html5_1


What is HTML5
HTML5 ဆိုတာက HTML , XHTML, CSS  နဲ့ JavaScript တို့ကိုပေါင်းစပ်ထားတဲ့ ဘာသာစကားပါ၊ HTML5 ကိုအသုံးပြုခြင်းအားဖြင့် သင့်ရဲ့ ၀က်ဆိုက်က
တကယ့်ကို Dynamic ဖြစ်သွားပြီး သင့်ရဲ့ website Developing အရေအသွေးလဲ တဆင့်တိတိ သာသာမြင့်တတ်သွားမှာပါ၊ 72CODER က သင်ကြားပေးတဲ့
HTML5 သင်ခန်းစာကိုလေ့လာဖို့အတွက် Notepad++ နဲ့ Google Chrome တို့ကိုလိုအပ်ပါတယ်၊ Notepad++ က အကောင်းဆုံး Text Editor ဖြစ်ပြီး
Google Chorme ကတော့ HTML5 အပါအ၀င် အခြား ဘာသာစကားတွေကို အကောင်းဆုံး ဖတ်နိုင်ဖို့အတွက် အမြဲတမ်း အဆင့်မြင့်ထားတဲ့ Update
လုပ်ထားတဲ့ Browser ဖြစ်ပါတယ်၊ ဒါ့အပြင် 72CODER က သင်ပြတဲ့ HTML5 ကုတ်တွေကိုလဲ Google Chrome နဲ့ ပဲ စမ်းသပ်သွားမှာပါ၊ ဒါ့ကြောင့် Google
Chrome ကိုသုံးပါလို့ တိုက်တွန်းပါတယ်၊ Google Chorme Latest Version နဲ့ Notepad++ တို့ကိုအောက်မှာဒေါင်းလုပ်ရယူနိုင်ပါတယ်၊
Google Chrom ဒေါင်းလုပ်ရယူရန်
Notepad++ ဒေါင်းလုပ်ရယူရန်၊
ဒီသင်ခန်းစာကိုသင်သွားတဲ့အခါ ကုတ်တွေကိုတစ်ခုစီသီးသန့် မသင်ပေးသွားပဲ လက်တွေ့ ၀က်ဆိုက်ကို HTML5 အသုံးပြုပြီးဆွဲသွားမှာပါ၊ သင့်အနေနဲ့
HTML (သို့ XHTML) , CSS , JavaScript တို့ကိုမတတ်ထားရင် တော့ ဒီသင်ခန်းစာကို လိုက်ရတာ ခက်ခဲပါမယ်၊ မတတ်သေးရင်တော့ 72CODER ရဲ့
HTML, CSS, JavaScript တို့နဲ့ ပက်သက်တဲ့အခန်းမှာလေ့လာနိုင်ပါတယ်၊
Opening and Saving File
သင်ခန်းစာစတင် ဖို့အတွက် Notepad ++ ကိုဖွင့်လိုက်ပါ၊ အောက်က အတိုင်း
အထက်က ပုံစံအတိုင်း Notepad++ ကိုဖွင့်ပြီးသွားရင်ဖြင့် ဖိုင်အသစ်တစ်ခုကိုဖွင့်လိုက်ပါ၊ ဖိုင်အသစ်တစ်ခုကို အပေါ်ဆုံး Menu bar က file ကို
ခလစ်တစ်ချက်နှိပ်ပြီး ကျလာတဲ့ Submenu ထဲက New ကိုခလစ်တစ်ချက်နှိပ်ပြီးဖွင့်နိုင်သလို၊ Menu Bar ရဲ့အောက်က Tool bar မှာရှိတဲ့
စာရွက်အဖြူပုံလေးနဲ့ အောက်မှာ အစိမ်းရောင်အ၀ိုင်းလေးအတွင်း အပေါင်းလက္ခဏာ ပြထားတဲ့ ပုံလေးမှာခလစ်တစ်ချက်နှိပ်ပြီးလဲ ဖွင့်နိုင်တယ်၊ သင်ရဲ့
Notepad++ က အဖြူရောင်ဖြစ်နေလိမ့်မယ်၊ အခြား အရောင်ပြောင်းချင်ရင်တော့ Settings ထဲမှာ ၀င်ပြောင်းနိုင်တယ်၊ ပြီးရင်တေ့ အခု
သင်ရေးထားတဲ့ဖိုင်ကိုသိမ်းဖို့လိုပါတယ်၊ သိမ်းဖို့အတွက် Menu bar က file ကိုတစ်ချက်ခလစ်နှိပ်ပါ၊ ပြီးရင် ကျလာတဲ့ Submenu ကနေ Save As
ကိုနှိပ်လိုက်ပါ၊ ဒါဆိုရင်တော့ သင်ရွေးပြီးသိမ်းချင်တဲ့နေရာကိုသွားပါ၊ သိမ်းတဲ့အခါ သတိထားရမယ့်အချက်နှစ်ချက်ရှိတယ်၊ ပထမတစ်ချက်က ဖိုင်နာမည်ပါ၊
ကြိုက်တဲ့နာမည်ပေးနိုင်ပါတယ်၊ နောက်တစ်ချက် အရေးကြီးတာကတော့ Save as type ပါ၊ သိမ်းမယ့် ဖိုင်က HTML5 ဖိုင်ဖြစ်တာကြောင့် Save as type မှာ
html ပါတဲ့ ဖိုင်အမျိုးအစားကိုရွေးပါ၊ အောက်က အတိုင်း


