html5_9


Flexible box model
ဒီသင်ခန်းစာမှာတော့ အနာဂတ် မှာ ခတ်စားလာမယ့် ၀က်ဆိုက်ပုံစံဖြစ်တဲ့ Flexible Box Modle ကိုသင်ကြားပေးသွားမယ်၊ ဒီသင်ခန်းစာကို
စတင်လေ့လာသူတွေအတွက်တော့ တကယ့်ကို အခက်အခဲတွေ့နိုင်သလို နားလည်ဖို့ခက်နေမယ်၊ ဖြေးဖြေးခြင်းသင်ကြားပေးသွားမယ်၊ သတိပြုရမှာကတော့
Flexible Box Model ကို Browser တွေအားလုံးနားမလည်ဘူး၊ အဆင့်မြင့်နေကြတုန်းရှိသေးတယ်၊ ဒါ့ကြောင့် ဒီသင်ခန်းစာကို လေ့လာသူတွေအနေနဲ့
Google Chrome browser ကို အသုံးပြုဖို့ အကြံပြုပါတယ်၊  နောက်တစ်နှစ်လောက်ကြာရင်တော့ ဒီနည်းပညာကို
browswer တွေအားလုံးမှာအသုံးပြုလို့ရလာမှာပါ၊ အဲ့ဒီ့အခါကြရင်တော့ သင်တို့က တကယ့် ကို ကျွမ်းကျင်နေတဲ့သူတွေဖြစ်ကုန်ပီပေါ့၊
အခုရှေ့ သင်ခန်းစာတွေမှာသုံးခဲ့တဲ့ HTML ဖိုင်ထဲကို div တစ်ခုထပ်ထည့်မယ်၊ ထည့်ရမယ့်နေရာက <nav> tag ရဲ့ အဆုံးမှာ ၊ ပိတ်ရမယ့်နေရာက
<aside> Tag ရဲ့ အဆုံးမှာ၊ ကြိုက်တဲ့ id သတ်မှတ်ပြီးထည့်နိုင်တယ်၊ ဒီသင်ခန်းစာမှာတော့ <div id= “new_div”> </div> လို့ပဲ
ထည့်လိုက်မယ်၊ အောက်က အတိုင်း၊

အထက်က အနီရောင်မြားပြထားတဲ့ <div id= “new_div”> က အသစ်ထည့်လိုက်တဲ့ div ပါ၊ အပြာရောင်မြားပြထားတဲ့ </div> က တော့ <div
id=”new_div”> ရဲ့ အပိတ်ပါ၊ အထက်က အတိုင်းပြင်ပြီးသွားရင်တော့ အားလုံး အဆင်သင့်ဖြစ်ပြီး၊ CSS ဖိုင်ကိုသွားမယ်၊ CSS ဖိုင်မှာ အရင်ရေးခဲ့တဲ့ CSS
Code တွေအားလုံးကိုဖြတ်ပစ်လိုက်ပါ၊ အသစ်ပြန်ရေးရမယ်၊ CSS ဖိုင်အားလုံးကို ဖြတ်လိုက်ရင် သင့်ဝက်ဆိုက်က အောက်က အတိုင်းဖြစ်သွားမယ်၊


အထက်က အတိုင်းဆိုရင် ဆိုက်ပုံစံကတော့ အတော့ ကိုဆိုးနေပါပီ၊ မပူပါနဲ့ Flexible Box Model ကိုသုံးပြီး ပြန်ရေးမှာပါ၊ အခု CSS ဖိုင်မှာအောက်က
အဆင့်အထိပြန်ရေးလိုက်ပါ၊


အထက်က အဆင့်အထိရေးပြီးသွားရင်တော့ body { } အထဲမှာ စတင်ပြီး FBM ကိုအသုံးချတော့မယ်၊ ပထမဆုံး သတ်မှတ်ရမှာကတော့ width:100% ပါ၊
browser တွေအားလုံးက ၀က်ဆိုက်တွေရဲ့ အကျယ်က default အနေနဲ့ 100% သတ်မှတ်ကြပါတယ်၊ ဒါပေမယ့် Flexible Box Model ကို
သုံးမှာဖြစ်တဲ့အတွက် ပိုပြီးသေချာအောင် width:100% လို့သတ်မှတ်ပေးလိုက်တာပါ၊ ဒီတော့ Flexible Box Model ကိုသုံးရင် width:100%
ကိုထည့်ကိုထည့်ရမယ့်ဆိုတာကိုသဘောပေါက်ပါ၊ ဒါမှမဟုတ်ရင် နောက်ပိုင်းပြသနာပေါ်လာလိမ့်မယ်၊
 ဒုတိယ တစ်ဆင့်အနေနဲ့ Body (selector) ထဲမှာ Property ကို display ထည့်ပြီး value ကို -webkit-box; လို့ထည့်ရမယ်၊ ဒီလိုထည့်လိုက်တာက body
ကို သူ့အထဲမှာ flaxible box ထည့်သုံးမယ်လို့ အသိပေးလိုက်တာပါ၊
နောက်တစ်ဆင့်မှာတော့ -webkit-box-pack:center; လို့ထည့်ပေးလိုက်ပါ၊ -webkit-box-pack ဆိုတဲ့ Property ရဲ့ အဓိပ္ပါယ်ကတော့ ၀က်ဆိုက်ထဲမှာ
(body ထဲမှာ) ပါမယ့် boxes  တွေအလားလုံးကို ညွန်းတယ်၊ ၀က်ဆိုက်တစ်ခုထဲမှာ Flexible boxes တွေ တစ်ခုမက ပါမှာပါ၊ သူတို့အားလုံးကို
ဘယ်လို နေရာချထားမလဲဆိုတာကို သတ်မှတ်ဖို့အတွက် -webkit-box-pack ဆိုတဲ့ Property ကိုသုံးတာ၊ Value ကတော့ Center ပါ၊
အလည်မှာထားမယ်လို့ပြောတာ၊
သေချာပြန်ပြေပါ၊ body ထဲမှာ Flaxible Box တစ်ခုကိုထည့်မယ်၊ (body ကိုတိုင်ကိုက Flexible box ဖြစ်သွားတဲ့ သဘော)၊ ပြီးရင် အဲ့ဒီ့ body flexible box
ရဲ့ အတွင်းမှာမှ boxes တွေ (သတ္တာလေးတွေအများကြီးထည့်မယ်) အဲ့ဒီ့သတ္တာလေးတွေအားလုံးကို နေရာချထားပုံကို သတ်မှတ်ဖို့အတွမက် -webkit-
box-pack ဆိုတဲ့ Property ကိုသုံးတာ၊ အောက်မှာ CSS ဖိုင်ရေးထားပုံကိုကြည့်၊

0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

တွက်ချက်ပါ






powered by calculator.net

ငွေအတွက်မပူပါနဲ့

ချက်ကြမယ်လေ


Try Relay: the free SMS and picture text app for iPhone.