မင်္ဂလာပါခင်ဗျာ ။ :) ကျွန်တော် အခု တစ်ခေါက် တင်ပြမှာကတော့ Online ပေါ်မှာ 
ငွေကို ဘယ်လို ရှာရမလဲ ဆိုတာ ပြောပြပေးသွားမှာ ဖြစ်ပါတယ် ။ အခု 
ကျွန်တော်တို့  ပြုလုပ်မှာကတော့  Paid to Click (PTC) ကြော်ငြာ ကလစ်တဲ့ 
လုပ်ငန်းဘဲ ဖြစ်ပါတယ်။ တစ်နေ့ကို အချိန်ဘယ်လောက်မှ ပေးရမှာ မဟုတ်ပါဘူး 
သေချာ ထိုင်လုပ်ပါက ၁၅ မိနစ် ကျော်ကျော်သာ လုပ်ရပါတယ်။ ဒီအလုပ် 
လုပ်မယ်ဆိုရင်တော့ ဇွဲ ၊ လုံ့လ၊ ဝီရိယ ရှိ့မှ ဖြစ်မှာပါ။ ဘာဖြစ်လို့လဲ 
ဆိုတော့ နေ့တိုင်း နေ့တိုင်း နှစ်နဲ့ ချီပြီး လုပ်ရမှာ မို့ပါ။ အင်တာနက်က 
ပိုက်ဆံကို ဘယ်လို ထုတ်ရမှာလဲ ဆိုပြီး တစ်ချို့က မေးကြပါတယ်။ အဲ့ဒါကို 
နောက်ပိုင်းမှာ ရှင်းပြထားပါတယ် ခင်ဗျာ။ ကျွန်တော်က အခု မိတ်ဆွေတို့ 
အလုပ်လုပ်ရတာ အဆင်ပြေအောင် ရှင်းပြ ပေးဖို့ ဖြစ်ပါတယ်။
 ကဲ .. လုပ်ငန်း စရအောင်ဗျာ .. အရင်ဦးဆုံး ကျွန်တော် မိတ်ဆွေတို့ကို Website  တစ်ခုနဲ့ မိတ်ဆက်ပေးပါမယ် ခင်ဗျာ။ Website ရဲ့ နာမည်ကတော့ TheBux ဖြစ်ပါတယ် ခင်ဗျာ။ PTC
 Website တွေထဲမှာတော့ ဒီ Website ကတော့ လက်ရှိ ကမ္ဘာ့ No.1 စရင်ဝင် 
ဆိုဒ်တစ်ခု ဖြစ်ပါတယ် ခင်ဗျာ။ သူ့လောက် ငွေပေးများတဲ့ site မရှိသေးပါဘူး 
ခင်ဗျာ။ ငွေပေးမှန်ကန်ခြင်း ယုံကြည်စိတ်ချရမှု့ 100% အပြည့်ရှိခြင်းကြောင့် လုံးဝကို အလုပ်လုပ်သင့်တဲ့ ဆိုဒ်တစ်ခုပါ။ ကျွန်တော်လဲ လွန်ခဲ့တဲ့ တစ်လလောက်ကမှ စလုပ်ဖြစ်တာပါ။ ကျွန်တော်လုပ်ကြည့်လို့ အမှန်တကယ် အဆင်ပြေတယ် ဆိုမှ မိတ်ဆွေတို့ကို ပြန်မျှခြင်း ဖြစ်ပါတယ်။ ဒီ Phost ကို စာအုပ်အနေနဲ့ ဒီမှာ ဒေါင်းလိုက်ပါ ...
 ပထမဦးဆုံး အဆင့် အနေနဲ့ သူ့ရဲ့ ဆိုဒ်မှာ Register လုပ်ပြီး Member တစ်ယောက် ဖြစ်အောင် လုပ်ရပါ့မယ် ။ Company တစ်ခုမှ အလုပ်ဝင်လျှောက်တာပေါ့ဗျာ.. :D 
ဒီနေရာမှာ ကျွန်တော် တစ်ခု သတိပေးချင်တာက Register 
လုပ်ရုံနဲ့တော့ ဥံဖွ ပိုက်ဆံ ဖြစ်လာမှာတော့ မဟုတ်ပါဘူး 
သူ့ပိုက်ဆံလိုချင်ပါက ကိုယ်ဘက်ကလဲ ပေးဆက်မှု့ဆိုတာ ရှိရပါတယ် ။ ကိုယ့်ဘက်က 
ဘာပေးဆက် ရမှာလဲဆိုတော့ နေ့စဉ်ပုံမှန် သူပေးထားတဲ့ ကြော်ငြာ တွေကို ၁၅ မိနစ်လောက် အချိန်ပေးပြီး
ကလစ်ပေးဖို့ ဖြစ်ပါတယ် ။
 Okay ! စိတ်ဝင်စားလို့ အလုပ်လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာ ကနေ အရင်ဦးဆုံး Register ဝင်လုပ်လိုက်ပါ
