C+ Lesson 7

ဒီအခန်းမှာတော့ if statement အကြောင်းသင်ပြသွားမယ်၊ If statement ကို အခြေအနေတွေကိုစမ်းသပ်ပြီး စမ်းသပ်လိုက်တဲ့ အခြေအနေတွေမှန်ရင် အဖြေထုတ်ပေးတယ်၊ အောက်မှာ တည်ဆောက်ပုံကိုကြည့်ပါ၊
If ( ){
}
အထက်က ဥပမာ ကတော့ if Statement ရဲ့တည်ဆောက်ပုံပါပဲ၊ if ရဲ့ နောက်မှာ Pranthesis (လက်သဲကွင်း) ပါတယ်၊ အဲ့ဒီ့လက်သံကွင်းထဲမှာ test (နှိုင်းယှဉ် စမ်းသပ်မယ့် အခြေအနေ) ကိုထည့်မယ်၊ အဲ့ဒီ့ အခြေအနေမှန်တယ်ဆိုရင် ထုတ်ပေးမယ့် အဖြေကို culry bracket (တွန့်ကွင်း) ထဲမှာထည့်မယ်၊ အောက်မှာ အထက်က ဥပမာကို ပြန်ရေးမယ်၊
If (test){
Cout << “whatever answer is to write here” ;
}
အထက်မှာတော့ if နောက်က လက်သဲကွင်းထဲ မှာ စမ်းသပ်လိုတဲ့ test ကိုထည့်တယ် အဲ့ဒီ့ Test မှန်ရင် အဖြေကို cout သုံးပြီး  “whatever answer is to write herer” လို့ထုတ်ပေးမယ်၊ လက်တွေ့ တစ်ခုလောက်လုပ်ကြည့်မယ်၊.
#include <iostream>

using namespace std;

int main()
{
    if(5>3){
        cout << "Wow! waiferkolar , Great Tutorails";
    }

    return 0;
}
အထက်ကကုတ်ကို Run ကြည့်လိုက်ရင်တော့ အဖြေမှာ Wow! Waiferkolar Great Tutorials ဆိုတဲ့စာသားကိုရမှာပါ၊ if နောက်က လက်သဲကွင်းထဲမှာ 5 က 3 ထက်ကြီးရင် လို့ အခြေအနေတစ်ခုကိုစမ်းသပ်ထားတယ်၊ အဲ့ဒီ့ အခြေအနေက မှန်နေရင် အဖြေထုတ်ပေးမယ်၊ မမှန်ရင် အဖြေမထုတ်ပေးဘူး၊ 5 က 3 ထက်တကယ်လက်တွေ့မှာလဲ ကြီးတယ်လေ ဒီတော့ အဖြေကိုထုတ်ပေးတာပေါ့၊ အဲ့ဒီ့မှာ 5 > 3 ဆိုပြီး Greater than  သင်္ကေသကိုသုံးသွားပါတယ်၊ အခုအထက် ကဥပမာကိုပဲ if(5>3) နေရာမှာ if(2>3) လို့ပြောင်းထည့်ပြီးစမ်းကြည့်ပါ၊ ဒါဆိုရင်တော့ အဖြေရမှာမဟုတ်ပါဘူး၊ အကြောင်းက 2 က 3 ထက်မကြီးလို့ပါ၊ ဒါကိုဘဲ if(2<3) လို့ပြန်ပြောင်းပြီး ကုတ်ကို Run ကြည့်လိုက်ပါ၊ အဖြေစာသားကိုရမယ်၊ အကြောင်းက 2 က 3 အောက်ငယ်လို့ပါ၊ သုံးထားတဲ့သင်္ကေသက less than ဆိုတဲ့ < သင်္ကေသပါ၊
နောက်ထပ်အသုံးများတဲ့ test သင်္ကေသ ကတော့ ( >= ) နဲ့ (<= )  တို့ပါ၊ >= greater than or equal to ကို ပိုကြီးရင် ကြီး မကြီးရင် ညီ ဆိုတဲ့ သဘောနဲ့သုံးတယ်၊ <= less than or equal to ကို ပိုငယ်ရင်ငယ် မငယ်ရင် ညီ ဆိုတဲ့သဘောနဲ့သုံးတယ်၊ အောက်က ဥပမာ ကိုကြည့်ပါ၊
If( 3>=3){
Cout << “waiferkolar is writing lot of tutorials”;
}
အထက်က ကုတ်ကို Run ကြည့်လိုက်ရင်ဖြင့် အဖြေမှာ waiferkolar is writing lot of tutorials ဆိုတဲ့စာသားကိုရမယ်၊ if နောက်က လက်သဲကွင်းထဲမှာ စမ်းသပ်ထားတဲ့ အခြေအနေက 3 က 3 ထက်ကြီးရင်ကြီး မကြီးရင် ညီ ဆိုပြီးစမ်းသပ်ထားတာ၊ 3 က 3 ထက်တော့ မကြီးဘူး၊ ဒါပေမယ့် ညီနေလို့ အခြေအနေက မှန်နေတယ်၊ ဒီတော့ အဖြေကိုထုတ်ပေးတယ်၊ အဲ့ဒီ့ if(3>=3) ဆိုတဲ့နေရာမှာ  if(2>=) လို့ပြောင်းပြီး Run ကြည့်ပါ၊ ဒါဆိုရင်တော့ အဖြေကိုထုတ်ပေးမှာမဟုတ်ဘူး၊ အကြောင်းကတော့ 2 က 3 ထက်မကြီးသလို 3 နဲ့ လဲ မညီလို့၊

