*** Facebook က သူငယ်ချင်းများဖြင့် ရုပ်မြင်သံကြား လုပ်နိုင်သော အလန်းစား Seen ***

Seen: Video calls for Facebook

ဒီနေ့တော့ ကံကောင်းတယ်ခင်ဗျ။ အလန်းလေးတစ်ခု တွေ့လို့ အမြန်ဆုံးတင်ပေးလိုက်ပါတယ်။ Seen ဆိုတဲ့ App လေးနဲ့ Facebook က သူငယ်ချင်းများဖြင့် Voice Call , Video Call လုပ်ဆောင်နိုင်ပါတယ်။ တစ်ခုပဲ အားနည်းတာပါ .. Noise သံ အနည်းငယ်ပါနေတာပါ။ နားကြပ်တပ်ပြီး အသုံးပြုရင် လုံးဝ အဆင်ပြေပါတယ်။ နားကြပ်မတပ်ထားရင် Noise သံ အနည်းငယ်ထွက်ပါမယ်။

Video Call ကိုစမ်းကြည့်တဲ့အခါ Tango ထက်တောင် ကြည်လင်ပါတယ်။ Voice Call ကလည်း Viber ထက် အသံပိုကျယ်တာ တွေ့ရပါတယ်။ Seen ကို အသုံးပြုဖို့အတွက် Facebook Account တစ်ခုရှိရပါမယ်။ ကျန်တာမလိုအပ်ပါဘူး။ မိမိ fb account ဖြင့် sign in လုပ်ရပါမယ်။ ကိုယ်နဲ့ပြောမယ့် တစ်ခြား ဘော်ဒါတွေရဲ့ ဖုန်းမှာလဲ Seen ကို ထည့်ထားရပါမယ်။ fb မှာ သူငယ်ချင်းများကိုလဲ Seen သုံးဖို့ invite လုပ်နိုင်ပါတယ်။ Viber လိုပါပဲ။ ဒါပေမဲ့ ဘာ code မှ မလိုပါဘူး။ fb account နဲ့နှစ်ပါးသွားတာဖြစ်လို့ အရမ်းအဆင်ပြေပါတယ်။ ပိုပြီးလန်းသွားတာက friends တွေအပြင် Fb Group ထဲမှ သူတွေနဲ့ပါ ချိတ်ဆက်နိုင်ပါတယ်။
UI ကလည်း အတော်လန်းတယ်။ အခမဲ့ ၀န်ဆောင်မှုပေးတဲ့ App လေးဖြစ်ပါတယ်။ ကျွန်တော်တော့ ချစ်ချစ်လေးနဲ့ ဈေးဦးပေါက်
တော်ကီပွားကာ ဗီဒီယိုချက်တွေဘာတွေ စမ်းကြည့်ပြီးပါပြီ။ အဆင်ပြေလွန်းလို့ ချက်ချင်းတင်ပေးလိုက်တယ်ဗျို့ ဒီကောင်လေးကို အမြဲသုံးဖြစ်တော့မယ်။ Tango နဲ့video ချက်ရင် ဖုန်းက ပူတယ်။ Battery စားတယ်။ Viber နဲ့ကျ မလွတ်လပ်ဘူး

Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download - (4MB)

dropbox - https://www.dropbox.com/s/m07w9ygfsq5o69k/Mr.AD%20-%20Seen.apk

zippyshare - http://www11.zippyshare.com/v/2256233/file.html

Play Store တွင် Seen လို့ရိုက်ကာ ရှာဖွေပြီး download ဆွဲနိုင်ပါတယ်။

0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

တွက်ချက်ပါ






powered by calculator.net

ငွေအတွက်မပူပါနဲ့

ချက်ကြမယ်လေ


Try Relay: the free SMS and picture text app for iPhone.