Register ကို နှိပ်ပြီးပါက အောက်က ပုံအတိုင်း ပုံစံ ဖြည့်ပေးလိုက်ပါ ။ 
Full Name 
မှာ သင်အသုံးပြုမည့်နာမည်ပေါ့။ ဥပမာ maungmaung ပေါ့။ Username မှာလဲ Full 
Name မှာ သုံးတဲ့ နာမည်ကို ပြန်ထည့်ပါ စာလုံးများကို ဆက်ရေးပါ။ Password 
နဲ့ Confirm Password ကို ကြိုက်ရာ ထည့်နိုင်ပါတယ်။ ဒါပေမဲ့ 
မှတ်ထားပေါ့နော့ ။E-mail Address နဲ့ Confirm E-mail Address မှာ 
သင်အသုံးပြုမည့် Gmail ကို ထည့်နိုင်ပါတယ်။ Referrer မှာတော့ ဘာမှ ထည့်စရာ 
မလိုပါဘူး သူဖာသာသူ ဖြည့်ထားပြီးသားပါ။
Pyament
 Account နေရာမှာ နှစ်ခု ထဲက တစ်ခုရွေးချယ်ပြီး ထည့်နိုင်ပါတယ် ဒါက ပိုက်ဆံ
 ထုတ်ဖို့ အကောက် ဖြစ်ပါတယ် Payza အကောက်တို့ PayPal အကောက်တို့ မရှိပါက 
လက်ရှိ Register လုပ်ထားတဲ့ Email ကို ယာယီ ထည့်ထားနိုင်ပါတယ် နောက်မှ 
ပြန်ပြောင်းလို့ ရပါတယ် ။  အားလုံးပြီးစီးသွားပါက The-Bux ကနေပြီးတော့
 သင့် Email ထဲသို့ Mail တစ်စောင် ပို့ထားပါမယ် ဖွင့်ကြည့်ပြီးတော့ 
သူပေးထားတဲ့ လင့်ကို နှိပ်လိုက်ပါ။ အောက်က ပုံအတိုင်း သင့်ရဲ့ Username နဲ့
 ID No တို့ကို တွေရပါမယ်။  Send ကို နှိပ်လိုက်ပါ ။ ဒါဆိုရင် သင်ဟာ 
Mamber တစ်ယောက် ဖြစ်သွားပါပြီ ။ 
Send ကို နှိပ်ပြီးပါက သင့်ရဲ့ အကောက်က active ဖြစ်သွားပါပြီ ။ ကဲ Login ဝင်ပြီးတော့ လုပ်ငန်း စလိုက်ကြပါစို့ ။ Login ဝင်ပြီးသွားပြီ ဆိုရင်တော့ အောက်က ပုံအတိုင်း မိတ်ဆွေရဲ့ Account Pag ထဲကို ရောက်သွားပါပြီ ။ဒါကတော့ ကျွန်တော် အကောက်ပါ ။ 
အကောက်ထဲ ရောက်သွားပြီ ဆိုရင်တော့ ကြော်ငြာ များ ကလစ်ရန် View Ads ကို နှိပ်ပါ။  
ပုံမှာ ပြထားတဲ့ အတိုင်း ကြော်ငြာ များ ရှိတဲ့နေရာကို ရောက် သွားပါပြီ ။ 
ကြော်ငြာ ကြည့်ရန် အတွက် အပေါ်က ခေါင်းစဉ်ကို  နှိပ်ပါ ။ နှိပ်ပြီးပါက 
အောက်က ပုံအတိုင်း နောက်စာမျက်နှာ တစ်ခုကို ကူးသွားပါ့မယ်   
ရောက်ရှိသွားတဲ့ စာမျက်နှာ ကိုဘဲ ကြည့်ပါ ။ တခြား စာမျက်နှာ ကူလိုက်ပါက 
ကြော်ငြာ ကြည့်တာ အလုပ်မလုပ်ဘဲ ပိုက်ဆံ မရ ဖြစ်တက်ပါတယ် အပေါ်က ပုံမှာ 
ပြထားတဲ့ အတိုင်း အစိမ်းတန်းလေး အချိန်ပြည့်အောင် စောင့်လိုက်ပါ ။ 
အချိန်ပြည့်ပါက အောက်က ပုံမှာ ပြထားတဲ့ အတိုင်း ပုံသေးလေး ငါးပုံ ပေါ်လာပါမယ် ။ ဇောက်ထိုး ဖြစ်နေတဲ့ ပုံ လေးကို နှိပ်လိုက်ပါ။ 
