css_12


CSS Border
CSS မှာ Element တစ်ခုမှာရှိတဲ့ Border Style ကိုလဲ လိုသလို ပုံစံပြောင်းလို့ရတယ်၊ အလှဆင်လို့ရတယ်၊  Border Style ကိုပြောင်းဖို့အတွက် သုံးတဲ့ Property ကတော့ body-style ပါ၊ ဥပမာ သင်က paragraph တစ်ခုကို border ထည့်ချင်တယ်ဆိုပါစို့ <p> this is the paragraph </p>  ဒါဆိုရင်တော့သုံးရမယ့် CSS က p {boder-style:dotted;} ဒီမှာသုံးတဲ့ value ကတော့ dotted ပါ၊ သူရဲ့ အဓိပ္ပါယ်ကတော့ အစက်အပြောက်လေးတွေလို့အဓိပ္ပါယ်ရပါတယ်၊ အောက်မှာ dotted border ကိုဥပမာ ကြည့်ပါ၊

dotted: ဒီစာသားကိုဝိုင်းထားတာ dotted border နဲ့                                                                                                                        
dashed: ဒီစာသားကိုဝိုင်းထားတာက dashed border နဲ့၊ ရေးရင် border-style:dashed; လို့ရေး
solid: ဒီစာသားကိုဝိုင်းထားတာက Solid border နဲ့ ရေးရင် border-style:solid; လို့ရေး
double: ဒီစာသားကို ၀ိုင်းထားတာက double border နဲ့ (နှစ်ထပ် border လို့ပြောတယ်) ရေးရင်တော့ border-style:double; လို့ပဲရေးတယ်၊
groove: ဒီစာသားကိုတော့ 3d grooved border နဲ့ ၀ိုင်းထားတယ်၊ ရေးရင် border-style:groove; လို့ရေးရတယ်၊ သက်ရောက်မူကို border အရောင်ပေါ်မှာ မူတည်တယ်၊
ridge: ဒီစာသားကိုတော့ 3d ridge border နဲ့ ၀ိုင်းထားတယ်၊ ရေးရင် border-style:ridge; လို့ရေးရတယ်၊ သက်ရောက်မူကို border အရောင်ပေါ်မှာ မူတည်တယ်၊
inset: ဒီစာသားကိုတော့ 3d inset border နဲ့ ၀ိုင်းထားတယ်၊ ရေးရင် border-style:inset; လို့ရေးရတယ်၊ သက်ရောက်မူကို border အရောင်ပေါ်မှာ မူတည်တယ်၊
outset: ဒီစာသားကိုတော့ 3d outset border နဲ့ ၀ိုင်းထားတယ်၊ ရေးရင် border-style:outset; လို့ရေးရတယ်၊ သက်ရောက်မူကို border အရောင်ပေါ်မှာ မူတည်တယ်၊

Border Width
Border တွေရဲ့ အကျယ်ကိုလဲ ချိန်ညှိလို့ရပါသေးတယ်၊ သုံးရမယ့် Property ကတော့ border-width ပါ၊ Border တွေရဲ့ အကျယ်ကိုချိန်ညှိဖို့အတွက် pixel ကိုအသုံးပြုပါတယ်၊ Border တွေကို thin အသေး၊ medium အလယ်အလတ်၊ thick အထူ ဆိုပြီး သုံးမျိုးလဲအသုံးပြုနိုင်ပါသေးတယ်၊ အောက်မှာ ဥပမာ သုံးပြတာကိုလေ့လာပါ၊
p.one
{
border-style:solid;
border-width:5px;
}
p.two
{
border-style:solid;
border-width:medium;
}

Border Color
The border-color property is used to set the color of the border. The color can be set by:
Border တွေရဲ့အရောင်ကိုလဲ သင့်စိတ်ကြိုက် စတိုင်းထုတ်လို့ရပါသေးတယ်၊ သုံးရမယ့် Property ကတော့ border-color ပါ၊ အောက်မှာဥပမာ ကြည့်ပါ၊
Example
p.one
{
border-style:solid;
border-color:red;
}
p.two
{
border-style:solid;
border-color:#98bf21;
}

Border - Individual sides
Border တွေက လေးဖက်လေးမျက်နှာရှိပါတယ်၊ ဒါကိုပဲ သင်တို့က တစ်ဖက်စီက border ကို ပုံစံတစ်မျိုးစီနဲ့ Style ထုတ်နိုင်ပါတယ်အောက်မှာဥပမာ ကြည့်ပါ၊
Example
p
{
border-top-style:dotted;
border-right-style:solid;
border-bottom-style:doublee;
border-left-style:dashed;
}
အထက်က ပုံစံအတိုင်းရေးလိုက်ရင်တော့ border ရဲ့အပေါ်ပိုင်းက အစက်လေးတွေ နဲ့ တည်ဆောက်တဲ့ border ကိုရမယ်၊ border ရဲ့ ညာဘက်ကတော့ ပုံမှန် border ကိုရမယ့်၊ border ရဲ့အောက်ပိုင်းကတော့ နှစ်ထပ် border ကိုရမယ်၊ ဘော်ဒါရဲ့  ဘယ်ဘက်အပိုင်းကတော့ Dash (မျဉ်းဖြတ်လေး) တွေနဲ့ တည်ဆောက်ထားတဲ့ border ကိုရမယ်၊

