HTML ဆိုတာကတော့ Hyper Text Markup Language ရဲ့ အတိုကောက်ဖြစ်ပါတယ်။ ၀က်ဘ်ဆိုက်ဒ် ရေးချင်သူများအတွက် မဖြစ်မနေ တတ်ထားရမယ့် အခြေခံ ဘာသာရပ်တစ်ခုပါ။ Hyper Text ဆိုတာကတော့ ဆိုက်ဒ်တစ်ခုကနေ တစ်ခုကို၊ စာမျက်နှာတစ်ခုကနေ တစ်ခုကို ချိတ်ဆက်နိုင်သော တစ်နည်းအားဖြင့် လင့်ခ် ( link ) လုပ်နိုင်သော စာသား (text) ပဲ ဖြစ်ပါတယ်.. အရိုးရှင်းဆုံး ပြောရရင် ကျွန်တော်တို့ Google မှာ ဖြစ်ဖြစ်၊ Yahoo မှာ ဖြစ်ဖြစ် တစ်ခုခုကို Search လုပ်တဲ့အခါ ကျလာတဲ့ result တွေထဲက ကျွန်တော်တို့ ကလစ်ခေါက်တဲ့ စာသားတွေ ဖြစ်ပါတယ်။ Markup Language ကတော့ ပုံတွေ၊ စာတွေကို ထည့်ထားတဲ့ (embedded လုပ်ထားတဲ့) language ဖြစ်ပါတယ်။ ဒါကြောင့်

• Hyper Text +Markup Language == HTML ဖြစ်ပါတယ်။

ပထမဆုံး HTML ကို လေ့လာမယ်ဆိုရင် opening tag ( < > ), နဲ့ closing tag ( </ > ) တို့ကို သိရပါမယ်.. Tag တိုင်းမှာ opening tag နဲ့ closing tag ရှိပါတယ်။ Tag တွေ ကြားမှာ contact တွေ ထည့်ရပါမယ်။ HTML ကို ရေးပြီး ဖိုင်တွေကို Save လုပ်ရာမှာ စာလုံးတွေကို အင်္ဂလိပ်လိုနဲ့ စာလုံးအသေးတွေ (small letters) တွေပဲ ပေးသင့်ပါတယ်။ ဘာလို့လဲ ဆိုတော့ Unix (or) Linux server တွေက စာလုံး အသေးနဲ့ အကြီးကို ခွဲခြားထားလို့ပါ။


HTML Basic Document

<html>

<head>

<title>

My First HTML Page</title>

</head>

<body>

This is my first HTML Page.

</body>

</html>

ပြီးရင် notepad ထဲကို အပေါ်က စာတွေကို ကူးထည့်ပါ.. HTML Basic Document ဆိုတာတော့ မပါဘူးနော်.. <html> ဆိုတဲ့ tag ကနေ စကူးရမှာပါ။ ၄င်းကို Notepad ခေါ်ပြီးကူးထည့်ကာ test.html ဆိုပြီး save လုပ်ပါ။ တစ်ခု သတိထားရမှာက test ပြီးရင် .html ကို ထည့်ဖို့ပါ။ မထည့်ရင် ပေါ်မှာ မဟုတ်သလို HTML page တစ်ခု ဖြစ်မှာလဲ မဟုတ်ပါဘူး။ ပြီးရင် ပြန်ဖွင့်ကြည့်ပါ။ notepad ကို ခေါ်ချင်ရင် window key+R (or) start button ကို ကလစ်ပြီး run ကို ကလစ်ခေါက် (or) start button ကိုကလစ်ပြီး accessories ထဲက notepad ကို သွားရင် ရပါပြီ။ ပြီးရင် browser ဖွင့်ကာ run ကြည့်နိုင်ပါပြီ။ browser ဖွင့်ပြီးရင် “This is my first HTML Page.” ဆိုတာ ပေါ်မပေါ်ကြည့်ပါ.. မပေါ်ရင် notepad မှာ အမှားပြန်စစ်ပါ.။ ပြီးရင် browser မှာ F5 ကိုနှိပ်ပြီး refresh လုပ်ကြည့်ပါ.။ အောက်ပါအတိုင်းပေါ်လာရင် သင့်ရဲ့ ပထမဆုံး html page ကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ပြီလို့ တွေးနိုင်ပါပြီ။ :D
ဒီလိုပေါ်မှာပါ..
http://winhein.files.wordpress.com/2009/07/html.jpg?w=420&h=262
Thurasoe
01-03-2010, 01:46 PM
အင်း ကြည့်ရတာ အုပ်ချုပ်ရေးမှူးနှစ်ယောက် လုပြီး ရေးမယ်ထင်တယ်နော်။
Kyi Shaung
01-04-2010, 04:43 AM
အင်း ကြည့်ရတာ အုပ်ချုပ်ရေးမှူးနှစ်ယောက် လုပြီး ရေးမယ်ထင်တယ်နော်။