အထက်က ပုံစံအတိုင်း Notepad++ ကိုဖွင့်ပြီးသွားရင်ဖြင့် ဖိုင်အသစ်တစ်ခုကိုဖွင့်လိုက်ပါ၊ ဖိုင်အသစ်တစ်ခုကို အပေါ်ဆုံး Menu bar က file ကို
ခလစ်တစ်ချက်နှိပ်ပြီး ကျလာတဲ့ Submenu ထဲက New ကိုခလစ်တစ်ချက်နှိပ်ပြီးဖွင့်နိုင်သလို၊ Menu Bar ရဲ့အောက်က Tool bar မှာရှိတဲ့
စာရွက်အဖြူပုံလေးနဲ့ အောက်မှာ အစိမ်းရောင်အ၀ိုင်းလေးအတွင်း အပေါင်းလက္ခဏာ ပြထားတဲ့ ပုံလေးမှာခလစ်တစ်ချက်နှိပ်ပြီးလဲ ဖွင့်နိုင်တယ်၊ သင်ရဲ့
Notepad++ က အဖြူရောင်ဖြစ်နေလိမ့်မယ်၊ အခြား အရောင်ပြောင်းချင်ရင်တော့ Settings ထဲမှာ ၀င်ပြောင်းနိုင်တယ်၊ ပြီးရင်တေ့ အခု
သင်ရေးထားတဲ့ဖိုင်ကိုသိမ်းဖို့လိုပါတယ်၊ သိမ်းဖို့အတွက် Menu bar က file ကိုတစ်ချက်ခလစ်နှိပ်ပါ၊ ပြီးရင် ကျလာတဲ့ Submenu ကနေ Save As
ကိုနှိပ်လိုက်ပါ၊ ဒါဆိုရင်တော့ သင်ရွေးပြီးသိမ်းချင်တဲ့နေရာကိုသွားပါ၊ သိမ်းတဲ့အခါ သတိထားရမယ့်အချက်နှစ်ချက်ရှိတယ်၊ ပထမတစ်ချက်က ဖိုင်နာမည်ပါ၊
ကြိုက်တဲ့နာမည်ပေးနိုင်ပါတယ်၊ နောက်တစ်ချက် အရေးကြီးတာကတော့ Save as type ပါ၊ သိမ်းမယ့် ဖိုင်က HTML5 ဖိုင်ဖြစ်တာကြောင့် Save as type မှာ
html ပါတဲ့ ဖိုင်အမျိုးအစားကိုရွေးပါ၊ အောက်က အတိုင်း


အထက်က ဥပမာ မှာပြထားတဲ့ အတိုင်း Save as type မှာ Hyper Text markup Language file ဆိုတဲ့စာသားပါတဲ့ ဖိုင်အမျိုးအစားကိုရွေးလိုက်ပါ၊
ဒါဆိုရင်တော့ သင်ရွေးထားတဲ့ file name နေရာမှာအောက်က အတိုင်းပြောင်းသွားမယ်၊


အထက်က ဥပမာ ရှိ File name မှာ မူရင်းနာမည်ပေးထားတုံးက waiferkolar ပါပဲ၊ ဒါပေမယ့် Save as type မှာ html ဖိုင်အမျိုးအစားကိုရွေးလိုက်တော့
ဖိုင်နာမည်နေရာမှာ waiferkolar နောက်က .html ဆိုပြီးအလိုလျှောက်ထပ်ဖြည့်ပေးပါတယ်၊ အထက်က အတိုင်းအားလုံး အိုကေ ရင်ဖြင့် Save
ကိုခလစ်တစ်ချက်နှိပ်ပြီး သိမ်းပါ၊ သင်သိမ်းလိုက်တာ အောင်မြင်တယ်ဆိုရင်ဖြင့် စောစောပိုင်းက သင်ဖွင့်ထားတဲ့ Notepad++ ရဲ့ ဖိုင်အသစ်က
နာမည်ပြောင်းသွားမယ် အောက်က အတိုင်း



