css_8


Link Properties
CSS ကိုအသုံးပြုပြီး HTML Document ထဲက လင့်တွေကို CSS အသုံးပြုပြီး လင့်တွေမှာသုံးထားတဲ့ စာလုံးအရွယ်အစား၊ စာလုံးအရောင် နဲ့ နောက်ခံအရောင်တွေကိုပြောင်းလဲနိုင်ပါတယ်၊
မပြောင်းထားတဲ့လင့်တွေက Default ပုံစံပဖြစ် အပြာရောင် နဲ့ လင့်ရဲ့အောက်မှာ မျဉ်းတားထားပါတယ်၊ အခု အဲ့ဒီ့လင့်တွေကို သေချာ အလှဆင်ပြီးပြောင်းလဲမယ်၊
လင့်တွေကိုပြောင်းလဲတော့မယ် အလှဆင်တော့မယ်ဆိုရင်ဖြင့် အခြေအနေလေးမျိုးပေါ်မှာ မူတည်ပြီး ပြောင်းလဲနိုင်တယ်၊ အောက်မှာ အခြေအနေလေးမျိုးကိုရှင်းမယ်၊
  • a:link -  ပုံမှန် သင့်ဝက်ဆိုက်မှာပေါ်နေမယ့်လင့်၊ ဘာမှ အလှမဆင်ရသေးဘူး၊ ခလစ်မနှိပ်ရသေးဘူး၊
  • a:visited -  အသုံးပြုသူ သင့်ဝက်ဆိုက်လာလည်သူ ခလစ်နှိပ်ပြီးသွားတဲ့ လင့်
  • a:hover -  အသုံးပြုသူ သင့်ဝက်ဆိုက်လာလည်သူက Mouser (pointer) ကိုလင့်ပေါ်မှာ တင်လိုက်တဲ့အချိန်၊ မနှိပ်ဘူး လင့်ပေါ်မှာတင်လိုက်တာ၊
  • a:active -  လင့်ပေါ်မှာ  ခလစ်နှိပ်လိုက်တဲအချိန်၊
ဥပမာ အနေနဲ့ <li> Tag နဲ့ မှတ်သားထားတဲ့ HTML document ထဲက လင့်တွေကိုရောင်ပြောင်းချင်တယ်ဆိုပါစို့ ဒါဆိုရင်အောက်က အတိုင်းရေးနိုင်တယ်၊

ံHTML Document
<html>
<head>
<link href= "coder.css" rel="stylesheet" type="text/css">
</head>
<body>
<a href="72coder.com">ဒါကလင့်</a><br/>
<a href="72coder.com">ဒါကလင့်</a><br/>
<a href="72coder.com" target="_blank">ဒါကလင့်</a><br/>
</body>
</html>

CSS File
a {color:red;}     
a:visited {color:blue;} 
a:hover {color:yellow;} 
a:active {color:brown;} 
အထက်က ဖိုင်နှစ်ခုကို Run လိုက်ရင်အောက်ကလို လင့်သုံးခု ပါတဲ့စာမျက်နှာကိုတွေ့ရမယ်၊

အထက်က လိုလင့်သုံးခုကိုတွေ့ရင်ဖြင့် အဲ့းဒီ့လင့်တွေရဲ့ပေါ်မှာ သင့်ကွန်ပြူတာရဲ့ pointer ကိုတင်လိုက်ပါ၊ မနှိပ်နဲ့ တင်ရုံတင်တင်လိုက်၊ ဒါဆိုရင်တော့ အ၀ါရောင်ပြောင်းသွားမယ်၊ CSS ဖိုင်မှာ a:hover {color:yellow;} ဆိုပြီး လင့်ပေါ်ကို cursor (pointer) တင်လိုက်ရင် အ၀ါရောင်ကိုပြောင်းလို့ အမိန့်ပေးထားလို့၊ ခလစ်နှိပ်လိုက် ရင်တော့ နှိပ်နေဆဲ အချိန်ခဏလေးအတွေင်း မှာ အညိုရောင်ပြောင်းသွားမယ်၊ CSS ဖိုင်မှာ a:active {color:brown;} ဆိုပြီး ခလစ်နှိပ်ခံရရင်ဖြင့် အညိုရောင်ပြောင်းလို့ အမိန့်ပေးထားလို့၊ ခလစ်နှိပ်ပြီးသွားရင်တော့ ခလစ်နှိပ်ပြီးသွားတဲ့ အရာင်ကို အပြာရောင်အဖြစ်ပြောင်းပေးလိမ့်မယ်၊ CSS ဖိုင်မှာ a:visited {color:blue;} ဆိုပြီး ခလစ်နှိပ်ပြီးသား လည်ပတ်ပြီးသား လင့်ကို အပြာရောင်ပြောင်းလို့ သတ်မှတ်ထားလို့၊  
အထက်က ဥပမာ ကိုသေချာလေ့လာပြီး လင့်တွေကို အခြေအနေ အမျိုးအမျိုးမှာ အရောင်အမျိုးမျိုးထည့်ပြီးစမ်းသပ်ကြည့်ပါ၊
လင့်တွေအားလုံးကို သုံးထည့်သုံးရင်တော့ အစီအစဉ်တစ်ကျသုံးဖို့လိုပါတယ်၊ (တစ်ခုစီကိုပဲ ခေါ်သုံးရင်တော့ ကိစ္စမရှိဘူး) အားလုံးကိုခေါ်သုံးမယ်ဆိုရင်ဖြင့် ပထမဆုံး a:link လိုက်ရမယ်၊ ဒုတိယ a:visited လင့်လိုက်ရမယ်၊ တတိယ a:hover လင့်လိုက်ရမယ်၊ စတုတ္ထ a:active လင့်လိုက်ရမယ်၊

