C+ Lesson 6

ဒီအခန်းမှာတော့ Arethematic Operators တွေအကြောင်းကိုသင်ပြသွားမယ်၊ ပေါင်း နုတ် မြောက် စား အကြွင်း တို့ပါ၊
ရှေ့အခန်းမှာပြောခဲ့ဘူးတယ်မှတ်တယ်၊ Variable တွေကိုရိုးရိုးတန်ဖိုးသာလျှင် မက Arethematic Operators တွေကိုသုံးထားတဲ့ တန်ဖိုးတွေကိုလဲ သတ်မှတ်နိုင်တယ်လို့၊ အောက်က ဥပမာကိုကြည့်ပါ၊
Int  x = 3 + 2;
Cout << x;
အထက်က ကုတ်ကို Run ကြည့်လိုက်ရင် အဖြေက 5 ရမယ်၊ C++ က ပေါင်းထားတဲ့တန်ဖိုးကိုနားလည်ပါ၊ x ရဲ့တန်ဖိုးက 3 + 2 ဆိုတော့ 5 ပေါ့ ၊ ဒီတော့ C++ က ဖြေကို 5 လို့ထုတ်ပေးတာပါ၊ (အထက်က ကုတ်က မစုံးသေးဘူးနော် Run ကြည့်ရင် ကုတ်အစုံးထည့်ပြီး Run ပါ)၊  အခု Adding Operator ကိုတော့ သဘောပေါက်လောက်ပြီး အောက်က ဥပမာ ကိုထပ်ကြည့်ပါ၊
Int x = 7 – 5;
Cout << x;
အထက်က ဥပမာ ကို Run ကြည့်လိုက်ရင် အဖြေက 2 ရမယ်၊ C++ က နုတ်ထားတဲ့တန်ဖိုးကိုလဲ နားလည်ပါတယ်၊ အနုတ်သင်္ကေသကို  Substraction Operator လို့ခေါ်ပါတယ် အောက်က ဥပမာကို လေ့လာပါ၊
Int x = 8 * 9;
Cout << x;
အထက်က ဥပမာ ကို Run လိုက်ရင်အဖြေက 72 ရမယ် C++ က အမြောက် တန်ဖိုးကိုလဲနာလည်တယ်၊ အမြောက် သင်္ကေသကို Multiply Operator လို့ခေါ်တယ်၊ အမြောက်သင်္ကေသကို သင့်ကွန်ပြူတာရဲ့ Keyboard က Shift+8 ကိုနှိပ်ရင် ပေါ်လာတဲ့ star လေးကိုသုံးပါတယ်၊ အောက်က ဥပမာ ကိုထပ်ကြည့်ပါ၊
Int x = 71 / 9 ;
Cout << x;
အထက်က ဥပမာ ကို Run လိုက်ရင် အဖြေက 8 ရမယ်၊ C++ က အစားတန်ဖိုးကိုလဲ နားလည်ပါတယ်၊ အစားတန်ဖိုးမှာသုံး တဲ့ Operator ကို devition Operator လို့ခေါ်တယ်၊ သူ့ကိုတော့ သင့်ကွန်ပြူတာရဲ့ forward slash သင်္ကေသ လေးကနေ ယူနိုင်တယ်၊ အောက်ကဥပမာ ကိုလေ့လာကြည့်ပါ၊
Int x = 71 % 2;
Cout << x;
အထက်က ဥပမာကို Run လိုက်ရင်ဖြင့် အဖြေအဖြစ် 1 ကိုရမယ်၊ C++ က စားကြွင်းကိုလဲ ရှာနိုင်ပါတယ်၊ စားကြွင်းကိုပဲ အဖြေအဖြစ်ထုတ်ပေးမှာပါ၊ စာကြွင်းရှာတဲ့ သင်္ကေသ ကိုတော့ Modulous Operator လို့ခေါ်ပါတယ်၊ သင့်ကွန်ပြူတာက ရာခိုင်နှုန်း သင်္ကေသကို Modulous Operators အဖြစ်သုံးနိုင်တယ်၊
အခု ပြသနာရှိနေတဲ့ အစား လက္ခဏာကို သုံးကြည့်ပါမယ်၊ အောက်မှာဥပမာ ကြည့်ပါ၊
Int x = 71 / 2;
Cout << x;
အထက်က ကုတ်ကို Run လိုက်ရင် အဖြေကို 40 လို့ပေးလိမ့်မယ်၊ တကယ် ရရမယ့် အဖြေက 40.5 ပါ၊ ဒီလို ဖြစ်ရခြင်းအကြောင်းက Integer ကိုသုံးထားလို့၊ Integer က ဒသမ ဂဏန်းကို အဖြေမထုတ်ဘူး၊ မပူနဲ့ နောက်ပိုင်း မှာ အခြား data type တွေကို သုံးနည်း သင်ပေးမယ်၊
အခုနောက် ထပ်တစ်ဆင့်အနေနဲ့ ဂဏန်း နှစ်လုံးထဲ မဟုတ်ပဲ ဂဏန်းတွေအများကြီး ကို ပေါင်း နုတ် မြောက် စား လုပ်ထားတဲ့တန်ဖိုးကို Variable ရဲ့တန်ဖိုး အဖြစ်ထည့်ကြည့်မယ်၊ အောက် ကဥပမာ ကိုကြည့်ပါ၊
Int x = 4 + 5 * 9 + 40 / 2;
Cout << x;
အထက်က ကုတ်ကို Run လိုက်ရင် 69 ဆိုတဲ့ အဖြေကိုရမယ်၊  တကယ်ဆို 4 နဲ့ 5 နဲ့ ပေါင်းရင် 9 အဲ့ဒီ့ 9 နဲ့  9 ထပ်မြောက်ရင် 81  အဲ့ဒီ့ 81 နဲ့ 40 နဲ့ ပေါင်းရင် 121 အဲ့ဒီ့ 121 ကို 2 နဲ့ စာရင် 60.5 ဆိုတဲ့ အဖြေကို ရရမှာ၊ ဒါပေမယ့် အခုတော့ 69 ဆိုတဲ့ အဖြေကိုရနေတယ်၊ ဒီလိုဖြစ်ရတဲ့ အကြောင်းက C++ က အဲ့ဒီ့ ဂဏန်းတွေကို ဘယ်က စပြီးအလုပ်လုပ်ရမယ် မှန်းမသိလို့ပါ၊ ဒီကချက်ကိုဖြေရှင်း ဖို့အတွက် C++ ကို စပြီးအလုပ်လုပ်မယ့် နေရာကိုသတ်မှတ်ပေးရမယ်၊ ဒီ့အတွကတော့ Associated Properties လို့ခေါ်တဲ့ သတ်ဆိုင်တဲ့ ပိုင်ဆိုင်မူတွေကို အုပ်စုခွဲပေးတဲ့နည်းကိုသုံးမယ်၊ သက်ဆိုင်ရာအုပ်စုတွေကိုခွဲဖို့အတွက်  လက်သဲကွင်းကို သုံးမယ်ပြောတာပါ၊ အောက်က ဥပမာကိုကြည်ပါ၊
#include <iostream>