အောက်က ဥပမာ ကို ကြည့်ပါ၊
If(3<=3){
Cout << “waiferkolar is writing lot of tutorials”;
}
အထက်က ကုတ်ကို Run ကြည့်လိုက်ရင်အဖြေကို ထုတ်ပေးမှာပါ၊ if  နောက်က လက်သဲကွင်းထဲမှာ စမ်းသပ်ထားတဲ့ 3 က 3 အောက်ငယ်ရင် ငယ် မငယ် ရင် ညီ ဆိုတဲ့ အခြေအနေမှာ 3 က 3 အောက်တော့ မငယ်ဘူး ဒါပေမယ့် 3 နဲ့ တော့ညီတယ်၊ ဒီတော့ အခြေအနေက မှန်နေသေးတယ်၊ ဒါ့ကြောင့် အဖြေထုတ်ပေးတာ၊  အဲ့ဒီ့ ကုတ်ကိုဘဲ If (3<=3) ဆိုတဲ့နေရာမှာ if(4<=3 ) လို့ပြောင်းပြီး Run လိုက်ပါ ဒါဆိုရင်တော့ အဖြေကိုထုတ်ပေးမှာမဟုတ်ဘူး၊ အကြောင်းက 4 က 3 အောက်မငယ်သလို 3 နဲ့ လဲမညီလို့၊
အထက်မှာ သင်္ကေသ လေးမျိုးကိုသုံးပြခဲ့တယ်၊ > greater than, < less than , >= greater than or equal to , <= less than or equal to ဆိုတဲ့ သင်္ကေသ လေးမျိုးပါ၊ အဲ့ဒီ့ သင်္ကေသ လေးမျိုးကို Relational Operators လို့ခေါ်ပါတယ်၊
အောက်မှာ Quarlity Operators  နှစ်ခုကို သင်ကြားပေးမယ်၊ ညီတယ် နဲ့ မညီဘူးဆိုတဲ့ သင်္ကေသတွေပါ၊ ညီတယ်ဆိုတဲ့ သင်္ကေသကို ( == ) ညီမျှခြင်း နှစ်ခုနဲ့ သတ်မှတ်ပြီး မညီဘူး ဆိုတဲ့သင်္ကေသကို ( != ) နဲ့ သတ်မှတ်ပါတယ်၊
ညီတယ်ဆိုတဲ့ သင်္ကေသကို ဘာလို့ ညီမျှခြင်း တစ်ခုထဲနဲ့ မသတ်မှတ်တာလဲ လို့မေးရင် variable တွေကို ညီမျှခြင်း တစ်ခုနဲ့ သတ်မှတ်ထားလို့ပါ၊ တကယ်လို့ ညီတယ်ဆိုတဲ့ သင်္ကေသကို ညီမျှခြင်း တစ်ခုထဲနဲ့ သတ်မှတ်ရင် Variable သတ်မှတ်တာနဲ့ ရောသွားနိုင်ပါတယ်၊ ဒါကြောင့် ညီတယ်ဆိုရင် ညီမျှခြင်း နှစ်ခုနဲ့ သင်္ကေသ သတ်မှတ်ရမယ်၊ အောက်က ဥပမာ ကိုကြည့်ပါ၊
If(20 == 20 ) {
Cout << “hi waiferkolar”;
}
အထက်က ကုတ်ကို build & run လိုပ်လိုက်ရင် အဖြေဖြစ်တဲ့ hi waiferkolar ကိုထုတ်ပေးမယ်၊ if နောက်မှာစမ်းသပ်ထားတဲ့ 20 က 20 နဲ့ ညီရင် ဆိုတဲ့အခြေအနေမှန်နေလို့ အဖြေထုတ်ပးတာပါ၊ အဲ့ဒီ့ if( 20 == 20 )  ဆိုတဲ့ နေရာမှာ if( 20 == 40 ) လို့ပြောင်းပြီး Run ကြည့်လိုက်ပါ၊ အဖြေမထုတ်ပေးတော့ပါဘူး၊ 20 က 40 နဲ့ ညီမှမညီတာကိုး၊ အောက်မှာ နောက်ဥပမာ တစ်ခု
If ( 20 != 40){
Cout << “hi waiferkolar”;
}
အထပ်က ကုတ်ကို Run ကြည့်လိုက်ရင်တော့ အဖြေကိုထုတ်ပေးမယ်၊ if နောက် မှာစမ်းသပ်ထားတဲ့ စမ်းသပ်ချက်က 20 က 40 နဲ့ မညီရင် အဖြေထုတ်ပေးလို့စမ်းသပ်ထားတာလေ၊ တကယ်လဲ 20 က 40 နဲ့ မှ မညီတော့ စမ်းသပ်ထားတဲ့ အခြေအနေက မှန်နေတယ်၊ ဒါကြောင့် အဖြေထုတ်ပေးတာ၊ အဲ့ဒီ့ if( 20 != 40) ဆိုတာကိုပဲ if(20 != 20) ပြောင်းရေးပြီး Run ကြည့်ပါ၊ ဒါဆိုရက် အဖြေမထုတ်ပေးဘူး၊ အကြောင်းကတော့ 20 က 20 နဲ့ ညီနေလို့၊ စမ်းသပ်ထားတဲ့အခြေအနေမှာက 20 က 20 နဲ့ မညီရင် အဖြေထုတ်ပေးလို့ စမ်းသပ်ထားတာလေ၊ ညီတော့ အဖြေမထုတ်ပေးဘူးပေါ့၊
အထက်မှာ သင်ပြခဲ့တာကတော့ if statement ပါ၊ နားလည်အောင် လေ့လာပါ၊
တကယ့် Programmer တွေကတော့ အထက်က ဥပမာ တွေက လို ဂဏန်းတွေကို နှိုင်းယှဉ်ပြီး အလုပ်လုပ်ကြတာမဟုတ်ပါဘူး သူတို့က Varibles တွေကို နှိုင်းယှဉ်တယ်၊ Varible နဲ့ ဂဏန်း တစ်ခုခု ကိုနှိုင်းယှဉ်တယ်၊ အောက်မှာ ဥပမာ
#include <iostream>

