ဒီသင်ခန်းစာမှာတော့ <section> ထဲကို Articale ထည့်တဲ့ ပုံစံကိုရှင်းပြပေးမယ်၊ Article ဆိုတော့ ဆောင်းပါး ပေါ့၊ ဒါပေမယ့် နာမည်ပဲ ယူထားတာပါ၊
တကယ့် ဆောင်းပါးတွေနဲ့ တူစရာမလိုပါဘူး၊ <section> အဖွင့် နဲ့ အပိတ် </section> ကြားမှာ Article ကိုထည့်ရမယ်၊ <article > အဖွင့်နဲ့ </article>
အပိတ်တို့ပါ၊ အောက်က အတိုင်း၊

ဒီလိုထည့်ပေးလိုက်တာက အကြောင်းရှိပါတယ်၊ <article> အဖွင့်နဲ့ အပိတ် ကြားမှာ layout တစ်ခု တည်ဆောက်ဖို့ပါ၊ အဲ့ဒီ့ <article>
Tags နှစ်ခုကြားမှာရေးမယ့် စာသားတွေ ပုံတွေကို ခေါင်းစဉ်ထည့်မယ်၊ စာပိုဒ်တွေထည့်မယ်၊ footer ထည့်မယ်၊ အဲ့ဒါတွေအားလုံးကို လုပ်ဖို့အတွက်
<article> Tags ကြားမှာလုပ်နိုင်ပါတယ်၊ အောက်မှာကြည့်ပါ၊
အထက်မှာတော့ <article > အထဲမှာ header , paragraph, footer တို့ကိုထည့်လိုက်ပါပီ၊ paragraph မှာတော့ စာသားတစ်ချို့ပါထည့်လိုက်ပါတယ်၊ အခု
<header>အဖွင့် နဲ့ </header> တို့ထဲမှာ ခေါင်းစဉ် နှစ်ခုထည့်မယ့်၊

အထက်မှာတော့ <article > အထဲမှာ header , paragraph, footer တို့ကိုထည့်လိုက်ပါပီ၊ paragraph မှာတော့ စာသားတစ်ချို့ပါထည့်လိုက်ပါတယ်၊ အခု
<header>အဖွင့် နဲ့ </header> တို့ထဲမှာ ခေါင်းစဉ် နှစ်ခုထည့်မယ့်၊

အထက်မှာတော့ Article ရဲ့ header ဆိုတဲ့ section ထဲမှာ ခေါင်းစဉ်နှစ်ခုထည့်လိုက်ပါပီ၊ ဒီမှာ တစ်ခု သတ်မှတ်စရာကျန်သေးတယ်၊ ခေါင်းစဉ်
တစ်ခုထပ်ပိုပြီးတပ်ရင်တော့ အဲ့ဒီ့ ခေါင်းစဉ်တွေကို အုပ်စုခွဲပေးရမယ်၊ ခေါင်းစဉ်အုပ်စုကို <hgroup> </hgroup> အပိတ်တို့နဲပ ၀ိုင်းပေးရပါတယ်၊ တစ်ခုထဲ
ဆိုရင်တော့ <hgroup> နဲ့ ၀ိုင်းစရာမလိုပါဘူး၊ အောက်မှာ <hgroup> နဲ့ ၀ိုင်းထားတဲ့ပုံပါ၊

အထက်မှတော့ Atricle အတွင်းရှိ <header> ထဲက ခေါင်းစဉ်နှစ်ခုကို <hgroup> နဲ့ ၀ိုင်းပြီး မှတ်သားလိုက်ပါပီ၊
ဒီလိုမမှတ်သားလို့မရဘူးနော်၊ ခေါင်းစဉ်တစ်ခုပဲ တပ်ထားရင် တော့ မှတ်သားစရာမလိုဘူး၊ အခုခေါင်းစဉ်ပိုင်းတော့ အတော်လေးလုံလောက်သွားပီ၊
ထပ်ပြီးလိုအပ်တာကတော့ footer မှာစာသားအနည်းငယ်ထည့်ဖို့ပါ၊ သင်ကြိုက်တဲ့စာသားထည့်နိုင်ပါတယ် အောက်က အတိုင်း

အထက်က အတိုင်း Footer ထဲမှာ စာအနည်းငယ်ထည့်ပြီးသွားရင်ဖြင့် Article section က အတော်လေးပြည့်စုံသွားပါပီ၊ ဒီမှာတစ်ခုပြောလိုတာက
<section> Tag ထဲက article ကို တစ်ခုထဲမဟုတ်ပဲ ကြိုက်သလောက်ထည့်နိုင်ပါတယ်၊ အောက်မှာနောက်ထပ်တစ်ခုထပ်ထည့်ပြမယ်၊

အထက်မှာတော့ <section> Tag ထဲမှာနောက်ထပ် article တစ်ခုထပ်ထည့်လိုက်တာပါ၊ အိုကေ အခု ဆိုက်ရဲ့ အသွင်အပြင်ကို Google Chrome နဲ့
ဖွင့်ပြီးကြည့်လိုက်မယ်၊ အောက်မှာကြည့်ပါ၊

အထက်မှာတော့ လက်ရှိ သင်ဆွဲထားပြီးတဲ့ ဆိုက်ပုံစံပါ၊ လုံးဝမလန်းသေးဘူး၊ မပူပါနဲ့ သင်မယုံကြည့်နိုင်လောက်တဲ့ အလှဆင်မူမျိုးကို CSS
အသုံးပြုပြီး နောက်သင်ခန်းစာတွေမှာလုပ်သွားမှာပါ၊ အခုတော့ HTML5 ရဲ့ Layout ချမှတ်ပုံနဲ့ Tags တွေ အသုံးပြုပုံကိုသာ သင်အာရုံစိုက်ပြီး
နားလည်အောင်လုပ်ထားပါ၊ နောက်ပိုင်း မှအလှဆင်မယ်၊ နောက်ပိုင်းအလှဆင်ရင် အခု ရှင်းပြနေတဲ့ HTML5
Tags တွေကို ပြန်ရှင်းပြတော့မှာမဟုတ်တဲ့အတွက် ဒီသင်ခန်းစာတွေကို ကျေကျေ ညက်ညက် နားလည်ထားဖို့လိုပါတယ်၊
0 comments:
Post a Comment