Windows XP Professional SP3 Black Edition (32-bit)


ဒီ Windows XP Black Edition အခွေကို သူငယ်ချင်းတစ်ယောက် တောင်းထားတာ ကြာပါပြီ..။ Connection မကောင်းသေးတဲ့အတွက် တင်ပေးဖို့ အဆင်မပြေခဲ့ပါ..။ ဒီနေ့တော့ ဒီဝင်းဒိုးခွေကို အပိုင်းသုံးပိုင်းခွဲပြီး တင်လို့ ပြီးသွားပြီဖြစ်တဲ့ အတွက် အဝေးမှာ ရောက်နေတဲ့ ကျနော့် သူငယ်ချင်းနဲ့ တခြားလိုအပ်တဲ့ သူများပါ အသုံးပြုလို့ ရအောင် ပြန်လည်မျှဝေလိုက်ပါတယ်..။ ဖိုင်ဆိုဒ်ကတော့ အပိုင်းသုံးပိုင်းပေါင်းရင် 662 MB ရှိပါတယ်..။ အပိုင်း-၁ ကနေ ဖိုင်ဖြည်ပေးလိုက်ရင် Windows XP Professional SP3 Black Edition ISO ဖိုင်လေးကို ရရှိမှာ ဖြစ်ပါတယ်..။ ဒီဖိုင်ထဲမှာ ဒီ Windows XP Black Edition အတွက် Product Keys တွေပါ ထည့်ပေးထားပါတယ်..။ ဝင်းဒိုးတင်လို့ ရအောင် CD/DVD ခွေ Burn နည်းနဲ့ USB ထဲ ထည့်နည်းကတော့ အရင်ပိုစ့်ဖြစ်တဲ့ Windows 7 Ultimate + Mac OS X ပိုစ့်မှာ ပုံလေးတွေနဲ့ အပြည့်အစုံ ရှင်းပြထားပါတယ်..။ ပြန်ကြည့်ပေးပါ..။ လုပ်နည်းအားလုံး အတူတူပါပဲ..။ ဒီဝင်းဒိုး XP ခွေကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ အမြန်သာ ဒေါင်းယူထားလိုက်ပါဗျာ..။ လင့်တွေပျက်သွားရင် ကျနော် ပြန်တင်ပေးဖို့ မလွယ်ပါဘူး..။ အခုတော့ ဆိုဒ်၂ခုမှာ တင်ပေးထားပါတယ်..။ 
ပါတ်စ်ဝါဒ့်က ကျနော့် Blog ရဲ့ လိပ်စာ http://lwinminbo.blogspot.com/ ပါပဲ..။ Get Unlock Code ကို အကောင့်ဖွင့်ပြီး ယူစရာ မလိုတော့ပဲ Unlock Code ကျော်နည်း ပိုစ့်အတိုင်း အဲ့ဒီဒေါင်းလော့လင့် ယူရမယ့်စာမျက်နှာ ရောက်ရင် နောက်က /new.php စာသားကို Browser ရဲ့ Address Bar မှာထပ်ထည့်ပြီး Enter ခေါက်ပေးလိုက်ပါ..။  ဒီဖိုင်ကို ဒေါင်းယူဖို့ လင့်တွေကို ဝင်ယူလို့ ရသွားပါပြီ..။
အောက်ကပုံကတော့ part1 ကနေ ဖိုင်ဖြည်ပေးဖို့ပါ..။ နောက်ပေါ်လာတဲ့ ဘောက်စ်လေးမှာ OK ပေးလိုက်ရင် Windows XP ISO ခွေကို ရရှိပါပြီ..။

အောက်ကပုံအတိုင်း ဖိုင်ဖြည်ပြီးသွားရင် 695 MB ရှိတဲ့ Windows XP ISO ဖိုင်လေး ရရှိပါပြီ..။  CD တချပ်နဲ့ပဲ အခွေ Burn လို့ ရပါတယ်..။ မျှားပြထားတဲ့ နေရာကတော့ Notepad နဲ့ Product Keys တွေ ထည့်ပေးထားတာပါ..။ အားလုံးပဲ အဆင်ပြေကြပါစေ..။

0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

တွက်ချက်ပါ






powered by calculator.net

ငွေအတွက်မပူပါနဲ့

ချက်ကြမယ်လေ


Try Relay: the free SMS and picture text app for iPhone.