အထက်က မြားပြထားတဲ့နေရာက ဖိုင်အသစ်ဖွင့်ထားတဲ့နေရာပါ၊ အဲ့ဒီ့ဖိုင်ကို နာမည်ပေးပြီးသိမ်းလိုက်ပြီးနောက်တော့  ပေးထားတဲ့နာမည်ကို
ပဲဖော်ပြတော့ပါတယ်၊ မြန်မာစာကိုသုံးချင်တယ်ဆိုရင်တော့ Encoding မှာ Encode in UTF-8 ကိုခလစ်တစ်ချက်နှိပ်လိုက်ပါ၊ အောက်က အတိုင်း

အထက်က မြားအနီပြထားတဲ့နေရာမှာ ခလစ်တစ်ချက်နှိပ်ရင်ဖြင့် မြန်မာစာရေးလို့ရပါပီ၊
အဲ့ဒီ့မြားအနီနေရာမှာခလစ်တစ်ချက်နှိပ်ပြီးတာနဲ့ မြားအစိမ်း ပြထားတဲ့နေရာမှာ UTF-8 လို့ပြောင်းပြီးပေါ်နေမှာပါ၊
HTML5 Frame စတင်ရေးခြင်း
အခု HTML5 ၀က်ဆိုက်အတွက် Frame ကိုစရေးမယ်၊ 72CODER ရဲ့ HTML, CSS, သင်ခန်းစာတွေကိုလေ့လာပြီးသူတွေအနေနဲ့တော့လွယ်ပါတယ်၊

မလေ့လာရသေးသူတွေအနေနဲ့ HTML, CSS တို့ကိုသွားလေ့လာပါ၊ ဒီမှာ အကြမ်းဖျင်းပဲရှင်းမယ်၊ အခု သင့်ရဲ့ notepa++ ထဲကိုအောက်က HTML

Tags
တွေကိုရေးထည့်လိုက်ပါ၊



အထက်က နံပါတ် 1 စာကြောင်းမှာ <!doctype html> လို့ရေးထားတယ်၊ doctype ဆိုတာက document type စာတမ်းအမျိုးအစား(ဘာသာစကား
အမျိုးအစား) ကိုပြောတာ၊ အခုရေးမယ့်စာတမ်း အမျိုးအစားက html ဖြစ်တယ်၊ ဒါကြောင့် <!doctype html> လို့ရေးတာ၊ ပြီးရင်တော့ <html> အဖွင့်နဲ့
</html> အပိတ်တို့ကိုရေး၊ တစ်ခုသတိပြုရမှာက <html> အဖွင့် Tag ရဲ့အထဲမှာ Attribute အဖြစ် lang= “en” လို့ထည့်ထားတယ်၊ အဓိပ္ပါယ်ကတော့
သုံးမယ့် ဘာသာစကား language က en (english) ဖြစ်တယ်လို့ရေးထားတာ၊ နောက်တစ်ဆင့်မှာတော့ <head> အဖွင့်နဲ့ အပိတ် Tags
တို့ကိုရေးတယ်၊ ပြီးရင် အဲ့ဒီ့ အဖွင့်  <head> နဲ့ အပိတ် </head> တို့ကြားမှာမှ <meta > လိုက်တယ်၊ တကယ်တော့ meta ကိုသုံးပြီး သင့်ဝက်ဆိုက်ရဲ့
keyword တွေထည့်ရတယ်၊ description တွေကိုထည့်ရပါတယ်၊ အခုတော့ <meta> Tag ရဲ့အထဲမှာ Attribute အဖြစ် charset= “utf-8”
လို့ထည့်ထားတယ်၊ အဓိပ္ပါယ်ကတော့ Charater Setting ပါ၊ ဘယ်လို စာလုံးအမျိုးအစားကိုသုံးမှာလဲ ဆိုတာကို ဖော်ပြပေးတာပါ၊ အခုသုံးမှာကတော့
Unicode အမျိုးအစားဖြစ်တဲ့ utf-8 ကိုသုံးမှာဖြစ်တယ်လို့ ပြောချင်လို့ ရေးမယ့် html ဖိုင်ရဲ့ အဖွင့် Tag မှာ Attribute အဖြစ် charset= “utf-8”
လို့ထည့်ပေးတာ၊ <meta> Tag က self closing Tag ပါ ဒါ့ကြောင့် နောက်ဆုံး မှာ / မျဉ်းစောင်းခံပြီး သူ့ကိုသူပြန်ပိတ်ထားတယ်၊ နောက်တစ်ဆင့်ကတော့
<title> ပါ၊ သူကတော့ ၀က်ဆိုက်နာမည်ကို ရေးရတဲ့နေရာ၊ သင်ကြိုက်တဲ့နာမည်ကိုပေးနိုင်တယ်၊ နောက်တစ်ဆင့်မှာ <link href=”style.css” rel=
“stylesheet” type=”text/css”> ဆိုတဲ့စာကြောင်းပါ၊ ဒါကတော့ အခုလက်ရှိ ဖိုင်ကိုပြင်ပြဖိုင်တစ်ခုဖြစ်တဲ့ style.css ဆိုတဲ့ CSS ဖိုင်နဲ့ချိတ်ဆက်တာပါ၊
ချိတ်ဆက်တဲ့အခါ သုံးတဲ့ link ဆိုတာက ပြင်ပ ဖိုင်ကိုချိတ်ဆက်မယ်ဆိုတဲ့အခါ သုံးရတဲ့ Tag ပါ၊ href ကတော့ ချိတ်ဆက်မယ့်ဖိုင်ရင် hyper refrence
(တည်နေရာ နဲ့ နာမည်) ကိုဖော်ပြပါတယ်၊  rel= “stylesheet” ကတော့ သင့်ချိတ်ဆက်မယ့်ဖိုင်က လက်ရှိ html ဖိုင်နဲ့ ဘယ်လို ပတ်သတ်နေသလဲ
ဆိုတာကို ဖော်ပြတာပါ၊ လက်ရှိ html ဖိုင်ရဲ့ အလှဆင်မယ့် CSS ဖိုင်ဖြစ်တာကြောင့် “stylesheet” လို့ရေးထားတယ်၊ type ကတော့ ချိတ်ဆက်မယ့်ဖိုင်
အမျိုးအစားပါ၊ “text/css” လို့ရေးထားတယ်၊ အဓိပ္ပါယ်ကေ]တာ့ အခုချိတ်ဆက်မယ့်ဖိုင်က စာသားတွေရေးထားတယ်၊ css ဆိုတဲ့
ဘာသာစကားကုတ်တွေရေးထားတယ်လို့ပြောတာပါ၊
အထက်က ကုတ်တွေကို ရေးပြီးသွားရင်တော့ အဲ့ဒီ့ဖိုင်ကိုသိမ်းလိုက်ပါ၊ ပထမဆုံးတစ်ကြိမ်သိမ်းပြီးပီဖြစ်တဲ့အတွက် ဒီတစ်ကြိမ်သိမ်းရင် Tool bar က
ဘယ်ဘက်က စရေရင် တတိယမြောက် icon လေးကိုနှိပ်လိုက်ရင်ရပါပီ၊ ပြီးရင် Menu bar က နေ Run ကိုခလစ်တစ်ချက်နှိပ်ပြီး ကျလာတဲ့ submenu
ကနေ launch in Chrome ကိုခလစ်တစ်ချက်နှိပ်လိုက်ပါ၊ အောက် မှာ ပုံနဲ့ပြထားတယ်၊