Border Property ကိုအတိုကောက်လဲရေးနိုင်တယ်၊
Example
  • border-style:dotted solid;
အထက်မှာရေးထားတာက အထက်နဲ့ အောက် border တို့ကို အစက်ကလေးတွေ သုံးတဲ့ border အဖြစ်ထားတယ်၊ ညာနဲ့ ဘယ် border ကိုပုံမှန် border အထူထားမယ်လို့ရေးတာပါ၊
Example
  • border-style:dotted;
အထက်မှာရေးထားတာကတော့ borderz လေးဘက်လုံးကို အစက်လေးတွေနဲ့ တည်ဆောက်မယ်လို့ရေးတာပါ၊

Border - Shorthand property
Border တွေရဲ့စတိုင်းကို ရေးတဲ့အခါ အတိုကောက်ရေးလို့ရပါတယ်၊  လေးဖက်လုံးက border တွေရဲ့အရောင်ကိုလဲ တစ်ခုနဲ့ တစ်ခုမတူအောင်ထားလို့ရပါသေးတယ်၊ အတိုကောက်ရေးတဲ့အခါမှာတော့ အစီအစဉ် အလိုက်အောက်က အတိုင်းရေးနိုင်ပါတယ်၊
  • border-width
  • border-style (required)
  • border-color
Example
border:5px solid red;
အထက်က အတိုကောက်ရေးထားတာက border ရဲ့ အကျယ်က 5 pxiel , border ရဲ့ style က Solid, border ရဲ့ အရောင်က red; လို့ သုံးမျိုးလုံးကို အတိုကောက်ရေးနည်းနဲ့ ရေးလိုက်တာပါ၊

All CSS Border Properties
Property
Description
Declaration တစ်ခုထဲမှာ Border Properties ကိုသတ်မှတ်ရာမှာသုံး
Declaration တစ်ခုထဲမှာပါတဲ့ border ရဲ့ အောက်ပိုင်း ကိုသတ်မှတ်ရာမှာသုံး
Border ရဲ့ အောက်ပိုင်း အရောင် ကိုသတ်မှတ်ရာမှာသုံး
Border ရဲ့ အောက်ပိုင်း Style ကိုသတ်မှတ်ရာမှာသုံး
Border ရဲ့အောက်ပိုင်း အကျယ်ကို သတ်မှတ်ရာမှာသုံး
Borders ရဲ့အရောင်ကို သတ်မှတ်ရာမှာသုံး
ီDeclaration တစ်ခုထဲမှာပါတဲ့ border ရဲ့ဘယ်ဘက်ပိုင်း ကိုသတ်မှတ်ရာမှာသုံး
Border ရဲ့ ဘယ်ဘက်အပိုင်း အရောင် ကိုသတ်မှတ်ရာမှာသုံး
Border ရဲ့ ဘယ်ဘက်အပိုင်း Style ကိုသတ်မှတ်ရာမှာသုံး
Border ရဲ့ ဘယ်ဘက် အပိုင်း အကျယ်ကို သတ်မှတ်ရာမှာသုံး
ီDeclaration တစ်ခုထဲမှာပါတဲ့ border ရဲ့အပေါ်ပိုင်း ကိုသတ်မှတ်ရာမှာသုံး
Border ရဲ့ ညာဘက်အပိုင်း အရောင် ကိုသတ်မှတ်ရာမှာသုံး
Border ရဲ့ ညာဘက်အပိုင်း Style ကိုသတ်မှတ်ရာမှာသုံး
Border ရဲ့ ညာဘက် အပိုင်း အကျယ်ကို သတ်မှတ်ရာမှာသုံး
Borders ရဲ့လေးဖက် လေးဖက်လုံး Style ကိုသတ်မှတ်ရာမှာသုံး
ီDeclaration တစ်ခုထဲမှာပါတဲ့ border ရဲ့ အပေါ်ပိုင်း ကိုသတ်မှတ်ရာမှာသုံး
Border ရဲ့ အပေါ်ပိုင်းအရောင်ကို သတ်မှတ်ရာမှာသုံး
Border ရဲ့ အပေါ်ပိုင်း Style ကိုသတ်မှတ်ရာမှာသုံး
Border ရဲ့ အပေါ်ပိုင်း အကျယ်ကို သတ်မှတ်ရာမှာသုံး
Border ရဲ့လေးဖက်လုံး အကျယ်ကို သတ်မှတ်ရာမှာသုံး

1 comments:

LinkWithin

Related Posts Plugin for WordPress, Blogger...

တွက်ချက်ပါ






powered by calculator.net

ငွေအတွက်မပူပါနဲ့

ချက်ကြမယ်လေ


Try Relay: the free SMS and picture text app for iPhone.