C+ lesson 8

ရှေ့မှာသင်ခဲ့တဲ့ အခန်းတစ်ခန်းမှာ  funtcion အကြောင်းကို အနည်းငယ် မိတ်ဆက်ပေးခဲ့တယ်၊ ကွန်ပြူတာ Program တွေကို function တွေအများကြီးနဲ့ တည်ဆောက်ထားတာ၊ ဥပမာ အိပ်ရာထ ပြီးရင် သွားတိုက်၊ ပြီးရင် မျက်နှာသစ်၊ ပြီးရင် အစာစား၊ စသဖြင့် လုပ်ရမယ့်ကိစ္စတွေကိုတစ်ခုစိအမိန့်ပေးပီး အဲ့ဒီ့ အမိန့်တစ်ခုစီကို funtion တစ်ခုစီအနေနဲ့ ရေးရတယ်၊ Program အလုပ်လုပ်တဲ့အခါမှာ လဲ function တစ်ခုစီကို အစကနေ အဆုံးအထိ တစ်ခုပြီး တစ်ခု အလုပ်လုပ်သွားတယ်၊ ဒီတော့ ကွန်ပြူတာ Program ဆိုတာက အဲ့ဒီ့ လို တဆင့်စီ အမိန့်ပေးပြီး ရေးထားတဲ့ functions တွေကို စုပေါင်းထားတဲ့ ကုတ်တွေကိုခေါ်တယ်၊
Functions တွေအများကြီးဆိုရင် ဘယ် Function ကနေ Program က အလုပ်စလုပ်မှာလဲ၊ ဒါကတော့မပူပါနဲ့ Program တစ်ခုကို Run လိုက်ရင်ဖြင့် အဲ့ဒီ့ Program က သူလုပ်ရမယ့် အလုပ်ဖြစ်တဲ့ Functions တွေကိုစတင်အလုပ်လုပ်တယ်၊ စအလုပ်လုပ်တဲ့ function ကတော့ ရှေ့အခန်းတွေမှာ လက်တွေ့တွေ့ခဲ့ပြီး ဖြစ်တဲ့ main function ပါ၊ အောက်မှာ main function ကို တစ်ချက်ပြန်ပြီး ကြည့်ပါ၊
#include <iostream>

using namespace std;

