ဒီသင်ခန်းစာမှာတော့ main_ontent အစိတ်အပိုင်းကို layout ပုံစံ လှအောင်စဉ်သွားမယ်၊ main_content ထဲမှာ article နှစ်ခုပါတယ်၊ အခု အဲ့ဒီ့
article နှစ်ခုကို ဘယ်ဘာက်ကိုကပ်လိုက်မယ်၊ ၀က်ဆိုက်တစ်ခုလုံးရဲ့ အကျယ်က 1000px ဆိုတော့ အဲ့ဒီ့ main_content ကို 660px
လို့ထားမယ်၊ အောက်မှာကြည့်ပါ၊

အထက်က CSS ဖိုင်မှာ #main_content ဆိုပြီး HTML ဖိုင်မှာရှိတဲ့ main_conter ပါတဲ့အစိတ်အပိုင်းကို မှတ်သားတယ်၊
float:left; ကတော့ ဘယ်ဘက်ကို စီမျောသွားမယ် ကပ်သွားမယ်လို့ အမိန့်ပေးတာပါ၊
width: 660; ကတော့ main_content ရဲ့ အကျယ်ကို သတ်မှတ်ပေးတာပါ၊
margin:30px; ဆိုတာကတော့ ဘေးမျဉ်းနဲ့ content ကြား အကျယ်ကို 30px ထားလိုက်တာ၊ အဲ့ဒီ့ 30 px က အပေါ် အောက် ဘယ်
ညာ လေးဖက်လုံးအတွက်ပါ၊ ဒီမှာတစ်ခု သတိထားရမှာကတော့ ဘယ်က 30 px ညာက 30px ဆိုတော့ အားလံးပေါင်း 60 px ကိုဘေးမျဉ်းနဲ့ Content ကြား
အကွာအတွက်သုံးလိုက်တယ်၊ အပေါ်မှာ width:660px ဆိုပြီး Content ရဲ့ အကျယ်ကို သတ်မှတ်ထားတယ်၊ အဲ့ဒီ့ 660px နဲ့ ဘေးမျဉ်း အတွက် သုံတဲ့ 60px
တို့ပေါင်းရင် အားလုံးပေါင်း 720px ဖြစ်သွားတယ်၊ ဆိုက်တစ်ခုလုံးက 1000px ဆိုတော့ လက်ကျန်သုံးလို့ရတဲ့ အကျယ် 280px ပဲရှိတော့တယ်၊ အထက်က
အတိုင်း CSS apply လုပ်ပြီးသွားရင် Website ကို Run ကြည့်လိုက်ပါ အောက်က အတိုင်းတွေ့ရမယ်၊

အထက်က တော့ သင့်ဝက်ဆိုက်ကို မြင်ရမယ့်ပုံစံပါ၊ ဒီမှာ သင်ခန်းသာအသစ်များ ဆိုတဲ့အစိတ်အပိုင်းက အပေါ်တပ်လာတာကိုတွေ့ရမယ်၊ သူက <aside>
Tags အစိတ်အပိုင်းပါ၊ သူအပေါ်ကိုတပ်လာတာကတော့ သူ့အထက်က <section id=”main_content”> က 720 px ပဲ အကျယ်ရှိပြီး
ဘယ်ဘက်ဘေးကိုကပ်သွားလို့ လက်ကျန်နေရာဖြစ်တဲ့ ညာဘက် 280px ကိုဝင်ယူလိုက်တာပါ၊ အောက်မှာ တော့ <aside id="sidebar"> အစိတ်အပိုင်းကို
CSS apply လုပ်ပါမယ်၊

အထက်မှာတော့ Sidebar အစိတ်အပိုင်းကို CSS apply လုပ်လိုက်ပါတယ်၊
Float:left; ဆိုတာက ဘယ်ဘက်ကို စီမျောမယ်လို့ပြောတာ
Width: 220px က အကျယ်ကို 220px ထားမယ့်ပြောတာ
Margin: 20px 0px; က ဘေးမျဉ်းကို အထက် 20px အောက် 0px ထားမယ့်ပြောတာ
Padding:30px က အထက် အောက် ဘယ် ညာ padding ကို 30px စီထားမယ်ပြောတယ်၊ ဘယ် က 30px ညာက 30px ဆိုတော့ 60px ဖြစ်သွားတယ်၊
အထက်က အကျယ်က 220px ဆိုတော့ အားလုံးပေါင်း 280px ဖြစ်သွားတယ်၊ သူ့ဘယ်ဘက်က main_content ရဲ့ အကျယ်က 720px ဆိုတော့
အားလုံးပေါင်းရင် 1000px ဖြစ်သွားပီ၊ အဲ့ဒီ့မှာ border 1px တွေဘာတွေသွားမထည့်နဲ့ ထည့်လိုက်တာနဲ့ သင့်ဝက်ဆိုက်က ပုံပျက်သွားမယ်၊ 1000px
ထက်ပိုသွားရင် ၀က်ဆိုက်က မူရင်းသတ်မှတ်ထားတဲ့ ပမာဏထက်ကြီးပြီး ပျက်သွားမယ်၊
Background: #66cccc; ကတော့ နောက်ခံအရောင်ကို #66cccc; ထားမယ့်လို့ပြောတာ (သင်ကြိုက်ရာ အခြား အရောင်ကိုလဲထည့်နိုင်တယ်)
အားလုံးပြီးသွားရင်တော့ သင့်ဝက်ဆိုက်က အောက်က ပုံစံအတိုင်းဖြစ်သွားမယ်၊

အထက်က အတိုင်း သင့်ဝက်ဆိုက်ကိုတွေ့ရရင်တော့ အားလုံး OK နေပါပီ၊ ဒီမှာအရေးကြီးတဲ့ အချက်တစ်ချက်က footer မှာရှိရမယ့် 72coder မူပိုင် ဆိုတဲ့
“ငတိ” က အပေါ်ကိုတပ်သွားတယ်၊ ဒီလိုပြသနာက ဖြစ်လေ့ဖြစ်ထရှိတယ်၊ အခု အဲ့ဒီ့ footer အစိတ်အပိုင်းကို သေချာပြင်ဆင်မယ်၊ အောက်မှာကြည့်၊

အထက်က ပုံကတော့ footer ကို CSS apply လုပ်လိုက်တာပါ၊
Clear:both; ကတော့ footer အစိတ်အပိုင်းရဲ့ ဘယ်ဘက်ကော ညာဘက်ကောမှာဘာမှမရှိတော့အောင်ရှင်းလိုက်တာပါ၊ ဒါဆိုရင် အဲ့ဒီ့
အတန်းလုံးသူတစ်ယောက်ထဲရှိတော့မယ်၊ ဘာမှမရှိတော့ဘူး၊
Text-align:center; ကတော့ 72coder မူပိုင် ဆိုတဲ့စာသားကို အလယ်မှာထားချင်လို့ text-align စာသား ချိန်ညှိမူကို center လို့ပြောင်းလိုက်တာ၊
Padding:20px ကတော့ စာသားတွေနဲ့ border ကို 20px ခွာမယ်လို့ပြောလိုက်တာ၊
Borde-top: 1px solid green ကတော့ footer အစိတ်အပိုင်းရဲ့အပေါ်မှာ border ထားမယ့် border က အထူ 1px ထားမယ့်လို့ပြောတာ
အဲ့ဒီ့အစိတ်အပိုင်းအထိပြီးရင် သင့်ဝက်ဆိုက်ကိုအောက်က အတိုင်းတွေ့ရမယ်၊

0 comments:
Post a Comment