using namespace std;

int main()
{
    int x = 20;
    int y = 50;
    if(x < y){
        cout << "Wow! waiferkolar , Great Tutorails";
    }

    return 0;
}
အထက်က ဥပမာ ကို Run ကြည့်ပါ၊ အဖြေ စာသားကိုထုတ်ပေးမယ်၊ variable နှစ်ခု သတ်မှတ်ထားတယ်၊ x နဲ့ y ၊ x ရဲ့တန်ဖိုးက 20 ၊ y ရဲ့တန်ဖိုးက 50 ၊ if နောက်က စမ်းသပ်မူမှာ x က y အောက်ငယ်နေရင် အဖြေထုတ်လို့စမ်းထားတယ်၊ တကယ်လဲ x က 20 ဖြစ်ပြီး y က 50 ဖြစ်နေတယ်၊ ဒီတော့ စမ်းသပ်ချက် မှန်တဲ့အတွက် အဖြေကိုထုပ်ပေးတယ်၊
နောက်ပိုင်းတော့ ပိုပြီးလေးနက်တဲ့ အလုပ်တွေကို If statement သုံးပြီးလုပ်လာရမှာပါ၊

0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

တွက်ချက်ပါ






powered by calculator.net

ငွေအတွက်မပူပါနဲ့

ချက်ကြမယ်လေ


Try Relay: the free SMS and picture text app for iPhone.