css_7


Font Properties
CSS မှာ စာလုံးတွေရဲ့ Properties တွေကို font family, boldness, size တို့နဲ့ သတ်မှတ်ပါတယ်၊ font family ကတော့ စာလုံး အမျိုး အစားပါ၊ ဥပမာ
Zawgyi-One ကိုသုံးမှာလား၊ “Time New Roman” ကိုသုံးမှာလား စသဖြင့် သုံးမယ့် font နာမည်ကိုရွေးချယ်တာပါ၊
Serif & Sans-serif
လေ့လာစရာ font မျိုးစိတ် နှစ်ခုရှိပါတယ်၊ Serif နဲ့ Sans-serif တို့ပါ၊ serif ဆိုတာက စာလုံးတစ်လုံးရဲ့ အဆုံးသတ်မှာ အကွေးလေးတွေ ဒေါင့်လေးတွေပါတဲ့
စာလုံး အမျိုး အစားကိုခေါ်ပြီး San-serif ကတော့ အတိ ပြတ်သွားတဲ့ စာလုံးမျိုးဖြစ်ပါတယ်၊ အောက်မှာ သရုပ်ပြပုံကိုကြည့်ပါ၊

CSS Font Families
Css မှာ အသုံးပြုတဲ့ font family နှစ်ခုကတော့ generic family နဲ့ font family ပါ၊ generic family ဆိုတာတော့ အထက်က ပုံမှာပြတွေ့ရတဲ့ serif နဲ့
san-serif တို့လို စာလုံး မျိုးရိုးတွေကိုခေါ်ပြီး font family ကတော့ “Zawgyi-One” တို့ “Ariel” တို့လို စာလုံးနာမည်တွေကိုခေါ်ပါတယ်၊
Font Family
သင်ရေးထားတဲ့ စာသားကို ဘယ်စာလုံး အမျိုးအစားသုံးမလဲလို့ သတ်မှတ်တဲ့အခါမှာ property အနေနဲ့ font-family ကိုသုံးတယ်၊ value ကတော့
သင့်စိတ်ကြိုက် font အမျိုးအစားနာမည်ကိုထည့်ရတယ်၊ အောက်မှာဥပမာ ကြည့်၊
h2 {font-family : "Zawgyi-One"; }
အထက်မှာတော့ HTML Doucment ထဲမှာရှိတဲ့ <h2> Tags နဲ့ ပတ်သတ်သမျှ စာလုံးတွေကို Zawgyi-One စာလုံးသုံးမယ်လို့သတ်မှတ်လိုက်တာ၊
အဲ့ဒီ့လိုစာလုံး အမျိုးအစားသတ်မှတ်တဲ့အခါ များသောအားဖြင့် စာလုံးအမျိုးအစားတစ်ခုထဲကို မသတ်မှတ်ပဲ အမျိုးအစားသုံးလေးခုကို
တွဲပြီးသတ်မှတ်တယ်၊ အောက်က ပုံစံအတိုင်း၊
h2 {font-family : "Zawgyi-One" Arial , Times , serif; }
အထက်မှာ စာလုံး အမျိုးအစားလေးမျိုးတောင်သတ်မှတ်လိုက်တယ်၊ အဓိပ္ပါယ်က Zawgyi One ဆိုတဲ့ စာလုံး အမျိုးအစားကို သုံးခိုင်တာ၊ ဒါပေမယ့်
အသုံးပြုသူရဲ့ ကွန်ပြူတာမှာ Zawgyi-One စာလုံးမရှိရင်ဖြင့် ဒုတိယ စာလုံးအမျိုးအစားဖြစ်တဲ့ Arial ကိုသုံးခိုင်းတယ်၊ Zawgyi One ကော
Arial ကောမရှိရင်တော့ Times စာလုံးကိုသုံးခိုင်းတယ်၊ အဲ့ဒီ့ သုံးမျိုးလုံးမရှိရင် serif ဆိုတဲ့ font မျိုးစိတ်ကိုသုံးခိုင်းထားတယ်၊ serif ကတော့ စာလုံး
မျိုးစိတ်ဖြစ်တဲ့အတွက်ရှိမှာသေချာတယ်၊ ဒီလိုရေးတဲ့အခါ ရှေ့ဆုံးမှာရေးတဲ့စာလုံး အမျိုးအစားကို ပဲ browser တွေက သုံးတယ်၊
မရှိရင်တော့ နောက်တစ်ခုပေါ့၊ နောက်ထပ် သတိထားရမှာက စာလုံး အမျိုးအစားက စကားလုံ တစ်ခုထဲဆိုရင်ဖြင့် အဖွင့်အပိတ် ကော်မာထည့်စရာမလိုပဲ
စာလုံ တစ်ခုထပ် အထက်ဆိုရင်ဖြင့် အဖွင့်အပိတ် နှစ်ထပ်ကော်မာနဲ့ ၀ိုင်းပေးလိုက်ပါ၊ အထက်က Zawgyi-One က
စာလုံးနှစ်လုံးပေါင်းထားတာ ဖြစ်တဲ့အတွက် နှစ်ထပ်ကော်မာနဲ့ ၀ိုင်းထားတယ်၊
Font Style
စာလုံးတွေကို စတိုင်ထည့်လို့ရပါသေးတယ်၊ စာလုံး အထူဖြစ်လိုလား စာလုံးတစ်စောင်းဖြစ်လိုလား၊ စသဖြင့်ပေါ့၊
စာလုံးတွေရဲ့ စတိုင်းကိုထည့်ဖို့သုံးတဲ့ property ကတော့ font-style ပါ၊ တန်ဖိုးကတော့ ကြိုက်တဲ့ တန်ဖိုးကိုထည့် bold, italic, oblique ဆိုတဲ့
စတိုင်သုံးမျိုးရှိတယ်၊ bold နဲ့ italic တို့ကို ရင်နှီးပြီးသား ဖြစ်နိုင်ပေမယ့် Oblique ကိုတော့ နည်းနည်း ထူးဆန်းနေလိမ့်မယ်၊ သူ့ရဲ့ ပုံစံက italic နဲ့
ဆင်တူပါတယ်၊ စာလုံး လေးတွေစောင်းနေတာပါပဲ၊ အောက်မှာဥပမာ ကြည့်ပါ၊
ံHTML Document
<html>
<head>
<link href= "coder.css" rel="stylesheet" type="text/css">
</head>
<body>
<h1> what is going on with you guys? </h1>
<p> hey now brown cow in down town </p>
<dive id="bla">Got a pocket full of cheese and garden full of trees</div>
</body>
</html>
CSS File
h1 { font-style: bold;}
p { font-style: italic; }
#bla{font-style :oblique;}
အထက်က ဖိုင်နှစ်ခုကိုပေါင်းပြီး Run လိုက်ရင်တော့ အောက်က ပုံစံမျိုး ၀က်ဆိုက်စာမျက်နှာကိုတွေ့ရမယ်၊



