css_11


CSS Box Model
HTML မှာ ရေးတဲ့ Elements တွေအားလုံးကို သတ္တာ တစ်ခုအနေနဲ့ သတ်မှတ်နိုင်ပါတယ်၊ ဥပမာ သင်က <h1> how are you doing </h1> ဆိုပြီး ရေးထားတယ်၊ ဒါဆိုရင် အဲ့ဒီ့ စာကြောင်းက h1 element နဲ့ တည်ဆောက်ထားတဲ့စာကြောင်း၊ သင့်ဝက်ဆိုက်မှာပေါ်မှာက how are you doing ဆိုတဲ့စာသားကို စာလုံးအကြီးနဲ့ ပေါ်မယ်၊ ဘေးမှာလဲ ဘာမှမပါဘူး၊ အပေါ်မှာလဲ ဘာမှမပါဘူး၊ ဒါပေမယ့် ဒီဇိုင်နာတစ်ယောက် သိထားရမှာက အဲ့ဒီ့ how are you doing ဆိုတဲ့ စာသားရဲ့ ညာဘက် ဘယ်ဘက် အပေါ် နဲ့ အောက်တို့မှာ padding,border နဲ့ Margin တို့ရှိတယ်၊ အဲ့ဒီ့ padding , border နဲ့ Margin တို့ကို သင့်စိတ်ကြိုက် ပြုပြင် ပြောင်းလဲလိုက်လို့ရတယ်၊ အောက်မှာ သရုပ်ပြပုံကိုကြည့်
သာမာန်အမြင်

အထက်က ပုံစံကတော့ <h1> how are you doing </h1> ဆိုတဲ့ Element ကို တကယ့် ၀က်ဆိုက်မှာမြင်ရမယ့်အမြင်ပါ၊ ဒါပေမယ့် ဒီဇိုင်နာ တစ်ယောက်အနေနဲ့ မြင်ရမယ့်ပုံက သူ့ရဲ့ဘေးမှာ padding ရှီတယ်၊ border ရှိတယ် Margin ရှိတယ်လို့မြင်ထားရမယ်၊ အဲ့ဒီ့ padding, border, Margin တို့ကိုလဲ လိုသလို ပြုပြင်ပြောင်းလဲ လို့ရပါတယ်၊ အောက်မှာ ဒီဇိုင်နာ တစ်ယောက် Element တိုင်းကိုမြင် သင့်တဲ့ပုံစံကို <h1> how are you doing </h1> သုံးပြီးဥပမာ ပြထားတယ်၊