using namespace std;

int main()
{
    int x = (((4 + 5) * 9) + 40 )/ 2;

    cout << x;
    return 0;
}
အထက်က ကုတ်ကို Run လိုက်ရင် အဖြေကို 60 ရမယ်၊ (ဒသမ နောက်က ဂဏန်းကို ခဏလေး ချွန်းချက်ထားပါ၊ နောက်အခန်းမှာ Data type တွေသင်မှ အဲ့ဒါအတွက် အတိအကျအဖြေကိုရှာတဲ့ data type ကိုသင်ပေးမယ်၊ ခုတော့ နေဦး ရှုပ်သွားမှာဆိုးလို့)
အထက်က ကုတ်မှာ တော့   (4 + 5) ဆိုပြီး အရင်ဆုံး 4 နဲ့  5 ကိုပေါင်းလိုက်တယ်၊ ပြီးတော့ ((4+5) * 9) ဆိုပြီး 4 နဲ့ 5 ပေါင်းလို့ရတဲ့ အဖြေကို 9 နဲ့ မြောက်လိုက်တယ်၊ ပြီးတော့
((( 4 +5) * 9) + 40 ) ဆိုပြီး 4  နဲ့ 5 ပေါင်းလို့ရတဲ့အဖြေကို 9 နဲ့ မြောက် အဲ့ဒီ့ရတဲ့အဖြေကိုမှ 40 နဲ့ ပေါင်းခိုင်းလိုက်တယ်၊ အဲ့ဒီ့မှာကို အဖြေက 121 ရသွားပြီ၊ အဲ့ဒီ့ အဖြေ 121 ကိုမှ နောက်ဆုံး 2 နဲ့စားခိုင်းလိုက်တယ်၊ ဒီတော့ အဖြေက 60 ဖြစ်သွားတယ်၊ သေချာမှတ်ပါ၊

0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

တွက်ချက်ပါ






powered by calculator.net

ငွေအတွက်မပူပါနဲ့

ချက်ကြမယ်လေ


Try Relay: the free SMS and picture text app for iPhone.