C+ lesson 9

ဒီအခန်းမှာတော့ function ထဲကို parameter တွေထည့်ပြီး အသုံးပြု ပုံကို သင်ပြပေးပါမယ်၊  ရှေ့ အခန်း က သင်ခန်းစာကိုသေချာနားလည်ထားဖို့တော့လိုတယ်၊ ပုံမှန် ရှိနေမယ့် main function ကို အရင်ချရေးလိုက်မယ်၊ အောက်မှာကြည့်၊
#include <iostream>

using namespace std;


int main()
{
     waiferkolar();
    return 0;
}
အထက်က တွေ့ရမယ့် ကုတ်တွေက သင်မရေးလဲ code block က Project အသစ်တိုင်းအတွက်ရေးထားမယ့် ကုတ်တွေပါ၊ အခု အဲ့ဒီံ ကုတ်တွေထဲမှာ function  တစ်ခု တည်ဆောက်လိုက်မယ်၊ အဲ့ဒီ့ function ရဲ့နာမည်ကို သင်ကြိုက်ရာပေးနိုင်တယ်၊ ဒါပေမယ့် function နာမည်နောက်မှာရှိတဲ့ လက်သဲကွင်း ထဲမှာတော့ Parameter တစ်ခုထည့်လိုက်မယ်၊ အောက်မှာကြည့်လိုက်၊
void waiferkolar (int x){

}
အထက်မှာတော့ waiferkolar ဆိုတဲ့ function တစ်ခုကိုတည်ဆောက်လိုက်ပြီ၊ ထူးခြားတာက လက်သဲကွင်းထဲက x ပါ၊ သူကိုတော့ Parameter လို့သတ်မှတ်တယ်၊ အခု Parameter တစ်ခုရှိတယ်ပေါ့၊ Parameter တွေကို သတ်မှတ်တဲ့ အခါ Data type တွေကိုပါထည့်ပြီး သတ်မှတ်ပေးရတယ်၊ ဘယ်လို data type သုံးမလဲပေါ့၊ အခုသုံးမှာက ဂဏန်းတန်ဖိုးကိုပဲ သုံးမှာဖြစ်တဲ့ အတွက် integer အဖြစ် သတ်မှတ်ထားတယ်၊ Parameter က x
အိုကေ၊ အခု wafierkolar ဆိုတဲ့ function ကိုခေါ်တဲ့ အခါ သူလုပ်မယ့် အလုပ်ကို ရေးလိုက်မယ်၊
Void waiferkolar ( int x) {
Cout << “waiferkolar age is” << x << endl;
}
အထက်မှာရေးလိုက်တာက waiferkolar ဆိုတဲ့ function ကို အခေါ်ခံရရင် waiferkolar age is x ဆိုတဲ့အဖြေကိုပေးခိုင်းတာ၊ ဒီမှာ x က မသိကိန်းတစ်ခုပါ၊ သူ့ရဲ့တန်ဖိုးကတော့ သင်ထည့်တဲ့တန်ဖိုး ပေါ်မူတည်တယ်၊ သင်ကြိုက်တဲ့ တန်ဖိုးထည့် အဲ့ဒီ့တန်ဖိုး က x  ရဲ့တန်ဖိုးဖြစ်သွားပြီး x နေရာမှာ အစားထိုး ၀င်လာလိမ့်မယ်၊ ဥပမာ သင်က 27 လို့ထည့်လိုက်ရင်  waiferkolar age is 27 လို့ဖြစ်သွားမယ်၊ ဒီတော့ သင်က ဘယ်နေရာမှာ x တန်ဖိုးကိုထည့်ရမှာလဲ၊ သင်ထည့်ရမယ့် နေရာက main function ထဲမှာ ရေးထားတဲ့ waiferkolar function ကိုခေါ်တဲ့ လက်သဲကွင်းထဲမှာပါ၊ အောက်မှာကြည့်ပါ၊
#include <iostream>