စာလုံး အရွယ်အစားကိုလဲ လိုသလို ပြောင်းလဲနိုင်ပါတယ်၊
စာလုံး အရွယ်အစားကိုချိန်ညှိဖို့အတွက်သုံးတဲ့ property ကတော့ font-size ပါ၊   value မှာတော့ သင်ကြိုက်တဲ့ စာလုံး
အရွယ်အစားကိုထည့်နိုင်ပါတယ်။ အောက်မှာဥပမာ ကြည့်
p { font-size: 20px; }
အထက်က ဥပမာက HTMl Document ထဲမှာရှိသမျှ paragraphs တွေအားလုံးထဲပါတဲ့ စာလုံး အရွယ်အစားကို 20px ထားမယ်လို့ သတ်မှတ်လိုက်တာပါ၊
ကိုတိုင်စမ်းကြည့်ပါ၊

Absolute size:
  • Sets the text to a specified size
  • Does not allow a user to change the text size in all browsers (bad for accessibility reasons)
  • Absolute size is useful when the physical size of the output is known
Relative size:
  • Sets the size relative to surrounding elements
  • Allows a user to change the text size in browsers
RemarkIf you do not specify a font size, the default size for normal text, like paragraphs, is 16px (16px=1em).
သင်ရဲ့ ၀က်ဆိုက်က စာလုံး အရွယ်အစားကို အသေဖြစ်စေလိုတယ်၊ သင့်ဆိုက်ကို လာကြည့်တဲ့ သူက မပြောင်းစေချင်ဘူးဆိုရင်တော့  pxiels အစား em ကိုသုံးနိုင်ပါတယ်၊ 16px က 1em နဲ့ ညီမျှပါတယ်၊ အောက်မှာကြည့်ပါ၊

h1 {font-size:2.5em;} /* 40px/16=2.5em */
h2 {font-size:1.875em;} /* 30px/16=1.875em */
p {font-size:0.875em;} /* 14px/16=0.875em */

Use a Combination of Percent and Em
The solution that works in all browsers, is to set a default font-size in percent for the <body> element:
Precent နဲ့ Em ကိုတွဲပြီးသုံးနိုင်ပါတယ်၊ ဒါဆိုရင်တော့ browser အားလုံးမှာ ပြသနာမရှိပဲ သင့်ဝက်ဆိုက်မှာ အသုံးပြုထားတဲ့
အရွယ်အစားအားလုံးကိုဖော်ပြပေးမယ်၊
Example
body {font-size:100%;}
h1 {font-size:2.5em;}
h2 {font-size:1.875em;}
p {font-size:0.875em;}

င်္Font-Variant










စာလုံးအသေးဖြစ်နေတဲ့ စာကြောင်းတွေကို စာလုံးအကြီးဖြစ်အောင် CSS ရဲ့ font-variant property သုံးပြီးပြောင်းလိုက်နိုင်ပါတယ်၊ အောက်မှာဥပမာ ကြည့်ပါ၊
ံHTML Document
<html>
<head>
<title>what's up</title>
<link href= "baby.css" rel= "stylesheet" type= "text/css">
</head>
<body>
<body>
<p class="normal">My name is Hege Refsnes.</p>
<p class="small">My name is Hege Refsnes.</p>
</body>
</html>
CSS File
p.normal {font-variant:normal;}
p.small {font-variant:small-caps;}
အထက်က ဖိုင်နှစ်ခုကို Run ကြည့်လိုက်ရင် အောက်က ပုံစံ ၀က်ဆိုက်စာမျက်နှာကိုရရှိမှာပါ၊




ဒုတိယ စာပိုဒ်ကိုရေးထားတုန်းက စာလုံးအသေးနဲ့ ရေးထားပေမယ့် တကယ် ၀က်ဆိုက်စာမှာပေါ်တော့ စာလုံးအကြီးတွေအနေနဲ့ပေါ်တယ်၊ ဒါကတော့ CSS
မှာ ဒုတိယ စာပိုဒ်ကို စာလုံး ကို smaill-caps ဆိုပြီး capital ပုံနှိပ်စာလုံ အသေးစား ပြောင်းလို့ အမိန့်ပေးထားလို့ပါ၊
ဆက်ရန်ရှိ

0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

တွက်ချက်ပါ






powered by calculator.net

ငွေအတွက်မပူပါနဲ့

ချက်ကြမယ်လေ


Try Relay: the free SMS and picture text app for iPhone.