css_5


Text Formatting / Text-Color
CSS ကိုအသုံးပြုပြီး HTML Document ထဲရှိ Tags တွေနဲ့ Elements တွေကိုလဲ အရောင်တွေပြောင်းနိုင်ပါသေးတယ်၊ အရောင်ပြောင်းဖို့အတွက်တော့  CSS
ရဲ့ Color Property ဖြစ်တဲ့ color ကိုပဲသုံးရပါတယ်၊ တကယ်လို့ HTML Document မှာရှိတဲ့ <h1> Tags အသုံးပြုထားတဲ့ စာသားအားလုံးကို
အနီရောင်ပြောင်းချင်ရင်
H1 { color : red }
အထက်က ပုံစံမှာတော့ အရင်ဆုံး h1 ဆိုတာကတော့ CSS Selector ပါ၊ သူက HTML Document ထဲက <h1> Tags သုံးထားတဲ့ Element အားလုံးကို
CSS နဲ့ ပြုပြင်မယ်ဆိုပြီး သတ်မှတ်လိုက်တာပါ၊ color : red ဆိုတာမှာတော့ color ဆိုတဲ့ အရောင် (property) ကို value အဖြစ် လို့ red ထည့်မယ်၊ ဒီတော့
HTML Document ထဲက <h1> Element နဲ့ ပတ်သတ်တဲ့ စာသားအားလုံး ရဲ့ အရောင်ကို အနီရောင်အဖြစ်ပြောင်းမယ်လို့ပြောတာပါ၊ အောက်မှာ
လက်တွေပဥပမာ ကြည့်ပါ၊
HTML Document
<html>
<head>
<link href= "coder.css" rel="stylesheet" type="text/css">
</head>
<body>
<h1> what is going on with you guys? </h1>
</body>
</html>
CSS File
h1 { color : red ;}
အထက်က လို HTML Document နဲ့ CSS ဖိုင်တို့ကို ရေးပြီး HTML Document ကို Run ကြည့်လိုက်ရင် အောက်က ပုံစံရှိတဲ့ သင့်ရဲ့ ၀က်ဆိုက်ကိုတွေ့ရမှာပါ၊


သေချာမှတ်ပါ၊ Color Property က color ဖြစ်ပြီး value က red အရောင်နာမည်ပါ၊ အရောင်တန်ဖိုး value ကိုတော့ HEX (hexadecimal value) ဖြစ်စေ၊
RGB (red green blue) တန်ဖိုးဖြစ် စေ ကြိုက်ရာ တန်ဖိုးကိုသုံးနိုင်ပါတယ်၊ အောက်မှာ ဥပမာ ကြည့်ပါ၊
body {color:blue;}
h1 {color:#00ff00;}
h2 {color:rgb(255,0,0);}

အရောင်နာမည်တွေကို စုံစုံ လင်လင် သိချင်ရင်တော့ ဒီနေရာမှာလေ့လာနိုင်ပါတယ်၊
စာပိုက်တစ်ခုက စာသားတွေကိုဖြစ်စေ၊ စာကြောင်းတစ်ကြောင်းက စာသားတွေကိုဖြစ်စေ ဘယ်ဘက်ကိုယူပြီး စီမှာလား ညာဘက်ကိုယူပြီးစီမှာလား
အလယ်ကိုယူပြီး စီမှာလား စသဖြင့် သင့်စိတ်ကြိုက်နေရာချထားလို့ရပါတယ်၊ ဒီအတွက်တော့ CSS မှာ Text Align Property ကိုသုံးတယ်၊ အထက်က
ဥပမာကိုပဲ စာသားတွေကို အလယ်မှာထားချင်တယ်ဆိုရင်ဖြင့် text-align :center လို့ထည့်ပေးလိုက်ပါ၊ text-align က စာသားနေရာချိန်ဖို့အတွက်
Property ဖြစ်ပြီး center ကတော့ Value ပါ၊ အများဆုံး သုံးတဲ့ values တွေကတော့ left, right နဲ့ center တို့ပါ၊ အောက်မှာဥပမာ ကြည့်
HTML Document
<html>
<head>
<link href= "coder.css" rel="stylesheet" type="text/css">
</head>
<body>
<h1> what is going on with you guys? </h1>
</body>
</html>
CSS File
h1 { color : red ;
     text-align : center;}
အထက်က HTML Document နဲ့ CSS ဖိုင်တို့ကို သိမ်းပြိးသွားရင် Run လိုက်ပါ၊ ဒါဆိုရင်တော့ CSS မှာ h1 အတွက် text-align :center
လို့ထည့်ထားတဲ့အတွက် အောက်က ပုံအတိုင်း သင့်ဝက်ဆိုက်စာမျက်နှာကိုတွေ့ရမှာပါ၊



