C lesson 5

ရှေ့အခန်းမှာ Variable တည်ဆောက်ပုံနှစ်မျိုးကိုသင်ပေးခဲ့တယ်၊ ပထမတစ်မျိုးက တည်ဆောက်မယ့် Variable ရဲ့ data type ကိုရေးတယ်၊ ပြီးတော့ variable ကိုနာမည်ပေးတယ်၊  ညီမျှခြင်း ထည့်တယ်၊ ပြီးရင် တန်ဖိုးသတ်မှတ်တယ်၊ အောက်မှာကြည့်
Int x = 90;
ဒုတိယ တစ်မျိုးကတော့ အသုံးပြုမယ့် Variable ရဲ့ Data type ကိုရေးတယ်၊ ပြီးတော Variable ရဲ့နာမည်ကိုကြေငြာတယ်၊ Declear လုပ်တယ်၊ နောက်မှ တန်ဖိုးကိုသတ်မှတ်တယ်၊ အောက်မှာကြည့်၊
Int x ;
x = 90;
ဒုတိယ နည်းနဲ့ ရေးတဲ့ အခါ မှာ သတိထားရမှာက အရင်ဆုံး variable ရဲ့ နာမည်ကို ကြေငြာတဲ့ အချိန်မှာသာ  Data type ( int ) ကိုထည့်ရပြီး၊ နောက်ပိုင်း Variable ရဲ့တန်ဖိုးကို သတ်မှတ်တဲ့အခါမှာတော့ Data type ဖြစ်တဲ့ int ကိုထည့်စရာမလိုတော့ပါဘူး၊ ( သေချာမှတ်ထားပါ၊ မှားတတ်တယ်)၊
 နောက်ထပ် သင်ပေးချင်တာကတော့ Variable တန်ဖိုးကိုပြောင်းပြစ်တာပါ၊ အောက်က ဥပမာကိုကြည့်ပါ၊
Int x = 90;
x = 77;
အထက်က ဥပမာမှာ ပထမဆုံး varaible ဖြစ်တဲ့ x ရဲ့တန်ဖိုးကို 90 လို့သတ်မှတ်ပြီး၊ နောက်ပိုင်းမှာတော့ x ရဲ့တန်ဖိုးကို 77 လို့ပြောင်းလိုက်တယ်၊ ပထမ တန်ဖိုးက 90 ဖြစ်ပြီး ဒုတိယ တန်ဖိုးက 77 ဖြစ်သွားတယ်၊  ဒီလိုတန်ဖိုးနှစ်မျိုးဖြစ်သွားရင် C++ က ဒုတိယ တန်ဖိုး အသစ်ဖြစ်တဲ့ 77 ကိုပဲ ယူတော့တယ်၊ တန်ဖိုး ဟောင်းဖြစ်တဲ့ 90 ကို မယူတော့ဘူး၊ အောက်ကကုတ်ကိုရေးပြီး Run ကြည့်လိုက်၊
#include <iostream>

using namespace std;

int main()
{
    int x = 90;
    x = 77;
    cout << x << endl;
    return 0;
}
အထက်က ကုတ်ကို Run လိုက်ရင် အဖြေကို 77 လို့ Output လုပ်ပေးလိမ့်မယ်၊ အကြောင်းကတော့ တန်ဖိုး အဟောင်းဖြစ်တဲ့ variable x ရဲ့တန်ဖိုး 90 ကို C++ က မယူတော့ဘဲ တန်ဖိုး အသစ်ဖြစ်တဲ့ 77 ကိုပဲယူလို့ပါ၊
ဒီတော့ C++ မှာ Variable တန်ဖိုးတွေကို ပြောင်းလဲသတ်မှတ်လို့ရတယ်၊ C++ က တန်ဖိုးအဟောင်းကိုမသုံးပဲ ပြောင်းလဲထားတဲ့တန်ဖိုး အသစ်ကိုသုံးတယ်ဆိုတာကိုမှတ်သားပါ၊

0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

တွက်ချက်ပါ






powered by calculator.net

ငွေအတွက်မပူပါနဲ့

ချက်ကြမယ်လေ


Try Relay: the free SMS and picture text app for iPhone.