အောက်က ပုံအတိုင်း အမှတ်ခြစ်လေးနဲ့ Thanks for watching! ပေါ်လာရင် အဲ့ဒီ စာမျက်နှာကို ပြန်ဖျက်လို့ ရပါပြီ။ 
အဲ့ဒီအတိုင်းဘဲ ရှိသမျှ ကြော်ငြာတွေကို ကုန်အောင် ကလစ်လိုက်ပါ။ ကြော်ငြာ 
အသစ်တွေကိုတော့ နောက်နေ့မှ ပြန်ချပေးပါ့မယ်။ The Bux မှာ ကြော်ငြာ 
ကလစ်ခြင်း အပြင် တခြား နည်းလမ်းဖြင့်လဲ ပိုက်ဆံ ရှာနိုင်ပါသေးတယ်။ ကြော်ငြာ
 ကလစ်တာကို အချိန်တစ်ခု သက်မှတ်ပြီး ကလစ်မယ် ဆိုရင်တော့ ပို ကောင်းတာပေါ့။ 
ကြော်ငြာ ကလစ်ပြီးပြီ ဆိုရင် အပေါ်ဘက်က Account ဆိုတာလေးကို နှိပ်လိုက်ပါ။ 
ပုံမှာ ပြထားတဲ့ အတိုင်း မိတ်ဆွေ တို့ရဲ့ အကောက် ထဲကို ရောက်ရှိသွားပါမယ် ။
 ဒါကတော့ ကျွန်တော့် အကောက်ပေါ့။ Account Page ထဲ ရောက်တဲ့အခါ Account 
Balance မှာ ဒီနေ့ ကလစ်လို့ ရတဲ့ ကြော်ငြာခ တွေကို တွေ့ရပါလိမ့်မယ် ။ အခုမှ
 စလုပ်တဲ့ သူတွေကတော့ $0.060 လောက်ဘဲ ရဦးမှာပါ။ နောက်တနည်း Video ကြည့်ပြီး
 ပိုက်ဆံ ထပ်ရှာပါ့မယ်  ပုံမှာ ပြထားတဲ့ အတိုင်း WHTCH VIDEOS ဆိုတာလေးကို ကလစ်လိုက်ပါ။ 
လောလောဆယ်တော့ Video တစ်ခု ရှိနေပါတယ် ။ တစ်ခါတလေ နှစ်ခု ရှိပါတယ်။ 
တခါတလေလဲ တစ်ခုမှ မရှိပါဘူး ။ အချိန်လဲ ဘယ်လောက်မှ မကြာပါဘူး  ဗီဒီယို ကို 
ပြီးအောင် ကြည့်တာက ကောင်းပါတယ်။ ပြီးသွားရင်တော့ အကောက်ထဲကို ပိုက်ဆံ 
ရောက်ရှိသွားပါပြီ။ 
နောက်ထပ် ပိုက်ဆံရှာတဲ့ နည်းကတော့ ကံစမ်းမဲ နှိုက်သလိုပါဘဲ အချိန်ရတဲ့ လူတွေ
 လုပ်ပါလို့ အကြံ ပေးချင်ပါတယ် ဘာလို့လဲ ဆိုတော့ ကံစမ်းမဲ ပေါက်လွယ်လို့ပါ ။
 ကျွန်တော်တောင် တော်တော် ပေါက်ပြီး သွားပြီ။ :D 
ကံစမ်းမဲ နှိုက်ရန် ပုံမှာ ပြထားတဲ့ အတိုင်း  Account page ၏ဘယ်ဘက်တွင်ရှိသော Earn Money menu tab The Grid ကိုနှိပ်လိုက်ပါ။
ပုံမှာ ပြထားတဲ့ အတိုင်း အကွက်တွေ အများကြီးနဲ့ ပုံဆီ ရောက်သွားပါ့မယ်။ 
ကြိုက်ရာ အကွက်ကို ရွေးနှိပ်လိုက်ပါ ။ ကံကောင်းချင်ရင်တော့ 2 $ ခွဲအထိ 
ပေါက်နိုင်ပါတယ်။ တစ်နေ့ကို ကံစမ်းမဲ အကြိမ် နှစ်ဆယ် နှိုက်ခွင့် ရှိပါတယ်။ 
ဒီစာတန်းက မဲပေါက်တာပါ။ :D 1000 နော် ပေါက်တာ ... 
ဒီလို ဒီလို မဲပေါက်တာပါ ။ 
 မဲနှိုက်ရတာ အရမ်း တန်ပါတယ် ။ အချိန်ရရင် မဲနှိုက်ကြပါ။ မနှိုက်မနေရလို့တော့ မသတ်မှတ်ထားပါဘူး ခင်ဗျာ။ 
The Bux မှာနောက်ထပ် ငွေရနိုင်တဲ့ အခွင့်အရေးကတော့ points မှ cash သို့ 
ပြောင်းခြင်းပါပဲ။ ပုံမှာ ပြထားတဲ့အတိုင်း နှိပ်ကြည့်လိုက်ပါ။ 
