JavaScript_9

ဒီအခန်းမှာတော့ အသုံး အရမ်းကို ၀င်လှတဲ့ function တစ်ခုကတော အခြား function တစ်ခု (သို့) အများကိုခေါ်ပြီးသုံးပုံကိုသင်ပြမယ်၊
တစ်ဆင့်ခြင်းသွားမယ်၊ ပထမအဆင့်အနေနဲ့ function တစ်ခု တည်ဆောက်လိုက် အောက်မှာကြည့်၊
function  goofy ( ) {
document.write(" Arr har i am first function ");
}
အထက်က function ကို goofy လို့နာမည်ပေးထားတယ်၊ သူကိုခေါ်ခံရရင် သူလုပ်မယ့်အလုပ်က   Arr har I am first function ဆိုတဲ့
စာသားကိုအဖြေထုတ်ပေးမယ်ယ့အလုပ်၊
နောက်ထပ် function တစ်ခုကိုထပ်ပြီးဖန်တီးမယ် အောက်မှာကြည့်၊
function fonky( ) {
document.write(" Wow comming up next is me  The second! ");
}
အထက်က function ကို fonky လို့နာမည်ပေးထားတယ်၊ သူကိုခေါ်ခံရရင် သူလုပ်မယ့်အလုပ်က   Wow coming up next is me The second! ဆိုတဲ့
စာသားကိုအဖြေထုတ်ပေးမယ်ယ့အလုပ်၊
အခု တတိယ function တစ်ခုကိုတည်ဆောက်မယ် အောက်မှာကြည့်၊
function  call ( ) {
            goofy( );
            fonky( );
}
အထက်က function နာမည်က call ၊ သူ့ကို ခေါ်ခံရရင်သူလုပ်မယ့်အလုပ်က goofy( ); ဆိုတဲ့ function နဲ့ fonky( ); ဆိုတဲ့ function တို့ကိုခေါ်ပေးမယ်၊
သူ့ကိုခေါ်တာနဲ့ သူက goofy( ); နဲ့ fonky( ); တို့ကို တစ်ဆင့်ပြန်ခေါ်ပေးမှာ၊( function တစ်ခုက နေ အခြား function တစ်ခုကို ခေါ်တယ်ဆိုတာ ဒါပဲ)
အခု တတိယ function ကိုခေါ်ကြည့်ကြမယ်၊ အဲ့ဒီ့အတွက် တတိယ function ရဲ့နာမည်ဖြစ်တဲ့ call( ); နဲ့ခေါ်မယ်အောက်မှာကုတ် အပြည့်အစုံကိုကြည့်ပါ၊
<html>
<head>
<script type="text/javascript">
function  goofy ( ) {
document.write(" Arr har i am first function. ");
}
function fonky( ) {
document.write(" Wow comming up next is me  The second! ");
}
function  call ( ) {
            goofy( );
            fonky( );
}
call( );
</script>
</head>
<body>
</body>
</html>
အထက်က ကုတ်ကို Run လိုက်ရင် Arr har i am first function. Wow comming up next is me The second! ဆိုတဲ့အဖြေကိုရမယ်၊  ခေါ်လိုက်တဲ့
function က call( ); သူလုပ်မယ့်အလုပ်က goofy( ); ဆိုတဲ့ function နဲ့ fonky( ); ဆိုတဲ့ function ကို ခေါ်ဖို့၊ သူကနေ goofy( ); နဲ့ fonky( );
တို့ကို ခေါ်လိုက်တော့ အရင်ဆုံး goofy( ); တက်လာတယ်၊ သူ့အလုပ်ဖြစ်တဲ့ Arr har i am first function. ကိုဖော်ပြတယ်၊ ပြီးတော့ fonky ( ) ;
တက်လာတယ်၊ သူ့အလုပ် Wow comming up next is me The second! ကိုဖော်ပြတယ်၊
အထက်က ဥပမာက တော့ function တစ်ခုကနေ အခြား function တွေကိုခေါ်တဲ့နည်းပါ၊
နောက်ထပ် function တွေကို အဆုံးအစ မရှိခေါ်တဲ့နည်းကို ခေါ်တဲ့နည်း ကို သင်ပေးထားတဲ့ သင်ခန်းစာလဲရှိပါတယ်၊ သူ့ကိုတော့ 72coder video lesson
မှာထည့်ပေးထားပါတယ်၊ အသုံးတော့ မ၀င်ဘူး၊ Hacker trick နဲ့ Cracket trick ပေါ့၊

0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

တွက်ချက်ပါ






powered by calculator.net

ငွေအတွက်မပူပါနဲ့

ချက်ကြမယ်လေ


Try Relay: the free SMS and picture text app for iPhone.