JavaScript_3

JavaScript_3

JavaScript မှ သုံးတဲ့ Variable က ဂဏန်းတန်ဖိုးတွေကိုသာလျှင် ကိုင်ဆောင် သိုလှောင်နိုင်တာမဟုတ်ပဲ String လို့ခေါ်တဲ့ စာသား တွေကိုလဲ
သိုလှောင်နိုင်ပါတယ်၊ String ကို တော့ စာသား တွေကို ရည်ညွန်းပါတယ်၊ (JavaScript ထွင်တဲ့လူက အဲ့ဒီ့လိုညွန်းလို့ အဲ့ဒီ့လိုပဲ
အဓိပ္ပါယ်သတ်မှတ်လိုက်တာ)၊ အခု variable တစ်ခုမှာ decimal value လို့ခေါ်တဲ့ ဒသမ ပါတဲ့ စာသားတွေကို သိုလှောင်ကြည့်မယ်၊
<html>
<head>
</head>
<body>
<script type= “text/javascript”>
Var number = 3.72727272;
</script>
</body>
</html>
အထက်က ကုတ်ကို ရေးပြီး HTML ဖိုင်အဖြစ်သိမ်း Run လိုက်ပါ၊ ဒါဆိုရင်တော့ အဖြေမှာ 3.27272727 ကိုထုတ်ပေးမှာပါ၊ ဒါကိုကြည့်ခြင်းဖြင့်
JavaScript က ဒသမ ဂဏန်း decimal value တွေနဲ့ တွဲပြီးအလုပ်လုပ်နိုင်တယ်ဆိုတာကို သဘောပေါက်မှာပါ၊ ဒီလိုပဲ အနုတ်လက္ခဏာနဲ့ စတဲ့
တန်ဖိုးတွေကိုလဲ JavaScript ကကိုင်းတွယ်အလုပ်လုပ်နိုင်သေးပါတယ်၊  အထကက ဥပမာရဲ့ 3.27272727 ရဲ့ရှေ့မှာ (-) အနုတ်သင်္ကေသကို
ထည့်လိုက်ပါ၊ ပြီးရင် Run ကြည့်လိုက် အဖြေက -3.72727272; ဆိုပြီးရမယ်၊
နောက်တစ်ခုကတော့ String ပါ၊ သူက စာသားတွေကိုဆိုလိုပါတယ်၊ အောက်မှာကြည့်ပါ၊
<html>
<head>
</head>
<body>
<script type= “text/javascript”>
Var number = “hey what’s up dee”;
</script>
</body>
</html>
အထက်က ဥပမာကို Run ကြည့်ရင် hey what’s up dee ဆိုတဲ့စာသား string ကို အဖြေအဖြစ်ထုတ်ပေးတာကို တွေ့ရမှာပါ၊ ဒီမှာတစ်ခုပြောစရာရှိတာက
စာသား String တွေကို Variable မှာသိုလှောင်ရင် အဲ့ဒီ့စာသားတွေကို နှစ်ထပ်ကော်မာ အဖွင့်အပိတ် “ ” ထဲမှာရေးရပါတယ်၊ ဒါပေသည် Variable ထဲ မှာ
အုပ်စုမတူတဲ့ String နှစ်ခုကို ဖြစ်စေ နှစ်ခုထပ် ပိုတဲ့ String ကိုဖြစ်စေ သိုလှောင်ချင်ရင်တော့ escaping လုပ်ရပါတယ်၊ အောက်က ကုတ်ကို Run ကြည့်ပါ၊
<html>
<head>
</head>
<body>
<script type= “text/javascript”>
Var number = “hey what’s up dee, “Getdia Myte, Has’s gone” ”;
</script>
</body>
</html>
အထက်က ကုတ်ကို Run ကြည့်လိုက်ရင်တော့ အဖြေအဖြစ် ဘာမှမရပါဘူး၊ အကြောင်းက JavaScript က String ကိုနားမလည်တော့လို့ပါ၊
String နှစ်ခုရှိတယ်၊ “hey what’s up dee, နဲ့ “Getdia Myte, Has’s gone”” ဆိုတဲ့ String နှစ်ခုပါ၊ အဲ့ဒီံ String နှစ်ခုမှာ ပထမ တစ်ခုရဲ့
နှစ်ထပ်ကောမမာ အစက နောက်ဆုံး String ဖြစ်တဲ့ Getdia Myte, Has’s gone ရဲ့ နောက်ဆုံးမှာ သွားရောက်နေတာကိုတွေ့မှာပါ၊ ဒါက အရေးကြီးတယ်၊
ခလယ်က နှစ်ထပ်ကော်မာ အဖွင်အပိတ် ဖြစ်တဲ့ “Getdia Myte, Has’s gone” ဆိုတဲ့ ကော်မှာ အဖွင့် အပိတ်က JavaScript ကို နား
မလည်အောင်ပိတ်နေတယ်၊ ဒီပြသနာကို ဖြေရှင်းဖို့အတွက် ခလယ်က ကော်မာ အဖွင့် အပိတ် နှစ်ခု ရဲ့ ရှေ့မှာ escaping လုပ်တဲ့ သင်္ကေသဖြစ်တဲ့
Backward slash ( \ )  ကိုထည့်ပေးရပါမယ်၊ အောက်မှာကြည့်ပါ၊
<html>
<head>
</head>
<body>
<script type= “text/javascript”>
Var number = “hey what’s up dee, \“Getdia Myte, Has’s gone\” ”;
</script>
</body>
</html>
အထက်က ကုတ်ကို Run ကြည့်လိုက်ရင်တော့ အဖြေကို အမှားအရွင်း မရှိ String နှစ်ခုလုံးကို ထုတ်ပေးမှာပါ၊ ဒါကတော့ ကော်မာတွေများလို့
မဖတ်တော့တဲ့ JavaScript ကို escaping (\) သုံးပြီး ဖတ်အောင်လုပ်တဲ့နည်းပါ၊  ကြုံတုန်း Empty Variable နဲ့ မိတ်ဆက်ပေးပါမယ်၊ Empaty Variable
ဆိုတာက ဘာမှမရှိတဲ့ Variable ပါ၊ 0 သုံးညနဲ့တော့မတူဘူး၊ သုံညက ရှိသေတယ်၊ လုံးဝကို မရှိတော့တာက Empay Varible ပါ၊ သူ့ကိုတော့ null
လို့သတ်မှတ်တယ်၊ အောက်က ဥပမာကိုကြည့်ပါ၊
<html>
<head>
</head>
<body>
<script type= “text/javascript”>
Var number = null;
</script>
</body>
</html>
အထက်ကတော့ Empty Variable ကိုတည်ဆောက်တဲ့ ဥပမာပါ၊ နောက်ပိုင်း အခန်းတွေမှာ အသေးစိတ်ရှင်းပြပါဦးမယ်၊

0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

တွက်ချက်ပါ






powered by calculator.net

ငွေအတွက်မပူပါနဲ့

ချက်ကြမယ်လေ


Try Relay: the free SMS and picture text app for iPhone.