အထက်က ပုံကတော့ ဒီဇိုင်နာတစ်ယောက် Element တစ်ခုကိုမြင်သင့်တဲ့အမြင်ကို ဥပမာ ပြထားတာပါ၊ Element တိုင်းရဲ့  ဘယ်, ညာ, အပေါ်, အောက် တို့မှာ padding ရှိပါတယ်၊ အထက်က ပုံမှာတော့ Padding လို့ရေးထားတဲ့ အဖြူရောင်အစိတ်အပိုင်းက Padding ရဲ့ပိုင်နက်ပါ၊ အဲ့ဒီ့ Padding ကိုတော့ Border နဲ့ ၀ိုင်းထားတယ်၊ အထက်က ပုံမှာ Border လို့ရေးထားတဲ့ အစိမ်းရင့်ရောင် နေရာကတော့ Border ပိုင်ဆိုင်တဲ့အစိတ်အပိုင်းပါ၊ Border ကိုတော့ Margin နဲ့ ၀ိုင်းထားတယ်၊ Margin လို့ရေးထားတဲ့ အဖြူရောင်အစိတ်အပိုင်းပါ၊  ဒီတော့ သေချာလေ့လာကြည့်ရင် Element တိုင်းမှာ padding ရှိမယ်၊ border ရှိမယ်၊ Margin ရှိမယ်၊ အထက်က ဥပမာလိုပဲ ၊ အထက်က ဥပမာက နားလည်စေချင်လို့ပြထားတာ၊ ဒါပေမယ့် တကယ်တော့ အဲ့ဒါမျိုးပေါ်နေမှာမဟုတ်ဘူး၊ သင့်ဝက်ဆိုက်မှာပေါ်နေမှာက how are you doing ဆိုတဲ့စာလုံးပဲပေါ်မှာ၊ အဲ့ဒီ့စာလုံးကိုမှ သင်က စိတ်ထဲက အလိုလို padding, border နဲ့ Margin တို့ပါတယ်လို့သိနေရမှာ၊ ဒီလို Element  တစ်ခုကို Padding, Border, Margin တို့နဲ့ ၀ိုင်းထားတာကို CSS Box Model လို့ခေါ်တယ်၊ အဲ့ဒီ့ Box Model မှာပါဝင်တဲ့ padding, border နဲ့ Margin တို့ကို CSS သုံးပြီး ပြုပြင်နိုင်တယ်၊ နေရာ ပိုယူသွားအောင် ပျောက်သွားအောင် အရောင်ပြောင်းသွားအောင် စသဖြင့် CSS သုံးပြီးမျိုးစုံပြုပြင်လို့ရတယ်၊
CSS သုံးပြီး Element တစ်ခုမှာပါတဲ့ Padding, Border, Margin တို့ကို ပြုပြင်ပြောင်းလဲချင်တယ်ဆိုရင်တော့ အဲ့ဒီ့ Element ယူထားတဲ့ နေရာ အကျယ် အ၀င်းကို အတိအကျသိဖို့လိုတယ်၊ ဒါမှ အဲ့ဒီ့ နေရာအကျယ်ကို အခြေခံပီး လိုသလိုပြုပြင်ပြောင်းလဲနိုင်မှာ၊ ဆိုကြပါစို့ သင်က <h1> how are you doing </h1> ဆိုတဲ့ Element ရဲ့ အကျယ် width ကို 300px ထားမယ် ဆိုရင်
စာသားရဲ့ အကျယ်ကို 250px , padding ရဲ့ အကျယ်ကို 10px, border ရဲ့ အကျယ်ကို 5px, Margin ရဲ့ အကျယ်ကို 10px ထားလိုက်နိုင်တယ်၊ ဒါဆိုရင် အားလုံးပေါင်း 300px ဖြစ်သွားမယ်၊ အကြောင်းက padding ရဲ့ အကျယ် 10px ဆိုတာ ညာဘက် ကို 10px ဘယ်ဘက်ကို 10px အပေါ်ကို 10px နဲ့ အောက်ကို 10px ထည့်တဲ့သဘော၊ ဒီတော့ ညာ နဲ့ ဘယ်က width မှာပါမယ်၊ အပေါ်နဲ့ အောက်က height မှာပါမယ်၊ အခုက element ရဲ့ width ကိုတွက်မှာဖြစ်တဲ့အတွက် ညာနဲ့ ဘယ်ကို ထည့်တွက်မယ်၊ ညာ က 10px ဘယ်က 10px ဆိုတော့ ပေါင်းလိုက်ရင် Padding ယူထားတဲ့ width က 20px, အဲ့ဒီ့လိုပဲ ညာ ကော ဘယ်မှာပါ border ယူထားတဲ့ အကျယ်က 5px စီ နှစ်ဖက် ဆိုတော့ 10px, ဒီလိုပဲ Margin 10px က နှစ်ဖက်ဆိုတော့ 20px, အားလုံးကိုပေါင်းရင် 300px ဖြစ်သွားမယ်၊ ဒါကတော့ h1 element ရဲ့ အကျယ်ပါ၊


250px (စာသား content ရဲ့ အကျယ်)
+ 20px (တစ်ဖက်ကို 10px စီနဲ့ ဘယ်ညာနှစ်ဖက်ပေါင်း Padding 20px)
+ 10px (တစ်ဖက်ကို 5px စီနဲ့ ဘယ်ညာ နှစ်ဖက်ပေါင်း Border 10px)
+ 20px (တစ်ဖက်ကို 10px စီနဲ့ ဘယ်ညာ နှဏ်ဖက်ပေါ်င်း Margin 20px)

အထက်က လို့ အကျယ် 300px ရှိတဲ့ Emenent တစ်ခုကိုတည်ဆောက်ဖို့အတွက် CSS ကိုသုံးပြီးအောက်က အတိုင်းရေးနိုင်ပါတယ်၊

width:250px;
padding:10px;
border:5px solid gray;
margin:10px;

Element တစ်ခုရဲ့ အကျယ်ဖြစ်စေ အမြင့် ဖြစ်စေ တစ်ခုခု ကိုတွက်တော့မယ်ဆိုရင်တော့ အထက်က အတိုင်း Padding , Border နဲ့ Margin တို့ကိုထည့်ပြီးတွက်ရပါတယ်၊

0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

တွက်ချက်ပါ






powered by calculator.net

ငွေအတွက်မပူပါနဲ့

ချက်ကြမယ်လေ


Try Relay: the free SMS and picture text app for iPhone.