:) မရေးပါ... ကိုကိုဝင်းရေးမှာပါ
zuzuaung
01-05-2010, 05:12 AM
HTML နဲ့ ပတ်သတ်တဲ့  Examples များကို ချရေးပေးသွားပါ့ မယ်ခင်ဗျား။
ပထမဆုံးအနေနဲ့  ခေါင်းစဉ်ကြီးအောက်မှာ စာပိုဒ်ကလေးအဖြစ်ဒီလို သုံးပါတယ်ခင်ဗျား။ ။

<html>
<body>

<h1>My First Heading</h1>

<p>My first paragraph.</p>

</body>
</html>

အကယ်လို့ ကျွန်တော် တို့ ဟာ ခေါင်းစဉ်တွေ အများကြီးကို သုံးရတော့ မယ်ဆိုရင်တော
လွယ်ပါတယ်.. <h1> <h2> <h3> စ သဖြင့်ဖေါ်ပြသွားယုံပါပဲခင်ဗျ။ ။

<h1>This is a heading</h1>
<h2>This is a heading</h2>
<h3>This is a heading</h3>



လင့်ချိတ်တဲ့  အခါမှာတော့  လွယ်ပါတယ်ခင်ဗျ

<a href="http://www.w3schools.com">This is a link</a>
ဒီဟာလေးကို ကြည့် ပါ။
ရှေ့ က <a href = ဆိုတဲ့ ဟာက ကိုယ် ထားချင်တဲ့ လင့်ကို ထားပါတယ်ခင်ဗျ။
ဥပမာ။ ။
<a href="http://www.myidgroup.org">MYID</a>

အဲဒါဆိုရင် သူက Pages မှာ MYID ဆိုပီး ပေါ်ပါလိမ့် မယ်။
အဲဒီကို နိပ်ရင် ရင် MYID ထဲ သို့ တန်းရောက်သွားမှာဖြစ်ပါတယ်။

HTML Formatting အပိုင်းကတော့  ဒီမှာ ပါခင်ဗျ။


<html>
<body>
<p><b>This text is bold</b></p>
<p><big>This text is big</big></p>
<p><i>This text is italic</i></p>
<p><code>This is computer output</code></p>
<p>This is<sub> subscript</sub> and <sup>superscript</sup></p>
</body>
</html>

<b> </b> ကတော့  ကျွန်တော် အနေနဲ့  စာလုံးကိုတွေကို Bold လုပ်တဲ့ အခါမှာ သုံးပါတယ်။
<big> </big> က တော့  စာလုံးအကြီး တွေ မှာ သုံးကျပါတယ်။
<i> </i> က တော့  Italic ဖစ်ပါတယ်။
<sub> ကတော့  subscript ဖြစ်ပါတယ်ခင်ဗျား။ ။

HTML images

<html>
<body>

<h2>that girl</h2>
<img border="0" src="/images/pulpit.jpg" width="304" height="228" />

</body>
</html>
ခေါင်းစဉ်အောက်မှာ ပုံထည့် တာပါ
ကိုယ့် ထည့် မယ် images ဖိုင်ကို index ဖိုင်ရှိတဲ့ ဖိုဒါ ဒါမှ မဟုတ်ရင် newfolder နဲ့ ထည့် လို့ ရပါတယ်။
အဲဒါဆို ရင် ကျွန်တော်တို့ က src=”/images/that girl.jpg” ဆိုပြီး ကြေငြာရပါမယ်။
Images ဆိုတဲ့ နေရာမှာတော့  သင်ကြိုက်တဲ့ ဟာပေါ့ နော်။ ။