ကလစ်အချက်ရေ  ၁၀၀၀ ကို ၁ဒေါ်လာနှင့် လဲနိုင်ပါတယ်။  
နောက်ထပ် ငွေရနိုင်တဲ့ အခွင့်အရေးကတော့ ရှယ်ယာ (Referral) ဝယ်ဖို့ဘဲ 
ဖြစ်ပါတယ်။ ဒါကတော့ PTC သမားတိုင်း လုပ်ကို လုပ်ရမဲ့ အလုပ်ပါ ။ ကိုယ့်ကို 
အဓိက ပိုက်ဆံ ရှာပေးမှာကတော့ referral ပါဘဲ ။ Referral ဘယ်လို ဝယ်ရမလဲ 
ဆိုတော့ အရင်ဦးဆုံး မိတ်ဆွေတို့မှာ $0.1500 ရှိဖို့ လိုအပ်ပါတယ် ။ $0.1500 
ဆိုတာ ကျွန်တော်တို့ ကြော်ငြာ သုံးရက် ကလစ်စာပေါ့ ။ 
ကံကောင်းတဲ့လူဆိုရင်တော့ နှစ်ရက်တည်းနဲ့ ရနိုင်ပါတယ်။ ရှယ်ယာ(Referral) 
ဝယ်ဖို့အတွက် အရင်ဦးဆုံး လုပ်ရမှာက ရသမျှ ဝင်ငွေကို Purchase balance 
ထဲသို့ ပြောင်းပြောင်းပြီး ထည့်ပေးထားရပါမယ်။ Purchase balance မှာ $0.1500
 ရမှ ရှယ်ယာ ဝယ်လို့ ရပါမယ်။ Purchase balance ထဲကို ငွေ ပြောင်းဖို့ အတွက်
 အောက်က ပုံမှာ ပြထားတဲ့ အတိုင်း Add funds ဆိုတာကို နှိပ်လိုက်ပါ။ 
Add funds ကို နှိပ်လိုက်ပါက အောက်က ပုံအတိုင်း ပေါ်လာပါမယ်။  Account Balance ကို ရွေးချယ်လိုက်ပါ။ 
Account Balance ကို ရွေးပြီးပါက amount မှာ ကိုယ်ပြောင်းမဲ့  ငွေပမာဏကို ရိုက်ထည့်ပါ။ ဥပမာ $0.054 ပေါ့။ 
အနည်းဆုံး ပြောင်းလို့ ရကတော့ $0.01 ပါ။ မိတ်ဆွေတို့မှာ ရှိနေတဲ့ ငွေ 
ပမာဏကို ရိုက်ထည့်ပြီး Send ကို နှိပ်လိုက်ပါ။ အဲ့ဒါဆိုရင် account balance
 ထဲမှာ လက်ကျန်ငွေ မရှိတော့ပေမဲ့ Purchase balance မှာ ငွေရောက်သွားပါပြီ။ 
အဲ့ဒီနည်းအတိုင်းဘဲ နေ့တိုင်းနေ့တိုင်း ရသမျှ ငွေတွေကို Purchase balance 
ထဲသို့ လွဲထည့်ထားပါ။ သုံးရက်လောက် လုပ်ပြီးပါက မိတ်ဆွေတို့ဆီမှာ $0.1500 
အထက် ရှိနေပါပြီ ။ ဒါဆိုရင် ရှယ်ယာ ဝယ်နိုင်ပါပြီ။  Referral (ရှယ်ယာ) 
ဝယ်ရန်အတွက် အောက်က ပုံမှာပြထားတဲ့အတိုင်း Account page တွင်ရှိသော Rent 
Refs ဆိုတာလေးကို နှိပ်လိုက်ပါ။  
အောက်က ပုံအတိုင်း ပေါ်လာပါမယ်။  
Referrals တစ်ခုရဲ့ ဈေးနှုန်းက $0.1500 ဖြစ်ပါတယ်။ အများနှင့်ဝယ်တဲ့အခါလည်း
 တစ်ခုချင်း ဈေးနှုန်းနှင့် အတူတူပါပဲ ။ အဲ့ဒီတော့ တဖြည်းဖြည်းနဲ့ဘဲ 
ရသလောက် ဝယ်သွားပါ့မယ်။ ငွေပမာဏလည်း လုံလောက်တဲ့အတွက် Referrals ဝယ်ရန် 
Rent Now! ကို နှိပ်လိုက်ပါ။
 Referrals ဝယ်ပြီးတဲ့အခါ Account ကိုပြန်သွားလိုက်ပါ။ Rented Referrals 
နေရာတွင် ဝယ်ထားတဲ့ Referrals အရေအတွက်ကို တွေ့ရပါလိမ့်မယ်။ ဒါပေမဲ့ အဲ့ဒီ 