int main()
{
    cout << "Hello world!" << endl;
    return 0;
}
အထက်က ဥပမာက မှာတော့ main( ) ဆိုတဲ့ function ကို တည်ဆောက်ထားတာပါ၊ အဲ့ဒီ့ main ဆိုတဲ့ function ကိုအခေါ်ခံရရင် သူလုပ်မယ့်အလုပ်ကတော့ curly bracket ထဲမှာရှိတဲ့ စာသားကို Output လုပ်မှာပါ၊ function ကိုတည်ဆောက်တဲ့ ပုံက
Int main ( ){
}
အထက်က ပုံအတိုင်း အရင်ဆုံး တည်ဆောက်မယ့် function ရဲ့ data type (int) ကိုရေးတယ်၊  ပြီးတော့ function နာမည်ကိုရေးတယ်၊  အဲ့ဒီ့ function နာမည်ကို တော့ ကြိုက်တဲ့နာမည်ပေးလို့ရတယ်၊ ဒါပေမယ့် သင့်ရဲ့ Program မှာ main ဆိုတဲ့ function ကတော့ ပါကိုပါရမယ်၊ အကြောင်းက ကွန်ပြူတာ Program အလုပ်စလုပ်ရင် သူအရင်ဆုံး ရှာမယ့် function က main function ဖြစ်နေလို့ပါ၊ function ကိုရေးပြီးသွားရင်ဖြင့် သူနောက်မှာ လက်သံကွင်းထည့်ရပါမယ်၊ အဲ့ဒီ့လက်သဲကွင်းထဲမှာ Parameter တွေထည့်ရမယ်၊ ( Parameter တွေအကြောင်းနောက်မှ ရှင်းပြမယ် )၊ လက်သဲကွင်းရဲ့နောက်မှာ တော့ curly bracket တွန့်ကွင်း လိုက်တယ်၊ အဲ့ဒီ့ တွန့်ကွင်းထဲမှာ function ကိုအခေါ်ခံရရင် အဲ့ဒီ့ function လုပ်မယ့်အလုပ်ကို ရေးပါတယ်၊
 ဒီတော့ function တစ်ခုကိုတည်ဆောက်ဖို့ function ရဲ့ data type လိုမယ်၊ function ရဲ့ နာမည်လိုမယ်၊ function နာမည်ရဲ့နောက်မှာ လက်သံကွင်းလိုက်မယ်၊ ပြီးရင်တော့ Curly bracket တွန့်ကွင်း အဖွင့် အပိတ်လိုက်မယ်၊
အခု function တည်ဆောက်ပုံ ကိုသဘောပေါက်သွားရင် သင်ကို ပိုင် function ကိုတည်ဆောက် ကြည့်ကြရအောင်၊ အထက်မှာ သင်ပေးခဲ့တဲ့အတိုင်း  function တစ်ခုကိုတည်ဆောက်ပြီဆိုရင် အဲ့ဒီ့ တည်ဆောက်မယ့် function က ဘယ်လို data type အမျိုးအစားလဲဆိုတာကို စဉ်းစားရမယ်၊ လက်ရှိတော့ integer data type ကိုပဲ သိသေးတယ်၊ တကယ်လို့ သင်လုပ်မယ့် အလုပ်က ဂဏန်းတန်ဖိုးတွေနဲ့ ပတ်သတ်နေရင် int ကိုသုံးပါ၊ ဥပမာ လူတစ်ယောက်ရဲ့ အသက်ကို တွက်ချက်မယ်ဆို တာမျိုး ကားတစ်စီးရဲ့ တစ်နာရီ သွားနှုန်းကို တွက်ချက်မယ်ဆိုတာမျိုး ဒါမျိုးတွေက ဂဏန်းတွေနဲ့ ပတ်သက်နေတယ်၊ ဒီလိုအခါမှာ လုပ်မယ့် အလုပ်က ဂဏန်းတွေ နဲ့ ဖြစ်တာကြောင့် ဂဏန်းတွေကို