C lesson 3

ဒီအခန်းမှာတော့ C++ ရဲ့ Variable တွေကိုတည်ဆောက်နည်းကိုလေ့လာကြပါမယ်၊ အခု Variable တစ်ခုရေးမယ် အဲ့ဒီ့ Variable ရဲ့ နာမည်ကို X လို့ ထားမယ်၊ အဲ့ဒီ့ X ရဲ့တန်ဖိုးကို Su Su လို့ပေးမယ်၊ အောက်မှာကြည့်၊
X = Su Su 
I am X.
I am X ဆိုတဲ့ စာကြောင်းမှာ X နေရာက သူ့ရဲ့တန်ဖိုးဖြစ်တဲ့ Su Su ကို အစားထိုးလိုက်ရင် I am Su Su လို့ဖြစ်သွားမယ်၊ ဒီတော့ X ဆိုတာ Varible ဖြစ်ပြီး သူ့အလုပ်က တန်ဖိုးတွေကိုသိုလှောင်တယ်ဆိုတာကို မှတ်သားပါ၊ အောက်က နောက်ထပါ ဥပမာ တစ်ခုကို ထပ်ကြည့်ပါ၊
X = 10
5 + X = ?
အထက် က ဥပမာ မှာ Variable ဖြစ်တဲ့ X ရဲ့တန်ဖိုးက  10 နောက်ထပ်စာကြောင်းမှာတော့ 5+X = ? ဆိုတဲ့ 5 နဲ့ X ရဲ့တန်ဖိုးပေါင်းတဲ့အဖြေကိုရှာခိုင်းတာ၊ ဒီတော့ အဖြေက 12 ပေါ့၊
အထက်က ဥပမာ တွေမှာ Variable အဖြစ် x ကိုသတ်မှတ်တယ်၊ ပြီးတော့ Variable ဖြစ်တဲ့ X မှာ တန်ဖိုးတွေသိုလှောင်တယ်၊ ပြီးတော့ X တွေကို ခေါ်ပြီး အသုံးချတယ်၊
ဒီဥပမာ တွေကို ကြည့်ခြင်း အားဖြင့်  Variable ဆိုတာ ဂဏန်း နဲ့ စာသား တန်ဖိုး တွေကို သိုလှောင်တယ်ဆိုတာကို မှတ်သားပါ၊ (ငယ်ငယ် က သင်ခဲ့တဲ့ မသိကိန်းတန်ဖိုးတွေလိုပေါ့)
C++ မှာတော့ Variable တွေကို တည်ဆောက်ရာမှာ တည်ဆောက်မယ့် Variable ရဲ့ data type တွေကို အရင် သတ်မှတ်ရတယ်၊ data type တွေအကြောင်းကိုနောက်ပိုင်းမှ သင်ပြသွားမယ်၊ အခုတော့ integer ဆိုတဲ့ data type ကို ပဲ မှတ်ထားလိုက်ဦး၊ Integer က ဒသမ မပါတဲ့ ဂဏန်းတန်ဖိုး ဥပမာ  2, 39, 345 တို့လိုမျိုးပါ၊ သတ်မှတ်မယ့် Variable ရဲ့ data type ကို ရေးပြီးသွားရင်တော့ သင်ကြိုက်တဲ့ နာမည်နဲ့ variable ကို စပြီးရေးလို့ရပါပီ၊ အောက်မှာဥပမာ ကြည့်ပါ၊
Int waiferkolar = 70 ;
အထက်က ဥပမာ မှာ variable အဖြစ် waiferkolar ကိုသတ်မှတ်လိုက်တယ်၊ သူ့ရဲ့ data type ကို  Integer အဖြစ် ထားတယ်၊ တန်ဖိုးက 70 ; အခု အထက်က Variable ကိုပဲ Output (အဖြေထုတ်ကြည့်ကြမယ်၊ သင့်ကွန်ပြူတာ မျက်နှာပြင်မှာ ပေါ်လာအောင်အဖြေထုတ်တာကို Output လုပ်တယ်ခေါ်တယ်၊ နောက်ပိုင်း Output လုပ်မယ်လို့ပဲ သုံးနှုံးသွားမယ်)၊
Int waiferkolar = 70;
Cout << waiferkolar ;
အထက်က ကုတ်ကို Run ကြည့်လိုက်ရင် သင့်ကွန်ပြူတာ Screen မှာ 70 ဆိုတဲ့ အဖြေကိုရမယ်၊ Variable ဖြစ်တဲ့ waiferkolar ကို Output လုပ်လိုက်တော့ သူ့ရဲ့တန်ဖိုးဖြစ်တဲ့ 70 ကို အဖြေထုတ်ပေးတာပါ၊ ကွန်ပြူ တာ Program တိုင်းမှာ Variable ရဲ့ တန်ဖိုးကိုပဲ အဖြေထုတ်ပေးပါတယ်၊ ဘယ် Program ကမှာ Variable ကို အဖြေမထုတ်ပေးဘူး၊ ဒီနေရာမှာ တစ်ခု သတိထားရမှာက အထုတ်ဖို့ရေးတဲ့အခါ Variable ကို အဖွင့်အပိတ် နှစ်ထပ် ကော်မာ မပါပဲ ရေးရတယ်၊