Referrals(ရှယ်ယာ)တွေ ဟာ အလုပ်မလုပ်သေးပါဘူး ။ သူတို့ကို Auto 
အလုပ်လုပ်အောင် ပြောင်းရပါမယ်။ 
ဝယ်ထားတဲ့ Referrals(ရှယ်ယာ) တွေကို Auto အလုပ်လုပ်ခိုင်းရန်အတွက် 
ဘယ်ဘက်တွင် ရှိသော Referrals ဆိုသော Menu tab မှ Rented  Referrals ကို 
နှိပ်လိုက်ပါမယ် ။ (PTC site များတွင် Referrals(ရှယ်ယာ) တစ်ခါ ဝယ်ပြီးတိုင်း နောက်ထပ်ဝယ်ဖို့ ၇ ရက်စောင့်ရပါတယ်။ )  
AutoPay မှာ Disable ဖြစ်နေပါတယ်။ အဲ့ဒါကိုပြောင်းဖို့ click here to change it ကို နှိပ်လိုက်ပါ။  
ကျွန်တော့်ပုံမှာ ပြထားတာကတော့ ကျွန်တော် Enable ပြောင်းထားပြီးသားမို့ပါ။
AutoPay
 မှာ Enable ဖြစ်သွားတဲ့အတွက် Referrals(ရှယ်ယာ)တွေ အလုပ်လုပ်ရန် 
အသင့်ဖြစ်သွားပါပြီ။  လက်ကျန်ရက်၊ ကလစ် ပေးထားတဲ့ 
အရေအတွက် ၊ ဝင်ငွေ ၊ စတဲ့အချက်အလက်တွေကို ကြည့်နိုင်ပါတယ်။ 
ပိုက်ဆံတွေ များလာတဲ့ အခါ မထုတ်သေးပါဘူး ။ Referrals အရေအတွက် 2000 မှ 7000 အထိရတဲ့ Ultimate member အဆင့်ထိရောက်အောင် တဖြည်းဖြည်းပဲ ပိုက်ဆံ စုပြီး ဝယ်သွားပါ့မယ်။ ငွေထုတ်တဲ့အခါ Paypal account မှ ထုတ်ယူနိုင်ပါတယ်။ (PayPal account လျှောက်နည်းကို ဒီမှာ လေ့လာလိုက်ပါ)
 သတိထားရမှာက Referral တစ်ခုရဲ့ AVG ကို အနည်းဆုံး 2.00 ကျော် လောက်ရှိနေရပါမယ်။ 
မိတ်ဆွေတို့ကိုယ်တိုင် နေ့စဉ်ကြော်ငြာတွေ ကုန်အောင်ကလစ်မယ်ဆိုရင် Referrals
 တွေကလည်း ပုံမှန် ဖြစ်နိုင်ပါတယ်။ 
Avg=2.00  အောက်ကျနေတဲ့ Referrals ဆိုရင် တပတ်လောက်စောင့်ကြည့်လို့ Avg 
မတက်လာဘူးဆိုရင် လေးထောင့်ကွက်ကို အမှတ်ခြစ်ပေးပြီး ပေါ်လာတဲ့ အကွက် မှာ 
Recycle   ရွေးပေးလိုက်ပါ ။ Avg ပြန်တက်လာပါလိမ့်မယ်။ 
ကဲဒီလောက်ဆို ပြောပြထားတာ တော်တော် လုံလောက်နေပါပြီ ။ Account upgrade 
လုပ်တာတို့ Direct Referrals / Downline ရှာတာတို့ ကိုယ်ပိုင် ကြော်ငြာ 
ထည့်တာတို့ နဲ့လဲ ပိုက်ဆံ ရှာနိုင်ပါသေးတယ် ဒါကိုတော့ အသေးစိပ် 
မပြောပြတော့ပါဘူး မိတ်ဆွေတို့ ကိုယ်တိုင် လုပ်နေရင်နဲ့ တဖြည်းဖြည်း 
နားလည်လာမှာပါ ။ ကျွန်တော်တို့ ရဲ့ နောက်ဆုံး ပန်းတိုင်ကတော့ Account 
upgrade လုပ်ပြီး နောက်ဆုံး Ultimate member ဖြစ်ဖို့နဲ့ ရှယ်ယာ အများဆုံး 
ဝယ်နိုင်ဖို့ ဖြစ်ပါတယ်။ ကြိုးစားပြီး 
ပုံမှန် အလုပ်လုပ် သွားမယ်ဆိုရင်တော့ ၁နှစ်ကျော် ၁နှစ်ခွဲမှာ 
