JavaScript_4

Variable တွေကို Text String တွေနဲ့တွဲပြီး အဖြေထုတ်ကြည့်မယ်၊ အောက်က ဥပမာကိုကြည့်ပါ၊
<html>
<head>
</head>
<body>
<script type = “text/javascript”>
Var name = “waiferkolar”;
Var age = 26;
Document.write(name + “is my name and my age is” + age );
</script>
</body>
</html>
အထက်ဟက ကုတ်ကို Run ကြည့်လိုက်ရင်ဖြင့် waiferkolar is my name and my age is 26 ဆိုတဲ့ အဖြေကိုရမယ်၊ ဒီမှာသေချာရင်းပြမယ်၊
Varible နှစ်ခုရှိတယ်၊ name နဲ့ age တို့ပါ၊ name ရဲ့ သိုလှောင်ထားတဲ့တန်ဖိုးက waiferkolar ပါ၊ age ရဲ့သိုလှောင်ထားတဲ့တန်ဖိုးက 26 ပါ၊ သူတို့ကို
အဖြေထုတ်မယ်၊ အဖြေထုတ်တဲ့အခါ String data ဖြစ်တဲ့ is my name and mya age is ဆိုတဲ့စာသားကို ပါထည့်မယ်၊ အခု
အထမအဆင့် အနေနဲ့ အဖြေထုတ်ဖို့ name ဆိုတဲ့ Variable ကိုရေးချမယ်၊
Document.write( name) ;
အထက်က အဖြေထုတ်မူက မှာ တော့ Variable ဖြစ်တဲ့ name ကို အဖြေထုတ်ထားတဲ့အတွက် သင့်ရဲ့ကွန်ပြူတာ browser မှာ waiferkolar
ဆိုတဲ့စာသားကို ပဲ အဖြေထုတ်ပေးဦးမှာပါ၊
ဒုတိယ အဆင့်အနေနဲပ အဖြေမှာ string data ဖြစ်တဲ့ is my name and my age is ဆိုတဲ့ string ကိုထည့်မယ်၊ ဒီလိုထည့်မယ့် String data ကို “ ” 
အဖွင့်အပိတ် ကော်မာ ရဲ့ ကြားမှာထည့်မယ်၊ (အဖွင့်အပိတ် ကော်မာကို String data ရဲ့ ရှေ့နောက်မှာပဲ ထည့်ရပီး၊ ရှေ့က name ဆိုတဲ့ Varible ကိုတော့
မပါဝင်ပါဘူး၊)၊ ရှေ့က name ဆိုတဲ့ Variable နဲ့ အတူ အဖြေထုတ်မှာဖြစ်တဲ့အတွက် အတူ အဖြေထုတ်ရအောင် Adding sign ( မထည့်ရင်
အလုပ်မဖြစ်ဘူး) ဖြစ်တဲ့ အပေါင်း သင်္ကေသကိုသုံးမယ်၊ အောက်မှာကြည့်ပါ၊
Document.write( name + “ is my name and my age is” );
အထက်မှာတော့ အဖြေကို variable ဖြစ်တဲ့ name နဲ့ String Data ဖြစ်တဲ့ “is my name and my age is” တို့ကိုပေါင်းပြီး အဖြေထုတ်ဖို့ရေးလိုက်ပါပီ၊
ဒီမှာ တကယ့်ကို အရေးကြီးတာက အဖွင့် အပိတ် နှစ်ထပ်ကော်မာကို String Data ဖြစ်တဲ့ is my name and my age is ဆိုတဲ့ စာကြောင်း အစနဲ့
အဆုံးမှာပဲ ၀ိုင်းမှာနော်၊ name မပါဘူ၊ ပါရင် မှားပီ၊
တတိယ အဆင့် အနေနဲပ နောက်ထပ် varible ဖြစ်တဲ့ age ကို ပါ အဖြေမှာထပ်ထည့်မယ်၊ ဒီ့အတွက်တော့ ထပ်ထည့်မယ့် variable ကို Text string
ရဲ့နောက်မှာ + အပေါင်း လက္ခဏာ ထည့်ပြီးထည့်လိုက်ပါ၊ အောက်မှာကြည့်၊
Document.write( name + “ is my name and my age is” + age);
အထက်မှာတော့ အဖြေထုတ်ဖို့အတွက် အားလုံးကို ပြင်ဆင်ပြီးသွားပီ၊ ပထမ variable ဖြစ်တဲ့ name ပြီးတော့ အဖြေမှာ ပါဝင်မယ့် text string နဲ့
နောက်ဆုံး variable ဖြစ်တဲ့ age တို့ အားလုံး အဆင်သင့်ဖြစ်ပီဆိုတော့ အဖြေထုတ်လို့ရပီ၊
ဒါကတော့ Text string တွေနဲ့ ပေါင်း ပြီး Variable တွေကို အဖြေထုတ်တဲ့နည်းပါ၊ အထက်မှာ က ဥပမာ တစ်ခုသာလျှင်ဖြစ်တဲ့အတွက် နောက်ပိုင်း
သင့်စိတ်ကြိုက် Text String တွေကို ကြိုက်တဲ့နေရာမှာထည့်ပြီးသုံးနိုင်ပါတယ်၊ အောက်မှာ ပြောင်းထည့်ပြမယ်၊ ဥပမာ
<html>
<head>
</head>
<body>
<script type="text/javascript">
var name ="waiferkolar";
var age = 26;
document.write( "my name is" + name + " , and my age is ," + age);
</script>
</body>
</html>
အထက်က ဥပမာကို ကြည့်ပြီး သင့်စိတ်ကြိုက်နေရာမှာ string တွေနဲ့ Variable တွေကို နေရာချပြီး လိုသလိုသုံးနိုင်တယ်ဆိုတာ
သဘောပေါက်ပါ၊ နှစ်ထပ်ကော်မာကို တော့ String မှာပဲရှိပါစေ၊ အောက်မှာ တော့ Variable သုံးခုကို ပေါင်းပြီး အဖြေထုတ်ထားတဲ့ပုံပါ၊ additional Sign
ကိုပဲသုံးထားတယ်၊ လေ့လာပါ၊
<html>
<head>
</head>
<body>
<script type="text/javascript">
var name =" hey my name is waiferkolar";
var job = " I am a PHP programmer";
var extra = " and i do all kind of programming.";
document.write( name + job + extra);
</script>
</body>
</html>

0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

တွက်ချက်ပါ






powered by calculator.net

ငွေအတွက်မပူပါနဲ့

ချက်ကြမယ်လေ


Try Relay: the free SMS and picture text app for iPhone.