အထက်ကပုံမှာပြထားတဲ့အတိုင်း ဖိုင်ကိုရေးပြီးရင် အနီရောင်မြားပြထားတဲ့ icon ကိုခလစ်တစ်ချက်နှိပ်ဒါဆိုရင် အလိုလို သိမ်းသွားလိမ့်မယ်၊ ပြီးရင်
အစိမ်းရောင်မြားပြထားတဲ့ launch in Chrome ကိုတစ်ချက်နှိပ်ဒါဆိုရင် တော့ သင့်ဝက်ဆိုက်ကို Chrome မှာအလိုလျှောက်ဖွင့်ပေးလိမ့်မယ်၊


အထက်က တော့ သင့်ဝက်ဆိုက်ကို Google Chrome မှာမြင်တွေ့ရတဲ့ပုံစံပါ၊ အနီရောင်မြားပြထားတဲ့နေရာမှသင် title မှာပေးခဲ့တဲ့ ၀က်ဆိုက်နာမည်ပါ၊
အစိမ်းရောင်မြားပြထားတာကတော့ သင့်ကွန်ပြူတာထဲမှာ ၀က်ဆိုက် ရေးထားတဲ့ဖိုင်က ဘယ်နေရာမှာရှိလဲဆိုတာကိုပြပါတယ်၊ အဲ့ဒီ့မှာမြင်နေရတဲ့
အဖြူရောင်မျက်နှာပြင်ကတော့ သင့်ရဲ့ ၀က်ဆိုက်ရှိ body အစိတ်အပိုင်းပါ၊ အဖွင့် <body> နဲ့ အပိတ် </body> တို့ကြားမှာရေးသမျှ စာတွေ ပုံတွေ
ကုတ်တွေ အားလုံး အဲ့ဒီ့ အဖြူရောင်မျက်နှာပြင်မှာပေါ်တယ်၊

0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

တွက်ချက်ပါ






powered by calculator.net

ငွေအတွက်မပူပါနဲ့

ချက်ကြမယ်လေ


Try Relay: the free SMS and picture text app for iPhone.