ဖြစ်နိုင်ပါတယ်။ 
အရေးကြီးတဲ့ အပိုင်း ပိုက်ဆံ ဘယ်လို ထုတ်မလဲ ဆိုတာ ရှင်းပြပါ့မယ် ... 
မိတ်ဆွေတို့ရဲ့ အကောက်မှာ ငွေတွေ များပြားလာလို့ 
ထုတ်ယူတော့မယ်ဆိုရင်တော့ Account page မှာရှိတဲ့ Global menu မှ Withdraw 
မှာထုတ်ယူနိုင်ပါတယ်။ The Bux ရဲ့ minimum payout က 3$ ပါ။ 
မိတ်ဆွေတို့ရဲ့အကောက်မှာ 3$ ရှိပြီဆိုရင် ထုတ်လို့ရပါပြီ။အများဆုံး ဒေါ်လာ 
၂၅၀ ကို နေ့စဉ်ထုတ်ယူနိုင်ပါတယ်။ ငွေထုတ်ဖို့ PayPal account / email 
တစ်ခုရှိရပါမယ်။  
PyaPal အကောက်ကို လျှောက်ဖို့အတွက် http://www.paypal.com မှာ လျှောက်နိုင်ပါတယ်။ မြန်မာနိုင်ငံက လျှောက်မယ် ဆိုရင်တော့ ဒီမှာ လေ့လာပြီးမှ လျှောက်ပါ။ 
The Bux ကို သေချာ လုပ်မည် ဆိုပါက ၁၅ မိနစ် ကျော်ကျော်ဆို ပြီးပါတယ်။ 
အဲဒီလိုမျိုး နောက်ထပ် PTC site တွေလည်း အများကြိး ရှိပါတယ်။ အဲ့ဒီထဲကမှ 
သေချာတဲ့ Site တွေကို ထပ်ပြီး ဖော်ပြ ပေးထားပါတယ်။ 
ကျွန်တော် လက်ရှိ ကလစ်နေတဲ့ ယုံကြည်စိတ်ချရဆုံးနှင့် အကောင်းဆုံး PTC site 
တွေကို လမ်းညွှန်ပေးပါ့မယ်။ လုံးဝ အလုပ်လုပ်သင့်တဲ့ နောင်ရေးသေချာတဲ့ site တွေပါ။ 
ဒီ post မှာ ရှင်းပြခဲ့တဲ့ site ပါ သူ့လောက် ငွေရမြန်တဲ့ site မရှိသေးပါဘူး
 ။ ယုံကြည်စိတ်ချရလို့လဲ မိတ်ဆွေတို့ကို လုပ်စေချင်လို့ အခုလို post 
ရေးလိုက်ခြင်း ဖြစ်ပါတယ် ။ Register မလုပ်ရသေးဘူ ဆိုရင်  ဒီနေရာမှာ ဝင်လိုက်ပါ။ 
လက်မလွတ်သင့်တဲ့ ဆိုဒ်ကောင်း တစ်ခု ဖြစ်ပါတယ် ..။ ငွေပေးမှန်ကန်ပြီး 
ကြော်ငြာလဲ ချပေးတာ များပါတယ်..။ ဒီဆိုဒ်အကြောင်းကိုတော့ မရှင်းပြတော့ပါဘူး
 အပေါ်က ကျွန်တော် ရှင်းပြခဲ့တဲ့ ဆိုဒ်ကို  လုပ်မယ်ဆိုရင် ဒီဆိုဒ်လဲ 
လုပ်တတ်သွားမှာပါ ..။ ဆိုဒ်တစ်ခုနဲ့ တစ်ခု အလုပ်လုပ်ပုံချင်း တူပါတယ်..။ ဒီမှာ Register လုပ်လိုက်ပါ..။
အွန်လိုင်းငွေရှာသူတိုင်း ဒီဆိုဒ်နဲ့ ကင်းဖူးတဲ့လူ မရှိပါဘူး ..။ 
ယုံကြည်စိတ်ချရမှု့ အပြည့်ရှိပါတယ် သူလဲဘဲ အနာဂတ်အတွက် သေချာလို့ 
အလုပ်လုပ်သင့်တဲ့ ဆိုဒ်တစ်ခု ဖြစ်ပါတယ်..။ ကျွန်တော် ဒီဆိုဒ်အကြောင်း 
ရှင်းပြထားတာ ရှိပါတယ် ဒီမှာ လေ့လာလိုက်ပါ..။  Register လုပ်ချင်ရင်တော့ ဒီမှာ လုပ်လိုက်ပါ..။
ဆိုဒ်သစ်တစ်ခု ဖြစ်ပါတယ်..။ အပေါ်ဆုံးက The Bux နဲ့ အလုပ်လုပ်ပုံချင်း 
တူပါတယ်..။ အဲ့ဒီနည်းအတိုင်း လုပ်လိုက်ပါ..။ အမှန်တကယ် ငွေထုတ်လို့ ရပြီး 