using namespace std;

void waiferkolar (int x){
    cout << "waiferkolar age is " << x << endl;
}

int main()
{
    waiferkolar(26);
    return 0;
}
အထက် က ကုတ်ကို Run လိုက်တာနဲ့ main function ထဲမှာရှိတဲ့ waiferkolar( 26) က နေပြီး အပေါ်က waiferkolar function ကိုခေါ်မယ်၊ ခေါ်တာနဲ့ တစ်ပြိုင်ထဲမှာပဲ waiferkolar( 26) က သူ့ရဲ့ လက်သဲကွင်းထဲမှာရှိတဲ့ Parameter တစ်ခုဖြစ်တဲ့ 26  ကို အပေါ်က waiferkolar function ကိုလှမ်းပေးလိုက်မယ်၊ ဒါကို အပေါ်က waiferkolar function က ယူပြီး သူ့ရဲ့ Parameter ဖြစ်တဲ့ (int x) ထဲမှာ အစားထိုးလိုက်မယ်၊ ဒီတော့ x ရဲ့ တန်ဖိုးက  26 ဖြစ်သွားမယ်၊ ဒါကြောင့် waiferkolar fucntion ကိုခေါ်လိုက်တာနဲ့ အဖြေထုတ်ပေးဖို့အလုပ်လုပ်ရင် x ရဲ့တန်ဖိုးကို 26 လို့သတ်မှတ်ပြီးအလုပ် လုပ်တယ်၊ ဒါကြောင့်ပဲ အဖြေမှာ cout << “waiferkolar age is << x << endl; အစား  cout << “ waiferkolar age is << 26 << endl;  အစားထိုး ပြီး အဖြေထုတ်လိုက်တယ်၊
တကယ် ကွန်ပြူတာ မျက်နှာပြင်မှာ အဖြေထုတ်တော့ waiferkolar age is 26 လို့ထုတ်ပေးမယ်၊
ဒီတော့ main function ထဲမှာရှိတဲ့ waiferkolr (26) က 26 နေရာမှာ ဘာ နံပါတ်ကိုပြောင်းပြောင်း အဲ့ဒီ့နံပါတ်ကို  အပေါ်က waiferkolar  functoin ကိုပို့ပေးမယ်၊ အဲ့ဒီ့ မှာ x ရဲ့တန်ဖိုးပြောင်းသွားမယ်၊ အဲ့ဒီ့ ပြောင်းသွားတဲ့ တန်ဖိုးကိုသုံးပြီး x နေရာမှာ အဖြေထုတ်ပေးမယ်၊
အထက်က ဥပမာ ကိုသေချာနည်းလည်အောင်လေ့လာပါ၊ နောက်တစ်ခန်းမှာ Parameter နှစ်ခု နဲ့ အလုပ်လုပ်ပုံကိုသင်ပေးမယ်၊ ဒီအခန်းကို မကြေငြက်ရင်နောက်အခန်းခက်သွားမယ်၊
သင်ခန်းစာတွေကို ပိုပြီးရှင်းရှင်း လင်းလင်း လေ့လာချင်ရင် 72coder ရဲ့ သင်ခန်းစာ 600 ကျော်ပါတဲ့ video မှာလေ့လာနိုင်ပါတယ်၊ အဲ့ဒီ့မှာတော့ လက်တွေ့ကွန်ပြူတာမှာ Screen recording လုပ်ပြီး အသံနဲ့ ပါရှင်းပြထားတဲ့အတွက် သင့်ရှေ့မှာ ထိုင်ပြီး ကွန်ပြူတာ နဲ့ ရှင်းပြနေသလို ရှင်းရှင်းလင်းလင်းလေ့လာနိုင်မှာပါ၊

0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

တွက်ချက်ပါ






powered by calculator.net

ငွေအတွက်မပူပါနဲ့

ချက်ကြမယ်လေ


Try Relay: the free SMS and picture text app for iPhone.