ဒီနေ့ တော့ ..ဒီလောက်ပဲနော် အဟီး
:):):)
 Order List & Unorder List

Unorder List

Unorder list ဆိုတာက အ၀ိုင်းတွေ လေးထောင့်တွေ စတာကိုပြောတာပါ။


<ul>
<li> Number 1</li>
<li> Number 2</li>
<li> Number 3</li>
</ul>


Order List

Order List ဆိုတာက နံပါတ်တွေအစဉ်လိုက်ပြချင်တဲ့အခါသုံးတာပါ။



<ol>
<li> Number 1</li>
<li> Number 2</li>
<li> Number 3</li>
</ol>


ဒီနေ့ တော့ဒီလောက်ပါပဲ။
 နောက်တစ်ခေါက် ထပ်ဝင်ပြောဦးမယ်.. :43: ဒီတစ်ခါတော့ HTML မှာ သုံးတဲ့ tab တွေကို ပိုမိုကောင်းမွန်လာစေဖို့ အားဖြည့်ပေးတဲ့ Attribute တွေ အကြောင်း ပြောပြမယ်။

Attribute တွေကို HTML tags တွေရဲ့ သက်ဆိုင်ရာ Selector တွေရဲ့ နောက်မှာ space တစ်ချက်ခြားပြီးတော့ [Properties = "Value"] ပုံစံနဲ့ ရေးပါတယ်။
ဥပမာ - <h1 align="left">
အနီရောင်နဲ့ ရေးထားတဲ့ h1 ဆိုတာက selector ပါ။ နောက်က space တစ်ချက်ခြားပြီး ရေးထားတဲ့ အစိမ်းရောင် align="left" ဆိုတာကတော့ properties= "value" ပါ.။ value မှာ အစနဲ့ အဆုံးကို " " double quote ကြားထဲ ထည့်ရေးထားတာ တွေ့မှာပါ။ မပါလည်း ရတော့ ရပါတယ်။ ဒါပေမယ့် standard အနေနဲ့ကတော့ " " ကို ထည့်ကြပါတယ်။ မထည့်ရင် ဘာဖြစ်သလည်းဆိုတော့ တစ်ခါတစ်ရံ အဲရာတက်တတ်ပါတယ်။ ဒါကြောင့် ထည့်ပေးစေချင်ပါတယ်။
Attribute တွေကိုတော့


http://www.w3schools.com/tags/ref_standardattributes.asp
မှာ သွားကြည့်နိုင်ပါတယ်ခင်ဗျာ.. Next Reference ကို တစ်ချက်ချင်းစီ နှိပ်သွားပြီး လေ့လာနိုင်ကြောင်းပါ.။ :):52::52:
Special Characters @ HTML

ကျွန်တော်တို့ HTML Page တွေ ရေးနေရင်းနဲ့ သူများ website တွေမှာ တွေ့သလို ကိုယ်ရေးတဲ့ ဆိုက်ဒ်ကို copy right ဖြစ်ကြောင်း ရေးချင်တဲ့အခါမှာ copy right sign ထည့်ချင်တာဆိုရင် &copy; ဆိုတဲ့ special character ကို သုံးရပါတယ်။ html pages တွေမှာ စာလုံးတစ်လုံးနဲ့ တစ်လုံးကြား space တစ်နေရာစာ ခြားချင်ရင် &nbsp; ကိုသုံးရပါတယ်။ ထိုနည်းတူ smaller than (<), greater than (>) ကို သုံးတဲ့အခါမှာလည်း Html tag (< >) တွေနဲ့ ရောနှောနေတဲ့အတွက် &gt; ကို > အတွက် &lt; ကို < အတွက် သုံးပါတယ်ခင်ဗျာ.။
HTML ရဲ့ အခြေခံသိထားသင့်တဲ့ Tag လေးတွေလေ့လာလို့ ရမယ့်နေရာလေးတစ်ခုပါ


http://www.mountaindragon.com/html/text.htm
 Learning Basic HTML (မြန်မာလို) (flash application) လေးပါ။
Size က 29.1 MB ပါ။




