ဗားရှင်းအသစ်လေးရလာလို့ တင်ပေးလိုက်ပါတယ် ...
မသုံးဖူးသေးတဲ့သူငယ်ချင်းတွေအတွက် ဘယ်လိုသုံးတာလဲဆိုတဲ့အဖြေကို ပေးဖို့တော့
တော်တော် ခက်ပါတယ် ..
ဘာကြောင့်လဲဆိုတော့ Notepad ++ ရဲ့ အသုံးဟာ တော်တော်ကြီး Professional ဆန်လွန်းနေလို့ပါ
ဥပမာဗျာ .. Windows စနစ်ထဲမှာ Host ဖိုင်ဆိုပါတော့ ..
Host ဖိုင်က ဘယ်လိုအလုပ်လုပ်သလဲဆိုတော့ အင်တာနက်နဲ့ ကွန်ပျူတာနဲ့ ချိတ်ဆက်လိုက်ပြီဆိုရင်
စက်ထဲမှာ Install လုပ်ထားတဲ့ ဆော့ဝဲတွေကို Register လုပ်ထားမထားကို သက်ဆိုင်ရာဆော့ဝဲရဲ့
ဝက်ဆိုဒ်တွေနဲ့ ချိတ်ဆက်ပြီး တုန့်ပြန်ဆက်သွယ်ပေးပါတယ် ..
အဲဒီတော့ တစ်ကယ်လို့ Register လုပ်မထားရင် သက်ဆိုင်ရာဆော့ဝဲကိုဖွင့်လိုက်မိတဲ့အခါ Register လုပ်ဖို့
Message တက်လာပါမယ် ..
အဲဒီတော့ .. သက်ဆိုင်ရာဆော့ဝဲကို Register လုပ်ထားကြောင်း မူရင်းဝက်ဆိုဒ်ဆီကို သတင်းပို့ဖို့
အဲဒီ Host ဖိုင်ထဲမှာ Data အချို့ထည့်သွင်းပေးဖို့ လိုအပ်လာပြီဆိုပါတော့ ..
အဲဒီအခါ Host ဖိုင်ကို ၀င်းဒိုးမှာပါတဲ့ ရိုးရိုး Notepad နဲ့ဖွင့်ပြီး edit လုပ်နိုင်ပေမယ့် Save လုပ်ဖို့ကျတော့
Error တွေ တက်လာပါပြီ .. ဖိုင် Format တွေ ပြောင်းပြီး Save ကုန်တတ်ပါတယ် ..
ဒါပေမယ့် ဟောဒီ Notepad ++ လေးနဲ့ ဖွင့်ပြီး Edit လုပ်လိုက်ရင်တော့ နက်နက်နဲနဲ Save လုပ်နေစရာမလိုပဲ
မူရင်းဖိုင်ရဲ့ Format အတိုင်းပဲ ပြန် Save ပေးနိုင်ပါတယ် ..
ဒါက အလွယ်ကူဆုံးပြောလိုက်တာပါ ..
တခြား exe ဖိုင်တွေကိုလည်း Right Click နှိပ်ပြီး Edit with Notepad ++ လေးကိုရွေးပေးလိုက်ရင် အဲဒီ exe ဖိုင်ကို
edit လုပ်ပါသေးတယ် ( Programming Language ကို ကျွမ်းကျင်မှနော် .. ဟိုလိုဆိုရင် ပြန်လို့တော့ရတယ် Save လုပ်လိုက်ရင်လည်း
မူရင်း exe ဖိုင်အဖြစ်ပဲ သိမ်းပေးမှာပဲ .. ဒါပေမယ့် .. အရင် exe ဖိုင်တုန်းကလို အလုပ်လုပ်မလုပ်တော့ပဲ ဖြစ်နေမယ် .. )
နောက်ထပ် စိတ်ဝင်စားစရာကောင်းတဲ့ အသုံးချမှုလေး ရှိသေးတယ် ..
mp3 ဖိုင်တွေပေါ့ .. အင်္ဂလိပ်သီချင်းတွေကိုစမ်းကြည့်နိုင်ပါတယ် ..
ဘယ်လိုစမ်းမှာလဲဆိုတော့ အင်္ဂလိပ်သီချင်း mp3 ဖိုင်တစ်ဖိုင်ပေါ်မှာ Right Click နှိပ် .. ပွင့်လာတဲ့ထဲက Edit with Notepad ++ ကိုရွေး
အဲ .. ပွင့်လာတဲ့ထဲမှာ အဲဒီသီချင်းရဲ့ သီချင်းစာသားတွေကို တွေ့ရပါလိမ့်မယ်ဗျာ .. ( mp3 သီချင်းအားလုံးလို့တော့ မဆိုလိုဘူးနော် ..
တချို့ format အပြောင်းခံထားရတဲ့ mp3 ဖိုင်တွေမှာ မရဘူး )
နောက်ပိုင်း အလျဉ်းသင့်တဲ့အခါမှာ Notepad ++ ရဲ့ အသုံးတွေကို ကျွန်တော်လေ့လာဖူးသလောက် နည်းနည်းချင်း တင်ပေးသွားပါဦးမယ်
လောလောဆည်တော့ ဆော့ဝဲလေးလိုချင်ရင် အောက်မှာ ဒေါင်းယူနိုင်ပါတယ်

ကဲ .. အဆင်ပြေပါစေဗျာ
နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်






 Myanmar Kyat Converter
  Myanmar Kyat Converter 
        
        
         
        
        
         
        
        
         
                               
     
        









0 comments:
Post a Comment