အလုပ်လုပ်သင့်တဲ့ ဆိုဒ် ဖြစ်ပါတယ်..။ ဒီနေရာ ကနေ Register လုပ်လိုက်ပါ..။ 
ကဲ ဒေါ်လာကြီးဘဲ ရှာနေရတယ်ဗျာ ဒေါ်လာထက် ငွေဈေးမြင့်တဲ့ ယူရို ရှာချင်တဲ့ မိတ်ဆွေတွေ အတွက်ပါ..။ 
အမှန်တကယ် ငွေထုတ်လို့ရလို့ လက်မလွတ်သင့်တဲ့ ဆိုဒ်တစ်ခု ဖြစ်ပါတယ်..။  Register လုပ်ချင်ရင်တော့ ဒီမှာ လုပ်လိုက်ပါ..။Register
 လုပ်ပြီးပါက Gmail ကို ပြန်ကြည့်လိုက်ပါ EARN ON ကနေပြီးတော့ Mail 
တစ်စောင် ပို့ ထားတာ တွေ့ပါလိမ့်မယ် .။ကိုယ့်လျှောက်ခဲ့တဲ့  Username နဲ့ 
password ကို ပြန်ပို့ထားတာပါ..။ Login ဝင်တဲ့အခါမှာ username နဲ့ password
 ဘဲ ထည့်ရပါတယ်  
ဒီဆိုဒ်ကတော့ သိပ်ကြော်ငြာစရာ မလိုပါဘူး 
လူတိုင်းနီးပါး သိပြီးပါပြီ ငွေလဲ အမှန်တကယ်ထုတ်လို့ ရလို့ ရွေးချယ်သင့်တဲ့
 ဆိုဒ်တစ်ခု ဖြစ်ပါတယ်..။ Register လုပ်ချင်ရင်တော့ ဒီမှာ နှိပ်လိုက်ပါ..။ 
ဒါကတော့ ကျွန်တော့်ရဲ့ အရန် ကလစ်နေတဲ့ ဆိုဒ်တစ်ခု ဖြစ်ပါတယ် .. 
ငွေပေးမှန်ကန်လို့ လုပ်ထားသင့်တဲ့ ဆိုဒ်တစ်ခု ဖြစ်ပါတယ် 
..အသုံးပြုနည်းကတော့ TheBux နဲ့ တူတူဘဲ မို့လို့ မရှင်းပြတော့ပါဘူး ။ ဒီမှာ Register ဝင်လုပ်လိုက်ပါ။
ဒီဆိုဒ်က အသစ်ပါ ..။ ဝမ်းသာစရာတစ်ခုက သူ့မှာကြော်ငြာ ကလစ်ရတာ တခြားဆိုဒ်တွေမှာလို ကြော်ငြာအသေး (0.001တန်) လုံးဝမပါပါဘူး..။
လုံးဝရှင်းပါတယ် .. ကြော်ငြာအကြီး ၅ခု ၆ခု ဘဲ ပေးပါတယ်..။ $0.06 ဖိုးပါ ..။ 
နောက်ထပ် တစ်ခုက သူ့မှာ ကံစမ်းမဲ နှိုက်ဖို့  မရှိပါဘူး..။ ကံစမ်းမဲ မနှိုက်ချင်သူများအတွက် ဝမ်းသာစရာပေါ့..။
ဒီမှာ Register လုပ်လိုက်ပါ..။  
ဆိုဒ်တွေ အများကြီး လိုက်လုပ်နေမဲ့ အစား သေချာတဲ့ ဆိုဒ်သုံးလေးခုကိုဘဲ 
ရွေးပြီးလုပ်ပါလို့ အကြံပေးချင်ပါတယ် နောက်ပိုင်း ရှယ်ယာတွေ များလာပါက 
ရှယ်ယာတွေ ဂရုစိုက်ဖို့လဲ အချိန်လိုတဲ့ အတွက် သေချာတဲ့ ဆိုဒ်တွေကိုဘဲ 
ရွေးချယ်ပြီး လုပ်ကြပါဗျာ ။ Facebook ပေါ်မှာ ဆွေးနွေးချင်တယ် ဆိုရင်တော့ 
Facebook Group >> Myanmar PTC Members (အွန်လိုင်းငွေရှာသူများ) Group သို့ ဆက်သွယ်ကြပါဗျာ။ 
လိုအပ်သောအကူအညီနှင့် မရှင်းလင်းတာတွေရှိရင် Facebook account နှင့် Facebook Page မှာသော်၎င်း Gmail account- lonerlittleboy@gmail.com သို့ ၄င်း အားမနာတန်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ 






