JavaScript_8

သင်ရေးထားတဲ့ ကုတ်တွေကို အလုပ်လုပ်မလုပ် သို့မဟုတ် အဖြေက ဘာလဲ လို့ စမ်းချင်တယ် ဒီလိုအခါမျိုးမှာ return ကိုသုံးတယ်၊ သိပ်တော့
အသုံးမ၀င်လှဘူး၊ နို့ပေမယ့် JavaScript ထဲပါနေတော့ သင်ပေးရတာပေါ့၊  သူကလဲ အရှေ့သင်ခန်းစာမှာသင်ခဲ့တဲ့အတိုင်း ပါပဲ function နဲ့
တွဲသုံးတာပါ၊ အောက်က ဥပမာကိုကြည့်ပါ၊
<html>
<head>
<script type="text/javascript">
function bookie( x , y  ) {
 var  z = x + y ;
return z;
}
bookie (3 , 6 );
</script>
</head>
<body>
</body>
</html>
အထက်က ကုတ်မှာ function bookie ( x , y ) ဆိုပြီး parameter နှစ်ခု သတ်မှတ်ထားတယ်၊ ပြီးတော့ curly bracket ထဲမှာ variable
တစ်ခုထပ်ပြီးသပ်မှတ်တယ်၊ အဲ့ဒီ့ variable ရဲ့နာမည်က z ၊ သူ့ရဲ့တန်ဖိုးက x နဲ့ y ကိုပေါင်းရင်ရမယ့်တန်ဖိုး၊  ပြီးရင် return z; ဆိုပြီး အဖြေဖြစ်မယ့်
variable z ကို အဖြေထုတ်ခိုင်းထားတယ်၊ လွယ်လွယ်လေးပါ၊
အောက်မှာတော့ bookie ( 3 , 6 ); လို့ရေးထားတယ်၊ 3 က parameter x ရဲ့တန်ဖိုးဖြစ်သွားပြီး 6 က parameter y ရဲ့တန်ဖိုးပါ၊  အထက်က ကုတ်ကို
Run လိုက်ရင် အဖြေမထွက်ဘူး အကြောင်းက အဖြေမထုတ်သေးလို့ အောက်မှာအဖြေထုတ်ဖို့အတွက် function ကို ခေါ်မယ့် bookie ( 3 , 6 ); ကို
document.write ရဲ့ ဂွင်းစ ဂွင်းပိတ်ထဲကိုထည့်မယ်၊
<html>
<head>
<script type="text/javascript">
function bookie( x , y  ) {
 var  z = x + y ;
return z;
}
document.write(bookie (3 , 6 ) );
</script>
</head>
<body>
</body>
</html>
အထက်က ကုတ်ကို Run ကြည့်လိုက်ရင် အဖြေ 9 ကိုရမယ်၊ အဲ့ဒါကတော့ return လုပ်တဲ့အဖြေပါ၊ ဒီနည်းကိုလဲ return လုပ်တယ်လို့ခေါ်တယ်၊ 
အသုံးမများလို့ ထပ်မရှင်းတော့ဘူး၊ အထက် က ကုတ်ကိုလေ့လာကြည့်ရင် သဘောသေချာပေါက်သွားမှာပါ၊

0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

တွက်ချက်ပါ






powered by calculator.net

ငွေအတွက်မပူပါနဲ့

ချက်ကြမယ်လေ


Try Relay: the free SMS and picture text app for iPhone.