ်၊ သတိထားပါ၊ text-align: right;
ကတော့ စာသားတွေကို ညာဘက်ကိုကပ်မယ့်ပြောတာပါ၊ အထက်က အတိုင်း CSS apply လုပ်ပြီးရင် သင့်ဝက်ဆိုက်ကိုအောက်က အတိုင်းတွေ့ရမယ်၊


အထက်က အတိုင်းအားလုံးဝက်ဆိုက်ကိုရရင်ဖြင့် Layout ကဏ္ဍ ပြီးဆုံးသွားပါပီ၊ နောက်သင်ခန်းစာမှာတော့ traditional box model ကို သင်ပြသွားမယ်၊
ဝက်ဆိုက်မှာထည့်သုံသွားမယ်၊ CSS3 နဲ့ HTML5 ရဲ့ ပြောင်မြောက်တဲ့ပေါင်းစပ်မူကိုလေ့လာရမှာပါ၊

0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

တွက်ချက်ပါ






powered by calculator.net

ငွေအတွက်မပူပါနဲ့

ချက်ကြမယ်လေ


Try Relay: the free SMS and picture text app for iPhone.