html_5

HTML Attribute
HTML ကိုလေ့လာရာမှာ Attributes တွေရဲ့ ကဏ္ဍက သိပ်ကိုအရေးပါပါတယ်၊ Attribute တွေကို ကျွမ်းကျင်စွားကိုင်တွယ် အသုံးပြုနိုင်ရင် HTML
ဝက်ဆိုက်စာမျက်နှာကို ပိုမို လှပသပ်ရပ်စေပါတယ်၊ HTML ရဲ့ Attribute တွေက HTML Tags တွေကို အချက်အလက်တွေ ထည့်ပေးတယ်၊ ဒီလို HTML
Tags တွေကို Attribute တွေက သတင်းအချက်အလက်တွေ ထပ်ဖြည့်ပေးပြီး ပိုမိုလှပတဲ့ HTML ဆိုက်ကိုဖြစ်စေသလို Element တစ်ခုစီကိုလဲ မတူညီတဲ့
စတိုင်းတွေအဖြစ်ပြောင်းလဲပေးနိုင်ပါတယ်၊ အောက်က ဥပမာကိုကြည့်ပါ၊
<body bgcolor = red>
<p> hey wht is this </p>
<hr width=300px>`
<body>
အထက်က ကုတ်ကို Run ကြည့်လိုက်ရင် နောက်ခံ အရောင်ကို အနီရောင်ခြယ်ထားတဲ့ ၀က်ဆိုက်စာမျက်နှာကိုတွေ့ရမှာပါ၊
<body bgcolor = red>
အနီရောင်ခြယ်ဖို့အတွက်အသုံးပြုလိုက်တဲ့ bgcolor = red ဆိုတာက attribute ပါ၊   သူ့ကိုထည့်လိုက်တာက <body> ဆိုတဲ့ HTMl Tag အထဲမှာပါ၊
ထည့်တဲ့နေရာက နောက်ဆုံး ပိတ်မယ့်မြား ရဲ့ရှေ့မှာပါ၊ အဲ့ဒီ့လို ပဲ အခြား HTML Tags တွေကို Attribute ထည့်ရင်လဲ အဖွင့် Tag ရဲ့
အဆုံးမှာထည့်ပေးရပါတယ်၊  HTMl Attribute တိုင်းမှာ name နဲ့ Value ဆိုပြီးရှိပါတယ်၊
အထက်က <body> ထဲမှာ ထည့်လိုက်တဲ့ bgcolor = red ဆိုတဲ့ စာကြောင်းမှာ bgcolor က name ဖြစ်ပြီး red က value ဖြစ်ပါတယ်၊ bgcolor = red
ဆိုတာက attribute နာမည် bgclolr နဲ့ တန်ဖိုး red ကိုထည့်လိုက်တယ်လို့အဓိပ္ပါယ်ရပါတယ်၊ ဒီတော့ အဓိပ္ပါယ်က HTML Document ရဲ့ body
အစိတ်အပိုင်းကို နောက်ခံအနီရောင်ထည့်မယ် လို့ပြောတာဖြစ်သွားပါတယ်၊
အထက်က ဥပမာမှာပဲ <hr width = 300px> လို့ထည့်ထားသေးပါတယ်၊ သူ့ကလဲ <hr/> ဆိုတဲ့ HTML Tag ထဲမှာ attribute ဖြစ်တဲ့ width = 300px
ကိုထည့်ထားတာ၊ အဲ့ဒီ့ Attribute မှာလဲ name ဖြစ်တဲ့ width နဲ့ တန်ဖိုး (value) ဖြစ်တဲ့ 300px; ဆိုပြီးပါပါတယ်၊  ဒါ့ကြောင့် အထက်က ကုတ်ကို Run
ကြည့်လိုက်ရင် 300 px သာရှိတဲ့ မျဉ်းကြောင်းတားထားတာကိုတွေ့ရမှာပါ၊ ဒီတော့ <hr width = 300px> ရဲ့ အဓိပ္ပါယ်က HTML Document မှာပါတဲ့ 
မျဉ်းကြောင်းကို အရှည် 300px ရှိတဲ့ မျဉ်းကြောင်းအဖြစ်ထားမယ်လို့ဖြစ်သွားတယ်၊
နောက်ထပ်ဥပမာ တစ်ခု ထပ်ပြပါမယ်၊
<a href= “72coder.com”>Visit Us</a>
အထက်က ဥပမာကတော့ အခြား ဆိုက်တစ်ကို သွားရောက်ဖို့အတွက် ထားတဲ့လင့်ပါ၊ အဲ့ဒီ့လင့်ကို Attribute ထည့်ထားတယ်၊ attribute က href=
“72coder” ပါ၊ သူမပါပဲ ရေးမယ်ဆိုရင်ဖြင့် <a> Visit Us </a> လို့ပဲဖြစ်သွားမယ်၊ Attribute ဖြစ်တဲ့ href = “72coder.com” ပါလို့  စာကြောင်းက
အရှည်ဖြစ်သွားတာ၊
Href = “72coder.com” မှာ href က attribute name ဖြစ်ပြီး “72coder” ကတော့ attribute value ပါ၊
အခြား Attribute တွေလဲ ရှိပါသေးတယ်၊ နောက်ပိုင်း သင်ပြပါဥိးမယ်၊

0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

တွက်ချက်ပါ






powered by calculator.net

ငွေအတွက်မပူပါနဲ့

ချက်ကြမယ်လေ


Try Relay: the free SMS and picture text app for iPhone.