ကိုင်းတွယ်တဲ့ data type ဖြစ်တဲ့ integer ကိုသုံးပါ၊ အလုပ်လုပ်လို့ထွက်လာမယ့် အဖြေကိုတော့ return လို့ခေါ်ပါတယ်၊  (data type တွေကို ဆုံးဖြတ်နိုင်အောင် နောက်ပိုင်း Data type တွေအားလုံးကိုသင်ပေးမယ်၊ အခုတော့ မရှုပ်သွားအောင် int ကိုပဲ မှတ်ထားဦး) တကယ်လို့ သင်တည်ဆောက်မယ့် function က စာသားတွေကို ကိုင်းတွယ် အလုပ်လုပ် မယ့် function အမျိုးအစားဆိုရင်တော့ Void ကိုသုံးပါ၊ (လောလောဆယ် စာသားအတွက် data type void ကိုသုံးတယ်လို့ပဲ မှတ်ထားပါဦး၊
အခု စာသားတွေကို အဖြေထုတ်ပေးမယ့် function တစ်ခုကိုတည်ဆောက်မယ်၊ စာသားတွေကို အဖြေထုတ်မယ့် function ဆိုတော့ return data type ကို void လို့သတ်မှတ်လိုက်မယ်၊ ဒါဆိုရင်တော့ အောက် က အတိုင်းစရေးလိုက်
Void
အထက်က လို Return data type ကိုရေးပြီးသွားရင်တော့ သင်တည်ဆောက်မယ့် fucntion ရဲ့ နာမည်ကိုပေးရပါမယ်၊ သင်ကြိုက်တဲ့နာမည်ပေးနိုင်တယ်၊  အောက်မှာကြည့်ပါ၊
Void waiferkolar( )
အထက်မှာတော့ waiferkolar ဆိုတဲ့ function တစ်ခုကိုတည်ဆောက်လိုက်ပါပီ၊ သူ့ရဲ့ data type က void ပါ၊ waiferkolar ရဲ့ နောက်မှာ လက်သဲကွင်း Prarmeter ပါတယ်၊ ပြီးရင်တော့ waiferkolar လို့တည်ဆောက်ထားတဲ့ function ရဲ့ အလုပ်ကို ရေးရပါမယ်၊ function တစ်ခုရဲ့ အလုပ်ဖြစ်တဲ့ အတွက် Curly bracket ထဲမှာရေးမယ်၊ အလွယ်ပဲ “How are you doing waiferkolar” ဆိုတဲ့စာသား အဖြေထုတ်မယ်လို့ ရေးမယ်၊ အောက်မှာကြည့်
Void waiferkolar ( ){
Count << “How are you doing waiferkolar” ;
}
အထက်မှာတော့ waiferkolar ဆိုတဲ့ function ကိုတည်ဆောက်ပြီးသွားပြီ၊ သူ့ လုပ်မယ့် အလုပ်ကိုလဲ သတ်မှတ်ပြီးသွားပီ၊ တစ်ခု သတိပေးစရာရှိတယ်၊ stream data type ဖြစ်တဲ့ “How are you doing wiaferkolar” ကိုရေးတဲ့အခါ နှစ်ထပ် ကော်မာ အဖွင့် အပိတ် ကြားမှာရေးတယ်၊ Stream Data ဖြစ်လို့ပါ၊
အခု သင်ကိုတိုင် function တစ်ခုကို တည်ဆောက်ပြီးသွားပါပီ၊ အဲ့ဒီ့ function ဘယ်လိုအလုပ်လုပ်မလဲဆိုတာကိုလေ့လာမယ်၊ တကယ်တော့ သင်တည်ဆောက်ထားတဲ့ function ရဲ့ အပေါ်မှာ main function ရှိနေမှာပါ၊ အောက်မှာကြည့်
#include <iostream>

