Android ဖုန်း version 4.0 တွေ အထက်မှာ usb debugging လုပ်နည်း

မင်္ဂလာပါ ကျွန်တော့် ညီလေး တစ်ယောက် မေးထဲ ကနေ Android ဖုန်း version 4.0 တွေ အထက်မှာ usb
debugging ဘယ်လို လုပ်ရ သလဲလို့ မေးလာလို့ ဒီပိုစ်ကို အမြန်ရေး လိုက်တာပါ။ တကယ်တော့ တတ်သိ
နားလည် နေသူတွေ အတွက်တော့ လွယ်လွယ်လေး ပေါ့ဗျာ။ ဖုန်းတစ်လုံးကို ဝယ်ထားပြီးမှတော့ root မယ်
မြန် မာဖောင့်လေး ထည့်မယ် စသည်ဖြင့် စမ်းသပ်ချင် ကြတာကတော့ ထုံးစံဖြစ်နေပါပြီ။

ဖုန်းကို root ပုံ နည်းလမ်းတွေ ကလည်း အင်တာနက် စာမျက်နှာမှာ ပြည့်နေပါပြီ။ root လုပ်တဲ့ နေရာမှာလဲ
လက်စွမ်းထက်တဲ့ one click tool တွေလည်း ပေါ်ပေါက်နေတော့ root တာတော့ သိပ်အပန်း မကြီးတော့
ပါဘူး။

အင်း ဒီနေရာမှာ လူသစ်တွေ အနေနဲ့ usb debugging လုပ်တာလေး ကိုမှ မသိရင်တော့ ဘာကိုမှ ဆက် မ
လုပ်နိုင်တော့ ဘူးပေါ့ဗျာ။

ကျွန်တော့် အနေနဲ့ ဒီနေရာမှာ Android version 4.0 up တွေမှာ usb debugging လုပ်တာလေးကို ပြော
ပြပေးသွားမှာပါ။ သိပြီးသား မိတ်ဆွေတို့ ကတော့ ကျော်သွားလိုက်ပါ။

ပထမ မိမိတို့ ဖုန်းရဲ့ Setting > application > ကိုသွားပါ development > usb debugging ကို နှိပ်ပါ။

အိုကေ ဒီနေရာ မှာ သာမန် android version ၄.၀ အောက်က ဖုန်းတွေ တော့ အိုကေ သွားပါပြီ။ Android
version 4.0 up နှင့် အထက် ကျ တော့ usb debugging အမှန်ခြစ်လေး နေရာမှာ နှိပ် မရဘဲ ဖြစ်နေ ပါ
တယ်။ ဒါကို မိမိတို့ ဖုန်းရဲ့ setting > developer options > build number ကို (၇) ချက်ထိ နှိပ်ပေးလိုက်
ရင် တော့ usb debugging လုပ်လို့ ရပါပြီ ခင်ဗျာ။

ဒါကတော့ build number ကို ပြထားတဲ့ ပုံပါ။

တစ်ဆက်တည်း မိမိတို့ ဖုန်းတွေနှင့် ကိုက်ညီမယ့် usb driver များကို လိုချင်တယ် ဆိုရင်တော့ ဒီမှာ ဝင်ယူ
လိုက်ပါ ခင်ဗျာ။

ကျွန်တော့် ဘလော့လေးကို လာလည်ကြတဲ့ သူငယ်ချင်းများကို ကျေးဇူး တင်ပါတယ်။ မိတ်ဆွေတို့ root လုပ်
ချင်တဲ့ ဖုန်းအတွက် saithu102@gmail.com သို့ ဆက်သွယ် အကူအညီ ရယူ နိုင်ပါပြီ။

Huawei G730-U00 ကို root လုပ်နည်း

အခုနောက်ပိုင်းပြသနာ နည်းနည်းတက်နေတဲ့ "G730-U00 "
Build Number 135 မှာ Root ဖောက်မရတာတွေရှိနေတာကို ကိုညီပိုင် ရှာဖွေထားတဲ့ နည်းလမ်းလေးတင်ပေးချင်ပါတယ်. ဒီနည်းလမ်းလေးကတော့ CWM တင်ပြီး အမြစ်တူးတာပါ

CWM တင်ပြီးပြီဆိုရင် မိမိတို့ ဖုန်းကို လုပ်ချင်တိုင်းလုပ်လို့ ရပီနော်.... :D

ကဲ...ပြောတာကြာတယ် လိုအပ်တာတွေဒေါင်းပေးပါဗျာ......

Download  G730-U00 CWM En Version 

Download  Sp FlashTool 5.1343.01 

Download  UpdateSupersu1.94.zip 

ဒေါင်းလို့ ပြီးပြီဆိုရင် Sp FlashTool ကိုဖွင့်လိုက်ပါ ဒီလိုလေးပေါ့ဗျာ...

sp

Scattor Loading ဆိုတဲ့ အကွက်လေးမှာ ခုနက G730 CWM ထဲက
MT6582_Android_scatter_emmc.txt ဆိုတာလေး

ရွေးပေးလိုက်ပါ ..ပြီးရင် Recovery ဆိုတာလေးကိုအမှန်ခြစ်ပြီး ဘေးမှာ G730 CWM Folder ထဲက
image ကိုရွေးပေးလိုက်ပါ

ပြီးရင် Download ဆိုတဲ့ခလုတ်လေးနှိပ်လိုက်ပါ ပြီးပြီဆိုရင် မိမိတို့ ဖုန်းကို Battery ဖြုတ်ပြီး
ကွန်ပြုတာမှာထိုးလိုက်ပါ ..ပြီးရင် Battery ပြန်တပ်လိုက်ပါ သူ့ ဟာသူရေးပေးသွားလိမ့်ပါမယ်...ပြီးရင်တော့ CWM ခေါ်ပြီး SuperSu လေးသွင်းလိုက်ရင်

အဆင်ပြေပါပြီဗျာ.........

Screenshot_2013-01-01-08-04-42Screenshot_2013-01-01-08-08-36

Screenshot_2013-01-01-08-04-12Screenshot_2013-01-01-08-04-31
- See more at: http://myanmartechnolibrary.blogspot.com/2014/04/huawei-g730-u00-root.html#sthash.t3wVVjg8.dpuf

0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

တွက်ချက်ပါ

powered by calculator.net

ငွေအတွက်မပူပါနဲ့

ချက်ကြမယ်လေ

Try Relay: the free SMS and picture text app for iPhone.