JavaScript_10


Global variable နဲ့ Local variable ဆိုပြီး Varaiable နှစ်ခုရှိတယ်၊ Global Variable က Function ရဲ့ အပြင်ဘက်မှာထားပြီး
ဘယ်နေရာက ခေါ်သုံးသုံးရတယ်၊ Local Variable က Function ရဲ့ အတွင်းမှာရှိပြီး အဲ့ဒီ့ Function ထဲမှာသာ ခေါ်သုံးလို့ရတယ်၊ function ရဲ့
အပြင်ကနေခေါ်သုံးလို့မရဘူး၊ အောက်မှာ  Global Variable ကိုဥပမာပြမယ်၊
<html>
<head>
<script type="text/javascript">
var goofy = " lady " ;
function fonky ( ) {
document.write ( goofy );
}
fonky ( );
</script>
</head>
<body>
</body>
</html>
အထက်က ကုတ်ကို Run လိုက်ရင်တော့ lady ဆိုတဲ့ စာလုံးကိုါရေးထားတဲ့ အဖြေကိုရမယ်၊ အပေါ်ဆုံးမှာ var goofy = “ lady ”; ဆိုပြီး Varible
တည်ဆောက်လိုက်တယ်၊ သူ့ကိုတည်ဆောက်တာက Function ရဲ့ အပြင်ဘက်မှာတည်ဆောက်တာပါ၊ နောက်ထပ် စာကြောင်းမှာ function fonky ( )
ဆိုပြီး function ကိုသတ်မှတ်တယ်၊ သူလုပ်မယ့် အလုပ်ကိုလဲ document.write( googy ) ဆိုပြီး varaible ဖြစ်တဲ့ goofy ကို
အဖြေထုတ်ပေးဖို့သတ်မှတ်လိုက်တယ်၊ နောက်တစ်ကြောင်းမှာတော့ fonky( ); ဆိုပြီး function ကိုခေါ်လိုက်တယ်၊ function ကိုခေါ်လိုက်တော့ function
က အလုပ်စလုပ်လိမ့်မယ်၊ သူ့အလုပ်က Variable ဖြစ်တဲ့ goofy ကို အဖြေထုတ်ပေးမယ့်အလုပ်၊  ဒါ ကတော့ အပြင်မှာ Global Variable
အဖြစ်တည်ဆောက်ထားတဲ့ Variable ကို function ထဲကနေ လှမ်းသုံးတာပါ၊ အခု function ရဲ့ အပြင်ကနေ ကော ခေါ်ကြည့်ပါမယ်၊ function ရဲ့
အတွင်းကနေတော့ ခေါ်သုံးပြီးပီနော်၊ အခု အပြင်ကခေါ်မှာ
<html>
<head>
<script type="text/javascript">
var goofy = " lady " ;
function fonky ( ) {
document.write ( goofy );
}
fonky ( );
document.write ( goofy );
</script>
</head>
<body>
</body>
</html>
အထက်က ကုတ်မှာ အောက်ဆုံးကနေ document.write ( goofy ); ကိုထည့်ပြီးထပ်ခေါ်လိုက်တယ်၊ ဒီနော့ နောက်ထပ် lady ဆိုတဲ့
အဖြေတစ်ခုထပ်ရမယ်၊ နားလည်စေလိုတာက Global Variable ဖြစ်တဲ့ Function အပြင်မှာထည်ဆောက်ထားတဲ့ variable ကို function
အတွင်းကလဲ ခေါ်သုံးလို့ရသလို အပြင်ကလဲ ခေါ်သုံးလို့ရပါတယ်၊
အခု အထက်က ကုတ်ကို ပဲ Variable ဖြစ်တဲ့ var goofy = “ lady ”  ; ဆိုတဲ့စာကြောင်းကိုဖြတ်ပြီး function ထဲမှာပြန်ရေးလိုက်ပါ၊ အောက်က အတိုင်း၊
<html>
<head>
<script type="text/javascript">
function fonky ( ) {
var goofy = " lady " ;
document.write ( goofy );
}
fonky ( );
document.write ( goofy );
</script>
</head>
<body>
</body>
</html>
အထက်ကကကုတ်ကို Run ကြည့်လိုက်ရင် အဖြေက lady ဆိုတဲ့စာလုံး တစ်လုံးကိုပဲ ရမယ်၊ တကယ်ဆိုရင် fonky( ); ဆိုပြီး function ကိုခေါ်လို့ lady
ဆိုတဲ့စာလုံးတစ်ခါပေါ်ရမယ်၊ အောက်ဆုံးက document.write (goofy ); ဆိုပြီး variable ကို အဖြေထုတ်လို့ Lady ဆိုတဲ့စာလုံးတစ်လုံးရရမယ်၊
အားလုံးပေါင်း အဖြေနှစ်ခုရရမယ်၊ ဒါပေမယ့်တကယ်အဖြေထုတ်တော့ lday ဆိုတဲ့ စာလုံးက တစ်လုံးပဲရနေတယ်၊ အကြောင်းကတော့ ရေးထားတဲ့
variable ဖြစ်တဲ့ var goofy = “lady” ; က function ရဲ့ အတွင်းပိုင်းမှာ သွားရေးထားတဲ့ Local variable ပါ၊ ဒါကြောင့် သူ့ကို function အတွင်းမှာသာ
သုံးနိုင်ပြီး function ရဲ့ အပြင်ကနေ ခေါ်သုံးလို့မရပါဘူး၊
ဒီသင်ခန်းစာမှာ အဓိက နားလည်စေလိုတာက Varaible တစ်ခုကို function ရဲ့ အပြင်မှာတည်ဆောက်ထားရင် Global Variable လို့ခေါ်ပြီး သူ့ကို
ဘယ်နေရာက ခေါ်သုံးသုံးရတယ်၊ function ရဲ့ အတွင်းမှာတည်ဆောက်ထားတဲ့ Variable ကိုတော့ Local variable လို့ခေါ်ပြီး သူ့ကို function
အတွင်းမှာသာ သုံးလို့ရတယ်၊ အပြင်ကနေ ခေါ်သုံးလို့မရဘူး၊

0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

တွက်ချက်ပါ






powered by calculator.net

ငွေအတွက်မပူပါနဲ့

ချက်ကြမယ်လေ


Try Relay: the free SMS and picture text app for iPhone.