Text Align
အထက်ကပုံစံမျိုး Text-align ကို right , left တို့ထားပြီး စမ်းသပ်ကြည့်ပါ၊ ထူးခြားတဲ့ text align value တစ်ခုကတော့ သင်ရေးထားတဲ့ စာပိုဒ်က
စာသားတွေအားလုံးကို တစ်ကြောင်းနဲ့ တစ်ကြောင်းညီအောင် ဆွဲဆန့်ပေး တဲ့ ချိန်ညှိပေးတဲ့ Justify ဆိုတဲ့ value ပါ၊ သင်တစ်ကယ်
အလုပ်လုပ်လာပီဆိုရင်ဖြင့် အများဆုံး အသုံးပြုမယ့် Text formatting တစ်ခုပါ၊ သုံးတဲ့ပုံကတော့
H1 {text-align :justify;}
ဆိုပြီးသုံးပါတယ်၊ လက်တွေ့ စာပိုဒ်တစ်ခုရေးပြီး အဲ့ဒီ့စာပိုဒ်ကို Justify လုပ်ကြည့်ပါ၊
Text decoration
နောက်ထပ် သိထားရမယ့် Text Formatting တစ်ခုကတော့ text-decoration ပါ၊ သူကို ခေါ်သုံးတဲ့ property ကတော့ text-decoration ဖြစ်ပါတယ်၊
Value ကတော့ ငါးမျိုးရှိတယ်၊ အောက်မှာ ကြည့်၊
 { text-decoration : none;}  ဘာအလှမှ မဆင်ဖို့အတွက် none ဆိုတဲ့ value ကိုသုံးထားတာ၊
 { text-decoration : underline ; } စာကြောင်းရဲ့အောက်မှာ မျဉ်းကြောင်းတားလိုတဲ့အတွက် underline ဆိုတဲ့ Value ကိုထည့်ထားတာ၊
 {text-decoration : overline; } စာကြောင်းရဲ့ အပေါ်မှာ မျဉ်းကြောင်းတားလိုတဲ့အတွက် overline ဆိုတဲ့ value ကိုထည့်ထားတာ၊
 {text-decoration : line-through;}  စာကြောင်းကို အလယ်ကနေဖြတ်ပြီး မျဉ်းကြောင်းတားလိုတဲ့အတွက် line-through ဆိုတဲ့ value ကိုထည့်ထားတာ၊
{text-decoration:blink;} စာကြောင်းကို ပိတ်လိုက်ပေါ်လိုက်ဖြစ်စေချင်လို့ blink ဆိုတဲ့ vlaue ကိုထည့်ထားတာ၊
အထက်က Property နဲ့ Values တွေကို လက်တွေ သုံးကြည့်မယ်၊ အောက်မှာ
HTML Document
<html>
<head>
<link href= "coder.css" rel="stylesheet" type="text/css">
</head>
<body>
<h1> what is going on with you guys? </h1>
<p> hey now brown cow in down town </p>
<h2>Daddy has gone to work, mummy is not at home </h2>
<b> what's going on with you guys? </b><br/>
<dive id="bla">Got a pocket full of cheese and garden full of trees</div>
</body>
</html>
CSS File
h1 { text-decoration : none;}
p { text-decoration : underline ; }
h2 {text-decoration : overline; }
b {text-decoration : line-through;}
#bla{text-decoration:blink;}
အထက်က HTML Document နဲ့ CSS ဖိုင်တို့ကို သိမ်းပြိးသွားရင် Run လိုက်ပါ ဒါဆိုရင်တော့ အောက်က ပုံစံမျိုးရှိတဲ့ ၀က်ဆိုက်စာမျက်နှာကိုရမယ်၊


အောက်ဆုံးစာကြောင့်က ဖွင့်လိုက်ပိတ်လိုက်ဖြစ်နေမှာပါ၊ Google Chrome မှာ အဆင်မပြေရင် Firefox နဲ့ စမ်းကြည့်ပါ၊
Text transform
စာကြောင်းတစ်ကြောင်းက ဖြစ်စေ စာပိုဒ်တစ်ပိုက်ထဲက စာသားတွေကို ဖြစ်စေ စာလုံး အသေး အကြီး ပြောင်းလို့ရပါတယ်၊ ဒီအတွက်တော့ text-transform
ဆိုတဲ့ Property ကိုသုံးတယ်၊ Value ကတော့ ၊ uppercase, lowercase, capitalize ဆိုပြီးသုံးမျိုးရှိပါတယ်၊ အောက်မှာ လက်တွေ့သုံးပုံကိုကြည့်ပါ၊
p { text-transform : uppercase; } စာသားတွေအားလုံးကို စာလုံး အကြီးပြောင်းဖို့ အတွက် value မှာ uppercase ဆိုပြီးထည့်ထားတာ၊
h2 {text-transform : lowercase; } စာသားတွေအားလုံးကို စာလုံး အသေးပြောင်းဖို့ အတွက် value မှာ lowercase ဆိုပြီးထည့်ထားတာ၊
b {text-transform : lowercase;} စာသားတွေအားလုံးကို စာလုံး အသေးပြောင်းဖို့ အတွက် value မှာ lowercase ဆိုပြီးထည့်ထားတာ၊
#bla{text-transform:capitalize;} စာသားတွေအားလုံးကို ပုံနှိပ်စာလုံးပြောင်းဖို့ အတွက် value မှာ capitalize ဆိုပြီးထည့်ထားတာ၊
အောက်မှာလက်တွေ့ အသုံးပြုပုံကိုလေ့လာပါ၊
HTML Doucment
<html>
<head>
<link href= "coder.css" rel="stylesheet" type="text/css">
</head>
<body>
<h1> what is going on with you guys? </h1>
<p> hey now brown cow in down town </p>
<h2>Daddy has gone to work, mummy is not at home </h2>
<b> what's going on with you guys? </b><br/>
<dive id="bla">Got a pocket full of cheese and garden full of trees</div>
</body>
</html>
CSS File
h1 { text-decoration : none;}
p { text-transform : uppercase; }
h2 {text-transform : lowercase; }
b {text-transform : lowercase;}
#bla{text-transform:capitalize;}
အထက်က ဖိုင်နှစ်ခုလုံးကို သိမ်းပြီး Run ကြည့်ရင်တော့ အောက်က လို ၀က်ဆိုက်စာမျက်နှာကို တွေ့ရမယ်၊