 Myanmar Kyat Converter
  Myanmar Kyat Converter 
        
        
         
        
        
         
        
        
         
                               
     
        
 
  
  
  
  
  
  
  
  
  
  
 
 
  
  
 

 
  
  
  
  
 


 
 

 
 
 
  
  
  
 
 
  
 







registerလုပ်တုန်းက gmail accနဲ့လုပ်လိုက်တာပါအကို အခုpaypal accရှိပါပီ ဘယ်လိုပြန်change ရမလဲမသိလို့ပါ ကူညီပေးပါအုံးအကို ငွေလည်းဘယ်လိုထုတ်ရမယ်ဆိုတာလည်းပြောပြပေးပါအုံး
ReplyDeleteအမ Type the text ဖြည့်ဖို့ ဘာမှာခည်းမပေါ်ဘူး
Delete400$ ရှိနေပြီး ထုတ်မရသေးဘူ နော်
ReplyDeleteဟုတ်လား
Delete$0.1500 ကျော်နေပေမဲ့
ReplyDeleteadd funds လည်းလုပ်မရ
ရှယ်ယာလည်းဝင်မရဘူး ဘယ်လိုလုပ်ရမလဲ
clash clainမှာgemဝယ်လို့ရလားဆရာ
ReplyDeleteအဲ့ပိုက်ဆံနဲ့
new PTC site pls
ReplyDelete10000
ReplyDelete