using namespace std;

int main()
{
    cout << "Hello world!" << endl;
    return 0;
}
void waiferkolar(){
    cout << "How are you doing waiferkolar" ;
}
အထက်က ပုံကတော့ သင်တည်ဆောက်ပြီးသွားတဲ့ function ပါ၊ အပေါ်မှာ main function ရှိတယ်၊ အောက်မှာ သင့်ကိုပိုင်း function ရှိတယ်၊ အခု သင့်ကိုပိုင်တည်ဆောက်ထားတဲ့  ခေါ်ကြည့်မယ်၊ (အဲ သူများတွေက function ကိုခေါ်တယ်လို့ ပြောလို့သာ လိုက်ပြောရတာ၊ တကယ်တော့ function ကိုအသုံးပြုတာပါ) အသုံးပြုဖို့အတွက် အဲ့ဒီ့ function ကို main function ထဲကနေလှမ်းခေါ်ရမယ်၊ အောက်မှာကြည့်ပါ၊



အထက် မှတော့ သင်တည်ဆောက်ထားတဲ့ function ကို main function ထဲမှာ void waiferkolar ( ); လို့ထည့်ပြီးခေါ်ထားပါတယ်၊ ဒါဆိုရင်အလုပ်ဖြစ်ရမှာ ဒါပေမယ့် တကယ် Run လိုက်ရင် အလုပ်မဖြစ်ဘူးဖြစ်နေမယ်၊  ကုတ်တွေမှာပါတဲ့ အနီရောင်လေးထောင့်ကွက်လေးက မှားနေတယ်ဆိုတဲ့ သင်္ကေသ၊ ဘာကြောင့်မှားနေတာလဲ၊
 တကယ်တော့ ကွန်ပြူတာ Program က အလုပ်လုပ်ရင် အပေါ်ဆုံးက စပြီး လုပ်ပါတယ်၊ အဲပြောချင်တာက $include <iostream> ကိုစပြီး ဖတ်တယ်၊ အော် ဒါကတော့ <iostream> ဖိုင်ကိုထည့်ခိုင်းတာ အိုကေ၊
 ပြီးရင် Program ရဲ့ဒုတိယ စာကြောင်းကို အလုပ်လုပ်တယ်၊ using namespace std; အောက် standard Character ကိုအသုံးပြုခိုင်းတာ ဟုတ်ပြီ၊
အဲ့ဒါပြီးရင် Program ကတတိယ စာကြောင်းကို ကြည်တယ်၊ int main ( ) ကိုတွေ့ရင် ၊ အိုဒါက ငါ့ဘော်ဒါကြီး main function ပဲ၊ အိုကေ ဒီကောင် ငါ့ကို ဒီတစ်ခါ ဘာတွေ အမိန့်ပေးထားလဲ ကြည့်အုံးမှ ဆိုပြီးနောက်တစ်ကြောင်းက အလုပ်လုပ်မယ့် ကုတ်ကိုကြည့်တယ်၊
အဲ့ဒီ့ နောက်တစ်ကြောင်းမှာ Program အလုပ်လုပ်ဖို့ ကြည့်လိုက်တဲ့အခါ void waiferkolar( ); ကိုသွားတွေ့တယ်၊ ဒီမှာပဲ ကွန်ပြူတာက စပြီပြသနာဖြစ်တော့တယ်၊ အလို ဘာကောင် ကြီးလဲ ဘယ်သူထည့်လိုက်တာလဲ၊ ငါက ဒါကြီးကို ဘာလုပ်ရမှာလဲ ဟာကွာ ရှုပ်တယ် အမှားပြလိုက်မယ်၊ Error ထုတ်ပေးလိုက်ပါတယ်၊
ဒီလိုဖြစ်ရတာက ကွန်ပြူတာက သင်ဆွဲလိုက်တဲ့ function ကိုကြိုမတွေ့သေးလို့ပါ၊ အခု သင်ရေးလိုက်တဲ့ function ကို အောက်က အတိုင်းနေရာပြောင်းပြီး ရေးကြည့်လိုက်ပါ၊
#include <iostream>

using namespace std;

