Website Layout
ဒီအခန်းမှာတော့ ၀က်ဆိုက်ရဲ့ အခင်းအကျင်း
(layout) ကိုပြုပြင်ဖို့ အသင့်ပြင်မယ်၊ နောက်တစ်ခန်းမှာစပြီး layout ကိုအလုပ်စလုပ်မယ်၊  အခု ရှေ့က ဆွဲခဲ့ တဲ့ ၀က်ဆိုက်တစ်ခုလုံးကို ကြည့်တဲ့ ကွန်ပြူတာ တိုင်းရဲ့ အလည်မှာရောက်စေဖို့ div တစ်ခုနဲ့သတ်မှတ်မယ်၊ သတ်မှတ်မယ့် div ကို နာမည် container
လို့ပေးလိုက်မယ်၊ ထည့်ရမယ့် နေရာက <body> အစရဲ့ နောက်မှာ နဲ့ အဆုံး ရဲ့ အပေါ်မှာပါ၊ အောက်မှာကြည့်ပါ၊

အထက်မှာတော့ ၀က်ဆိုက်တစ်ခုလုံးကို ကြည့်ရူ့တဲ့ ကွန်ပြူတာတိုင်းရဲ့ မျက်နှာပြင်အလည်မှာရောက်အောင် ခွဲပေးမယ့် div တစ်ခုကိုထည့်လိုက်တယ်၊
အဖွင့်ကို မြား အဖြူနဲ့ ထိုးပြထားတယ်၊ အပိတ်ကိုလဲ မြား အဖြူနဲ့ အောက်မှာထိုးပြထားတယ်၊ ခလယ်မှာတော့ အခြား
Tags တွေအများကြီးရှိသေးပေမယ့် နေရာ အခက်အခဲရှိလို့ ခဏဖျောက်ထားတယ်၊ သင်တို့လဲဖျောက်ချင်ရင်ဖျောက်နိုင်တယ်၊ ပြန်ဖွင့်ချင်ရင်တော့
အပေါင်းလက္ခဏာလေးတွေကိုနှိပ်လိုက်ပါ၊ အခု ထည့်ထားတဲ့ div ကို CSS ဖိုင်က နေ အမိန့်လှမ်းပေးရအုံးမယ်၊ ပြုပြင်ရအုံးမယ်၊ ဒီတိုင်းပဲ ထားရင်တော့
အခုထည့်ထားတဲ့ “container” က ဘာမှအသုံးဝင်မှာမဟုတ်သေးဘူး၊ သူက ၀က်ဆိုက်ရဲ့ content တစ်ခုလုံးကိုတော့ ၀ိုင်းထားလိုက်ပီ၊ နောက်အခန်းမှာ
သူ့ကို အမိန့်ပေး ခိုင်းစေမယ်၊
အခု အခြား Tag တွေကိုလဲ CSS သုံးပြီး အလုပ်လုပ်လို့ ရအောင် id သတ်မှတ်မယ်၊ အပေါ်ဆုံးက <header> ကို <header id= “top_header”> လို့ id
သတ်မှတ်လိုက်ပါ၊ နောက်ပြီး ရင် <nav> ကိုလဲ top_navigator လို့ id နာမည်ပေးမယ်၊ <nav id= “top_navigator”> လို့ပြောင်းလိုက်ပါ၊ ပြီးရင်တော့
<section> ကို <section id= “main_content”> လို့ပြောင်းပေးလိုက်ပါ၊ သဘောကတော့ <section> ထဲမှာ id သတ်မှတ်လိုက်တာ၊ CSS နဲ့
နာမည်ခေါ်ပြီးအလုပ်ခိုင်းလို့ရအောင်၊ နောက်ပြီးရင်တော့ <aside> ကို <aside id= “sidebar”> လို့ပြောင်းပေးလိုက်ပါ၊ ဒါက <aside> ကို id
နာမည်သတ်မှတ်လိုက်တာ၊ နောက်ဆုံးတစ်ခုကတော့ <footer> ပါ၊ သူ့ကိုလဲ <footer id= “the_footer”> လို့နာမည်ပေးလိုက်ပါ၊ အောက်မှာဥပမာ ရှူ့

အထက်က အဆင့် အထိ အားလုံးလုပ်ဆောင်ပြီးသွားရင်တော့ CSS ဖိုင်ကိုတည်ဆောက်ကြပါမယ်၊ <head> section မှာသတ်မှတ်ခဲ့တဲ့အတိုင်း CSS ဖိုင်ကို
style.css လို့ နာမည်ပေးလိုက်ပါ၊ အဓိက အရေးကြီးတာကတော့ CSS ဖိုင်ကို HTML ဖိုင်နဲ့ ဖိုဒါတစ်ခုထဲမှာပဲ သိမ်းဖို့ပါ၊ သိမ်းတဲ့အခါ ကျရင် Style နောက်မှာ
.css လို့ Extension နာမည်ထည့်ပြီးသိမ်းပါ၊ သိမ်းပြီးသွားရင်တော့ အောက်က ပုံစံအတိုင်းတွေ့ရပါမယ်၊
 အထက်က အတိုင်း style.css ဖိုင်ကိုတည်ဆောက်ပြီးသွားရင်တော့
နောက်တစ်ခန်းမှာ စပြီး style စတင်ရေးပါမယ်၊
အထက်က အတိုင်း style.css ဖိုင်ကိုတည်ဆောက်ပြီးသွားရင်တော့
နောက်တစ်ခန်းမှာ စပြီး style စတင်ရေးပါမယ်၊ 





 Myanmar Kyat Converter
  Myanmar Kyat Converter 
        
        
         
        
        
         
        
        
         
                               
     
        








0 comments:
Post a Comment