http://ifile.it/vgxw46e

PS:ကျနော် လုပ်ထားတာမဟုတ်ပါ:blar:
 image အကြောင်းလေးဆက်ပြောမယ်နော် ... ပုံနာမည်တွေကို html tag ထဲထည်တဲ့အခါ typing ရိုက်တာထက် ကိုယ်ထည့်ချင်တဲ့ပုံပေါ်မှာ Right click နှိပ်ပြီး Properties ထဲကနေ ပုံ Name ကို copy ကူးပြီ့း html tag ထဲမှာ paste လုပ်တာကပိုသေချာပါတယ် ။ ပုံ Extension ဖြစ်တဲ့ .jpg , .gif စတာတွေတော့မမေ့ဖို့လိုတယ်နော် ..
Coding လေးရေးကြည့်မယ်နော်


<html>
<head></head>
<body>
<img src="images/flower.jpg" width="100" height="100" align="left" border="0" alt="description" title="description">
</body>
</html>

ဆိုတာကို Notepad နဲ့ကူးပြီး .htm (or) .html extension နဲ့သိမ်းပြီး run ကြည့်လိုက်ပါ ။
ကာလာလေးနဲ့ရေးထားတဲ့ ပုံနာမည်နေရာမှာတော့ကိုယ်ပေါ်စေချင်တဲ့ပုံရဲ့ name ကိုသေချာထည့်ပေးရမှာဖြစ်ပါတယ်။
width နဲ့ height ကတောကိုယ်လိုချင်သလိုပြောင်းရေးလို့ရပါတယ်။
alt="description" ဆိုတာကပုံပေါ်မှာ Cursor တင်လိုက်တာနဲ့ စာသားလေးပေါ်လာအောင်ရေးထားတာပါ။ "description" နေရာမှာပုံနဲ့ပတ်သတ်တဲ့စာသားလေးထည့်ရေးနိုင်ပါတယ်။
သူကတော့ IE Browser မှာပဲပေါ်မှာပါ။
title ဆိုတာကလဲ alt နဲ့ဆင်ပါတယ်။တစ်ခါတစ်လေကွန်နက်ရှင်မကောင်းလို့ တင်ထားတဲ့ပုံကပေါ်မလာသေးဘူး ။အဲ့အချိန်မှာ တင်ထားတဲ့ပုံကဘာပုံမှန်းသိအောင်စာသားလေးနဲ့အရင်ဖော်ပြပေးတာပါ။
ပုံတွေကိုအလယ်မှာပေါ်ချင်တယ်ဆိုရင်တော့ <center></center> tag နဲ့ရေးရပါတယ် ။
eg .. <center><img src="images/flower.jpg"></center>
ဆိုပြီးရေးရပါတယ်။
ဒီတစ်ခါတော့ Link အကြောင်းလေးပြောပါမယ်။
website တွေမှာ Link ကတော့မပါမဖြစ်ဘူးလေ :) များသောအားဖြင့် Link တွေကိုကြည့်ရင်ပထမဆုံးဘာမှမနှိပ်ရသေးရင်အပြာရောင်လေးဖြစ်နေပြီး။ Link ကိုသွားလည်ပြီးလို့ပြန်လာရင်တော့ အနီရောင်လေးဖြစ်နေတာကိုတွေ့ရမှာပါ။ Link တွေချတ်ဆက်သုံးချင်တယ်ဆိုရင်တော့
<a href="home.htm">Home</a>
home.htm နေရာမှာကိုယ်ပေးချင်တဲ့ Addres Link ကိုထည့်ပေးရမှာပါ။ Google ကိုသွားချင်တယ်ဆိုရင်တော့ "http://www.google.com"ဆိုပြီးထည့်ပေးရမှာပါ။ External Link နဲ့ချိတ်တာဖြစ်တာအတွက် Address ကိုအပြည့်အစုံရေးပေးရပါတယ်။ကိုယ့် site ထဲက page အချင်းချင်းချိတ်ဆက်တဲ့အခါမှာတော့ အပေါ်က Code မှာရေးခဲ့တဲ့အတိုင်း page name နဲ့ချိတ်ပေးလိုက်ရင်ရပါပြီ ...

0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

တွက်ချက်ပါ






powered by calculator.net

ငွေအတွက်မပူပါနဲ့

ချက်ကြမယ်လေ


Try Relay: the free SMS and picture text app for iPhone.