JavaScript_1


Comment ထည့်တယ်ဆိုတာ မှတ်သားလိုချင်တဲ့ ကုတ်တွေ မှတ်မိစေလိုတဲ့ ကုတ်တွေကို အင်တာနက် browser မှာမပေါ်စေပဲ ကုတ်ရေးသူအနေနဲ့သာ
နာလည်စေချင်တဲ့အခါသုံးတာပါ၊ HTML ကိုလေ့လာပြီးသူတွေအနေနဲ့ Comment ကိုကောင်းကောင်းနားလည်မှာပါ၊ Comment တွေကို browser တွေက
ဘာသာ မပြန်ဘဲ ချန်ထား ခဲ့တယ်၊  ကုတ်ရေးသူအတွက်သာ ရှိနေမယ် မှတ်သားစရာတွေကို Comment နဲ့ မှတ်သားတွေ့ရှိနိုင်တယ်၊
JavaScript Comment ကိုရေးဖို့အတွက် // ဆိုတဲ့ ရှေ့ကို ညွန်းထားတဲ့ မျဉ်းစောင်းနှစ်ခုကို သုံးတယ်၊ အဲ့ဒီ့ မျဉ်းစောင်းနှစ်ခုရဲ့နောက်က စာတွေမှန်သမျှ
browser က Comment အဖြစ်မှတ်ယူပြီး ဘာသာမပြန်ပဲထားခဲ့မယ်၊ အောက်မှာဥပမာကိုကြည့်ပါ၊
<html>
<head> </head>
<body>
<script type=”text/javascript”>
//this is what we call the comment
Document.write(“finally someone let me out of my cage”);
</script>
</body>
</html>
အထက်က ကုတ်ကို html ရဲ့ head section ထဲမှာထည့်ပြီး run ကြည့်ရင် အဖြေအဖြစ် finally someone let me out of my cage ဆိုတဲ့စာသားကို ပဲ အဖြေအဖြစ် ထုတ်ပေးပါလိမ့်မယ်၊ this is what we call the comment ဆိုတဲ့ စာသားကိုတော့ ထုတ်ပေးမှာ မဟုတ်ဘူး၊ အကြောင်းကတော့ this is
what we call the comment ရဲ့ ရှေ့မှာ // comment သင်္ကေသပါလို့ browser က မှတ်ချက်အဖြင့်ယူစပြီး  ဘာသာမပြန်ပဲထားခဲ့တာပါ၊ ဒီတော့ // ကို
မှတ်ချက်ထားချင်တဲ့ စာသား အတွက် အသုံးပြုတဲ့ သင်္ကေသလို့ သဘောပေါက်ပါ၊
အထက်က လို စာကြောင်းတစ်ကြောင်းထဲ ထည့်ချင်ရင် // သင်္ကေသ ပါတဲ့ forward slashes နှစ်ခုကိုသုံးတယ်၊ ဒါပေမယ့် comment လိုင်းတွေအများကြီးကို တစ်ပြိုင်ထဲ ရေးချင်တယ်ဆိုရင်တော့ အဖွင့် /* နဲ့ အပိတ် */ တို့ကိုသုံးနိုင်ပါတယ်၊ သူတို့ နှစ်ခု ကြားထဲမှာ comment တွေ့ကိုကြိုက်သလောက်ထည့်နိုင်ပါတယ်၊
<html>
<head> </head>
<body>
<script type=”text/javascript”>
/*this is what we call the comment
Hey this is second line of comment
Hi this is third line of comment
*/
Document.write(“finally someone let me out of my cage”);
</script>
</body>
</html>
အထက်က ဥပမာမှာ Comment အဖြစ်ထည့်ထားတာက  စာကြောင်းသုံးကြောင်းပါ၊  တကယ်တော့ စာကြောင်းတွေအများကြီးထည့်လို့ရပါသေးတယ်၊
အခုတော့ ဥပမာ အနေနဲ့ သုံးကြောင်းပဲ ထည့်ပြထားတာပါ၊ ဒီတော့ အဖွင့် /* နဲ့ အပိတ် */ သင်္ကေသ တို့ကိုသုံးပြီး comment တွေအများကြီးကို
တစ်ပြိုင်ထဲ ထည့်လို့ရတယ်ဆိုတာ မှတ်သားပါ၊  ဒီအခန်းမှာ တော့ document.write( ); ကိုအသုံးပြုပုံကို များများ မရှင်းပြသေးဘူး၊ ဒါပေမယ့်
အကြမ်းဖျင်းအနေနဲ့ တော့ သူက  သင့်ရဲ့ Program ကိုရေးပြီး ၀က်ဆိုက်မျက်နှာပြင်ပေါ်မှာ ပေါ်စေမယ့် စာသားကိုပေါ်အောင်လုပ်ပေးတဲ့အခါမှာသုံးတယ်၊
document.write ရဲ့နောက်က ဂွင်းစ ဂွင်းပိတ်ထဲမှာ သင်ဝက်ဆိုက်စာမျက်နှာမှာပေါ်စေလိုတဲ့ စာသားတွေကို ရေးပေးရတယ်၊
အောက်မှာ နောက်ထပ်ထပ်ရှင်းပြမယ်၊  Program တစ်ခု အလုပ်လုပ်တယ်ဆိုတာက ကြိုတင်စီစဉ်ထားတဲ့အစီအစဉ် အစိတ်အပိုင်း တစ်ခု စီကို အစကနေ
အဆုံး အထိ ပြီးအောင် တစ်ခုစီလုပ်သွားတာ၊ အောက်က ဥပမာ ကိုကြည့်ပါ၊
<html>
<head> </head>
<body>
<script type=”text/javascript”>
Document.write(“finally someone let me out of my cage”);
Document.write(“Now time for me is nothing cause I counting no age”);
Document.write(“ I culdn’t be there, You shouldn’t be scare”);
</script>
</body>
</html>
အထက်က ကုတ်ကို Run ကြည့်လိုက်ရင်တော့ finally someone let me out of my cage, now time for me is nothig cause I counting no age,
I couldn’t b there, you shouldn’t scare; ဆိုတဲ့စာသားကို အဖြေ အဖြင့် သင့်ကွန်ပြူတာရဲ့ browser မှာ ထုတ်ပေးမှာပါ၊
ကုတ်ကို သေချာလေ့လာကြည့်ရင် ပထမ         ၊ Document.write(“finally someone let me out of my cage”) ဆိုတဲ့ စာသားကို အရင် ဆုံး
အဖြေထုတ်ခိုင်းတယ်၊ သူ့နောက်က
Document.write(“Now time for me is nothing cause I counting no age”); ဆိုတဲ့စာသားကို ဒုတိ ယ အနေနဲ့ အဖြေထုတ်ပေးမှာပါ၊
Document.write(“I couldn’t be ther , You shouldn’t scare”); ဆိုတဲ့ အဖြကို တတိယ အနေနဲ အဖြေထုတ်ပေးမယ်၊ ဒီလို ပထမ ဒုတိယ တတိယ
ဆိုပြီး တဆင့်စီ ရေးထားတဲ့ကုတ်တွေက တစ်ခုပြီး တစ်ခု အလုပ်လုပ်မှာပါ၊  ဒါကတော့ Programme ရဲ့ တစ်ဆင့်စီအလုပ်လုပ်တဲံ ပုံစံဥပမာပါ၊

0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

တွက်ချက်ပါ






powered by calculator.net

ငွေအတွက်မပူပါနဲ့

ချက်ကြမယ်လေ


Try Relay: the free SMS and picture text app for iPhone.