void waiferkolar(){

cout << "Hello how are you doing waiferkolar";
}


int main()
{
     waiferkolar();
    return 0;
}
အထက်က ဥပမာမှာ သင်တည်ဆောက်လိုက်တဲ့ function ကို main function  ရဲ့ အပေါ်ကိုပို့လိုက်တယ်၊ ဒါ့ကြောင့် ကွန်ပြူတက Program ကို Run တဲ့ အခါ  အပေါ်ဆုံးက စပြီး အလုပ်လုပ်မယ်၊ တစ်ကြောင်းစီဖတ်မယ်၊
$include <iostream> ကိုစပြီး ဖတ်တယ်၊ အော် ဒါကတော့ <iostream> ဖိုင်ကိုထည့်ခိုင်းတာ အိုကေ၊
 ပြီးရင် Program ရဲ့ဒုတိယ စာကြောင်းကို အလုပ်လုပ်တယ်၊ using namespace std; အောက် standard Character ကိုအသုံးပြုခိုင်းတာ ဟုတ်ပြီ၊
အဲ့ဒါပြီးရင် Program ကတတိယ စာကြောင်းကို ကြည်တယ်၊ void waiferkolar ဆိုတဲ့ function ကိုတွေ့တယ်၊ ဒီတော့ ကွန်ပြူတာက အောက် function တစ်ခုပါလား၊ ကောင်းပြီကွာ မင်းကို ငါမှတ်ထားလိုက်မယ်၊ နောက်တော့ မင်းကိုခေါ်သုံးတဲ့အခါ အလုပ်အတူ လက်တွဲလုပ်ကြတာပေါ့ လို့ သင့်တည်ဆောက်ထားတဲ့ function ကိုမှတ်သွားတယ်၊ 
အဲ့ဒါပြီးရင် Program နောက်ထပ် စာကြောင်းကို ကြည်တယ်၊ int main ( ) ကိုတွေ့ရင် ၊ အိုဒါက ငါ့ဘော်ဒါကြီး main function ပဲ၊ အိုကေ ဒီကောင် ငါ့ကို ဒီတစ်ခါ ဘာတွေ အမိန့်ပေးထားလဲ ကြည့်အုံးမှ ဆိုပြီးနောက်တစ်ကြောင်းက အလုပ်လုပ်မယ့် ကုတ်ကိုကြည့်တယ်၊
ဒီစာကြောင်းမှာတေ့  waiferkolar( ); ဆိုတဲ့ function ကိုခေါ်ထားတာကိုတွေ့တယ်၊ အော်မင်းကို ၊ ငါမင်းကို အပေါ်မှာ တွေ့ခဲ့တယ်၊ အခုတော့ မင်းကို ခေါ်သုံးပြီ ဒီတော့ မင်းအလုပ်ဖြစ်တဲ့ “Hello how are you doing waiferkolar” ဆိုတဲ့စာကြောင်းကို Output လုပ်ရမယ်ဆိုပီး အဖြေထုတ်ပေးလိုက်တယ်၊
ဒီတစ်ခါတော့ အဖြေမှန်သွားပီ၊ အပေါ်မှာ ပထမတစ်ခါက  အဖြေမှန်မရတာကတော့  ကွန်ပြူတာက သင့်တည်ဆောက်ထားတဲ့ function ကိုအရင်ဆုံးစမတွေ့သေးလို့ပါ၊  တကယ်တော့ main function မတိုင်းမီ သင် တည်ဆောက်ထားတဲ့ function ကိုတွေ့ခဲ့ရင် အလုပ်မဖြစ်စရာအကြောင်းမရှိဘူး၊ ဒီတေလာ့ သင်တည်ဆောက်တဲ့ function ကို main function ရဲ့ရှေ့မှာထားပေးပါ၊
ဒီမှာ တစ်ခုပြောစရာရှိတယ်၊ ကွန်ပြူတာက Program မှာ စတွေ့တဲ့ waiferkolar ဆိုတဲ့ function ကို အရင်အလုပ်စမလုပ်ပဲ ဘာလို့ main က ခေါ်မှအလုပ်လုပ်ပေးတာလဲ၊ ဟုတ်ပါတယ်၊ ကွန်ပြူတာ Program တိုင်းမှာ main funcion ပါတယ်၊ Program တစ်ခုကို Run လိုက်ရင်လဲ အဲ့ဒီ့ main fucntion ထဲမှာ ရှိတဲ့ အမိန့်တွေကိုပဲ အလုပ်လုပ်ပါတယ်၊

သင်တည်ဆောက်ထားတဲ့ function ကို main function ရဲ့အောက်မှာပဲထားချင်တယ်ဆိုရင်တော့ လုပ်လို့ရတဲ့နည်းရှိပါတယ်၊ ဒါကတော့ သင်တည်ဆောက်ထားတဲ့ function ရဲ့ data type, function name နဲ့ Parameter (လက်သဲကွင်း) တို့ကိုပဲ အပေါ်မှာထားပြီး function တစ်ခုရှိကြောင်း အသိပေးတဲ့နည်းပါ၊ အောက်မှာ ဥပမာ ကြည့်ပါ၊


#include <iostream>

using namespace std;

void waiferkolar();

int main()
{
     waiferkolar();
    return 0;
}
void waiferkolar(){

cout << "Hello how are you doing waiferkolar";
}အထက်က ဥပမာ ကို Run လိုက်ရင်လဲ အဖြေရမယ်၊ သုံးထားတဲ့နည်းက သင်တည်ဆောက်ထားတဲ့ function ရဲ့ data type , function name နဲ့ parameter တို့ကို main function ရဲ့ အပေါ်မှာ တင်ထားလိုက်ပြီး function တစ်ခုရှိတယ်လို့အသိပေးလိုက်တာပါ၊
void waiferkolar(); ဆိုတဲ့ စာသားရဲ့ နောက်ဆုံးမှာ simicolon ထည့်ဖို့မမေ့ပါနဲ့၊

0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

တွက်ချက်ပါ






powered by calculator.net

ငွေအတွက်မပူပါနဲ့

ချက်ကြမယ်လေ


Try Relay: the free SMS and picture text app for iPhone.