အထက်က ဥပမာ က Variable တွေကို အသုံး ပြုပြီး တန်ဖိုးတွေကို အဖြေထုတ်တာပါ၊ ဒါတင်မက ဘဲ Variable တွေကို ပေါင်း နှုတ် မြောက် စား လုပ်လို့ရသေးတယ်၊ အောက်မှာကြည့်ပါ၊
Int a = 7;
Int b = 8;
Int sum = a + b;
Cout << sum;
အထက်က ကုတ်ကို Run ကြည့်လိုက်ရင်အဖြေက 15 ရနေမယ်၊ ပထမ variable ဖြစ်တဲ့ a ရဲ့တန်ဖိုးက 7 ဒုတိယ Variable ဖြစ်တဲ့ b ရဲ့တန်ဖိုးက 8 တိယ Variable ဖြစ်တဲ့ sum ရဲ့တန်ဖိုးက a + b ဆိုတဲ့ ပထမ Variable နဲ့ ဒုတိယ Variable တို့ကို ပေါင်းလို့ရတဲ့အဖြေ၊ ဒီမှာ Variable တွေကိုပေါင်းတယ်လို့ပြောပေမယ့် ရေးပေမယ့် တကယ်ပေါင်းတာက Variables တွေရဲ့တန်ဖိုးတွေပါ၊ 7 နဲ့ 8 ပေါင်းလို့ရတဲ့အဖြေက တတိယ variable ရဲ့တန်ဖိုးဆိုတော့ တတိယ variable က 15 ဖြစ်သွားတယ်၊ အဲ့ဒီ့ တတိယ တန်ဖိုးကို  Output လုပ်လိုက်တဲ့အတွက် အဖြေ 15 ကိုရတာ၊ အထက်က ဥပမာ ကိုပဲ အောက်က အတိုင်း ပြောင်းရေးပြီး Run ကြည့်လိုက်၊
Int a = 7;
Int b = 8;
Int sum = a - b;
Cout << sum;
အထက်မှာတော့ variable sum ရဲ့တန်ဖိုးက variable b ရဲ့တန်ဖိုးကနေ variable a ရဲ့တန်ဖိုးကိုနှုတ်ထားတဲ့ ရလဒ် ဆိုတော့  variable c ရဲ့တန်ဖိုးက 1 ဖြစ်သွားတယ်၊ အဲ့ဒီ့ အဖြေကို sum ကို Output လုပ်လိုက်တော့ 1 ဆိုတဲ့အဖြေကို သင့်ကွန်ပြူတာ မျက်နှာပြင်မှာတွေ့ရမယ်၊
Variable တွေကို အခြားတည်ဆောက်ပုံ နည်းတစ်ခုကတော့ အရင်ဆုံး Variable တစ်ခုကို ကြေငြာပြီး နောက်မှ တန်ဖိုး ထည့်သွင်းတဲ့နည်းပါ၊ declearing Variable လို့ခေါ်တယ်၊
Int a;
a = 20;
အထက် က ကုတ်ရဲ့မ ထမ စာကြောင်းမှာ int a; ဆိုတာက တည်ဆောက်မယ့် Variable ကို အရင်ကြေငြာလိုက်တာ၊ ပြီးနောက်နောက်ထပ်စာကြောင်းမှာ a = 20; ဆိုပြီး variable ရဲ့တန်ဖိုးကိုထည့်တယ်၊ ဒါကတော့ Variable ကို အရင် declear (ကြေငြာ) ပြီး နောက်ပိုင်းမှ တန်ဖိုးကိုသတ်မှတ်တဲ့နည်းပါ၊

အခု အထက်က ဥပမာကိုသေချာကြည့်ပြီး variable တွေကိုတည်ဆောက်ပုံကို သေချာလေ့လာပါ၊  နောက်အခန်းမှာတော့ Variables တွေကို အသုံးပြုပြီး ဂဏန်းပေါင်းစက် တည်ဆောက်မှာဖြစ်တဲ့အတွက် Variable တွေကိုကောင်းကောင်းနားလည်ထားဖို့လိုတယ်၊

0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

တွက်ချက်ပါ






powered by calculator.net

ငွေအတွက်မပူပါနဲ့

ချက်ကြမယ်လေ


Try Relay: the free SMS and picture text app for iPhone.