HTML Document မှာရေးတုံးက စာသားတွေနဲ့ မတူတဲ့ အဖြေထွက်တာကို သေချာ မှတ်သားလေ့လာပါ၊
Text Indentation
နောက်အသုံးဝင်တဲ့ Text formatting တစ်ခုကတော့ ပထမဆုံးစာကြောင်းကို ဘေးမျဉ်းဘယ်လောက်ခြားမလဲလို့သတ်မှတ်တဲ့ text-indentation ဆိုတဲ့
Property ပါ၊ Propety ကိုရေးရင်တော့ text-indent လို့ပဲရေးပါတယ်၊ ဥပမာ {text-indent : 50px;} လို့ရေးလိုက်ရင်
ပထမဆုံးစာကြောင်းက ဘေးမျဉ်းကနေ 50 pixels ကွားသွားမယ်၊ အောက်က ဥပမာ ကိုကြည့်ပါ၊
p { text-indent: 50px; }
အထက်မှာ HTML Doucment ထဲမှာရှိတဲ့ paragraphs တွေအားလုံးရဲ့ ပထမစာကြောင်းကို လေးမျဉ်းကနေ 50 pxiels ကွာလို့ အမိန့်ပေးထားတယ်၊
အထက်က စာသားကို အပေါ်က ဥပမာ မှာထည့်ပြီး Run ကြည့်ပါ၊ ဒါဆိုရင်တော့ အောက်က ပုံစံရှိတဲ့ ၀က်ဆိုက်စာမျက်နှာကိုရမယ်၊


အထက်က ၀က်ဆိုက်စာမျက်နှာမှာ ဒုတိယ စာကြောင်းက paragraph ပါ၊ သူ့ကို CSS နဲ့ ဘေးမျဉ်းကနေ 50px ကွားလို့ အမိန့်ပေးထားလို့ ဘေးမျဉ်းကနေ
50 pxiels ကွာနေပါတယ်၊
Text direction
ပုံမှန်အားဖြင့် သင်ရေးလိုက်တဲ့ စာကြောင်းက ဘယ်က နေညာဘက်ကိုသွားနေမှာပါ၊ သူ့ကိုတော့ ရေးစရာမလိုပါဘူး၊ သူက Default ပါ၊  ဒါပေသည့်
လိုအပ်လို့ရေးရမယ်ဆိုရင်ဖြင့် text-deirction ဆိုတဲ့ Property ကိုသုံးပြီးရေးနိုင်ပါတယ်၊ Value မှာတော့ rtl နဲ့ ltr ဆိုပြီးရှိပါတယ်၊ rtl က right to left
ညာဘက်ကနေ ဘယ်ဘက်ကို စာကြောင်းကိုရေးသွားမယ်လို့ပြောပြီး၊ ltr ကနော့ left to right ဘယ်ဘက်က နေညာဘက်ကို ရေးမယ်လို့ပြောတယ်၊ ltr
ကတော့ Default value ပါ၊ အောက်မှာနားလည်သွားအောငကြည့်ပါ၊
h2 {dierction: ltr; }
b {direction : rtl;}
ကို့ပါသာ လေ့လာကြည့်ပါ၊ အသုံး မတွင်ကျယ်လို့လက်တွေ့ မသင်တော့ဘူး၊
ဆက်ေ၇းဖို့ကျန်သေးတယ်

0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

တွက်ချက်ပါ






powered by calculator.net

ငွေအတွက်မပူပါနဲ့

ချက်ကြမယ်လေ


Try Relay: the free SMS and picture text app for iPhone.