နောက်ထပ်လေ့လာစရာတစ်ခုကတော့ လင့်မှာပါတဲ့ စာလုံးတွေကို အလှဆင်မူပါ၊ ဒီ့အတွက် သုံးတာကတော့ text decoration ကိုသုံးတယ်၊ သူ့ကိုတော့ အများဆုံးသုံးတာက လင့်တွေရဲ့အောက်မှာ underline ဆိုတဲ့ အောက်မျဉ်း မပါစေလိုတဲ့အခါ အသုံးများတယ်၊ အထက်မှာ သုံးခဲ့တဲ့ HTML Document နဲ့ CSS ဖိုင်တို့ကနေ CSS ဖိုင်ထဲကို အောက်ကစာကြောင်းထပ်ထည့်လိုက်ပါ၊
a:link {text-decoration:none;}
အထက်က အတိုင်းစာကြောင်းကို CSS ဖိုင်ထဲကိုထပ်ဖြည့်လိုက်ရင်ဖြင့် Run လိုက်တဲ့အခါ လင့်ချိတ်ထားတဲ့စာသားတွေကို underline အောက်ခံစာကြောင်းမပါပဲ တွေ့မြင်ရမှာပါ၊ အောက်မှာဥပမာ ကြည့်ပါ၊


အထက်က လင့်တွေမှာ တားထားတဲ့အောက်က မျဉ်းကြောင်းတွေကိုဖြုတ်တဲ့ နည်းပါ၊ တကယ်လို့ လင့်နဲ့ ပတ်သတ်တဲ့အခြား အခြေအနေတွေမှာ အောက်က မျဉ်းကြောင်းပါချင်ရင်လဲ မျဉ်းကြောင်းပါလိုတဲ့ အခြေအနေမှာ အောက်က အတိုင်း ရေးနိုင်ပါတယ်၊ (အောက်ကတော့ဥပမာပါ၊ သင့်လက်တွေ့အလုပ်လုပ်တဲ့အခါတော့ ကြိုက်တဲ့ အခြေအနေကိုရွေးပြီးလုပ်နိုင်ပါတယ်၊)
a:link {text-decoration:none;}
a:visited {text-decoration:none;}
a:hover {text-decoration:underline;}
a:active {text-decoration:underline;}

လင့်တွေရဲ့ background အရောင်ကိုလဲ  သင်ကြိုက်တဲ့အရောင်ပြောင်းနိုင်ပါတယ်၊  link, visited, hover, active ဆိုတဲ့အခြေအနေလေးမျိုးလုံးမှာ ကြိုက်တဲ့အရောင်ကို အခြအနေတစ်ခုစီတိုင်းမှာ တပ်ဆင်နိုင်ပါတယ်၊ သုံးရမှာကတော့ Background-color ဆိုတဲ့ Property ပါ၊ အောက်မှာဥပမာကြည့်ပါ၊
ံHTML Document
<html>
<head>
<link href= "coder.css" rel="stylesheet" type="text/css">
</head>
<body>
<a href="72coder.com" target="_blank">ဒါကလင့်</a><br/>
</body>
</html>
CSS file
a:link {background-color:green;}
a:visited {background-color:red;}
a:hover {background-color:brown;}
a:active {background-color:black;}
အထက်က အတိုင်း HTML Doucment ကော CSS ဖိုင်ကောကိုရေးပြီးသွားရင်ဖြင့်အောက်က အတိုင်း ၀က်ဆိုက်စာမျက်နှာပေါ်မယ်၊



အထက်က အတိုင်းဝက်ဆိုက်စာမျက်နှာကိုရရင်ဖြင့်၊ အစိမ်းရောင်နောက်ခံထည့်ထားတဲ့လင့်ကို အရင်တွေ့မယ်၊ CSS ဖိုင်မှာ a:link {background-color:green;} ဆိုပြီး ပုံမှန်လင့်ရဲ့ နောက်ခံ အရောင်ကို အစိမ်းလို့ အမိန့်ပေးထားလို့၊ အဲ့ဒီ့ပုံမှန်လင့်ပေါ်မှာ pointer ထောက်လိုက်ရင် နောက်ခံအရောင် အညိုရောင်ပြောင်းသွားမယ်၊ CSS ဖိုင်မှာ a:hover {background-color:brown;} ဆိုပြီး hover (pointer) ထောက်ရင် အညိုရောင်ပြောင်းလို့ အမိန့်ပေးထားလို့၊ ခလစ်နှိပ်လိုက်ရင်ဖြင့် နှိပ်နေဆဲ အချိန် မှာ အနက်ရောင်ပြောင်းသွားမယ်၊ CSS ဖိုင်မှာ a:active {background-color:black;} ဆိုပြီး နှိပ်နေဆဲ အခြေအနေကို အနက်ရောင်ပြောင်းပေးလို့ အမိန့်ပေးထားလို့၊ နှိပ်ပြီးသွားရင်တော့ Visited ဖြစ်သွားတဲ့ အနီရောင်ဖြစ်သွားမယ်၊

0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

တွက်ချက်ပါ






powered by calculator.net

ငွေအတွက်မပူပါနဲ့

ချက်ကြမယ်လေ


Try Relay: the free SMS and picture text app for iPhone.