C lesson 2

ဒီသင်ခန်းစာမှာတော ကွန်ပြူတာ မျက်နှာပြင်ပေါ်ကို စာသားတွေ  ပေါ်အောင်ရေးတာနဲ့ ပတ်သတ်ပြီးသင်ပြသွားမယ်၊ ရှေ့အခန်းမှာတော့ စာသားတွေကို ကွန်ပြူတာ မျက်နှာပြင်ပေါ်ကိုထုတ်ဖို့ အတွက် cout << “Hello World” << endl; လို့ရေးခဲ့တယ်၊ cout ဆိုတဲ့  Output Object နဲ့ << ဆိုတဲ့ Stream Insertion Operator  တို့ကိုသုံးပြီး စာသားတွေကို ကွန်ပြူတာ မျက်နှာပြင်ပေါ်မှာ ပေါ်အောင်ထုတ်တယ်၊
Cout << “Hello World”
အထက်က စာသားမှာ အလုပ်လုပ်ပုံက “Hello Wold” ဆိုတဲ့ text stream ကို << ဆိုတဲ့ Stream Insertion Operator က Cout ထဲကို ထည့်လိုက်တယ်၊ Cout က လဲ သူထဲ ကိုထည့်လိုက်တဲ့ စာသားကို ကွန်ပြူတာမျက်နှာပြင်မှာပေါ်အောင်ထုတ်ပေးတယ်၊ ဒီတော့ အလွယ်မှတ်ရင် << က စာသားကို cout ထဲကို ထည့်ပေးတဲ့သူ၊ cout က သူထဲ ကိုထည့်လိုက်တဲ့ စာသား နဲ့ အခြား data မှန်သမျှကို ကွန်ပြူတာ မျက်နှာပြင်ပေါ်ကိုထုတ်ပေးတဲ့သူ၊ “Hello World” က text stream ပါ၊  သင်ကွန်ပြူတာမျက်နှာပြင်ပေါ်မှာ ပေါ်လိုသမျှ စာသားတွေ ကို text stream အနေနဲ့ ရေးရတယ်၊ အခြား Stream Data တွေကို လဲ “ ” အဖွင့်အပိတ်နှစ်ထပ်ကော်မာ ကြားထဲမှာရေးရတယ်၊ အဲ့ဒီ့မှာရေးသမျှ Data တွေကို << က Cout ထဲကို ထည့်ပေးမယ်၊ Cout က ကွန်ပြူတာမျက်နှာပြင်ပေါ်ကို Output (အဖြေထုတ်) ပေးမယ်၊
အထက်မှာ ရေးပြခဲ့တဲ့ cout << “Hello World” ; ဆိုတဲ့ကုတ်တစ်ကြောင်းကို Statement တစ်ခုလို့သတ်မှတ်တယ်၊  အောက်မှာ Statement နှစ်ခု ရေးပြမယ်၊
Cout << “Hello World” ;
Cout << “I am dabbling in C++ now” ;
အထက်က Statement နှစ်ခုကို main function  ထဲကိုထည့်ပြီး build & Run လိုက်ရင် ဖြင့် Hello World I am dabbling in C++ now ဆိုတဲ့ စာသားကို အဖြေအဖြစ်ရမယ်၊ အဲ့ဒီ့အဖြေက စာကြောင်းတစ်ကြောင်းထဲမှာပဲရှိနေတယ်၊ တကယ်လို့ စာကြောင်းနှစ်ကြောင်း အဖြစ်အဖြေထုတ်ချင်ရင်တော့ ပထမ စာကြောင်းရဲ့နောက်မှ စာကြောင့်ဆုံးပြီလို့ အဓိပ္ပါယ်ရတဲ့
Endl; ဆိုတဲ့သင်္ကေသ ကိုထည့်ပေးရမယ်၊ endl; ဆိုတဲ့ သင်္ကေသ ကိုမထည့်ရင် နောက်ထပ်စာကြောင်းကိုပြောင်းမှာမဟုတ်ဘူး၊  endl; ကိုထည့်တဲ့အခါ သူ့ရှေ့မှာ Stream Insertion Operator ဖြစ်တဲ့ << ကိုထည့်ပေးရတယ်၊ အောက်မှာရေးပြမယ်၊
Count << “Hello World”  << endl;
Count << “I am dabbling in C++ now” ;
အထက်က ကုတ်ကို ရေးပြီး Run ကြည့်ရင် Hello World ကို စာကြောင်းတစ်ကြောင်းမှာတွေ့ရပြီး  I am dabbling in C++ now ကို စာကြောင်းတစ်ကြောင်းမှာတွေ့ရမှာပါ၊
Endl; လိုပဲ နောက်ထပ်စာကြောင်းတစ်ကြောင်းကိုပြောင်းစေဖို့ သုံးရတဲ့နောက်ထပ် သင်္ကေသ (ကုတ်) တစ်ခုကတော့ \n ပါ၊ သူ့နောက်မှာရေးတဲ့ Statements တွေကိုနောက်တစ်ကြောင်း ဆင်း စေဖို့ ခိုင်းစေပါတယ်၊ သူ့ကိုရေးရတာက Stream Data ရဲ့ အဆုံး နှစ်ထပ်ကော်မာ အပိတ်ရဲ့အတွင်းမှာပါ၊ အောက်မှာ ဥပမာ ကြည့်ပါ၊
Count  << “Hello World \n” ;
Count << “I am dabbling in C++ now” ;
အထက်က ကုတ်ကို ရေးပြီး Run ကြည့်ရင် Hello World ကို စာကြောင်းတစ်ကြောင်းမှာတွေ့ရပြီး  I am dabbling in C++ now ကို စာကြောင်းတစ်ကြောင်းမှာတွေ့ရမှာပါ၊ အဲ့ဒီ့ \n က စာကြောင်းအသစ်တစ်ကြောင်း ဆင်းဖို့ အမိန့် ပေးတာပါ၊ တကယ်လို့ စာကြောင်း တစ်ကြောင်းဆင်းချင်ရင်လဲ \n သုံးပြီး ဆင်းလို့ရတယ်၊ အောက်မှာကြည့်ပါ၊
Count << “Hello World \n\n”;
Count << “I am dabbling in C++ now”;
အထက်က ကုတ်ကို Run ကြည့်ရင် Hello World က စာကြောင်းတစ်ကြောင်း ပြီးတော့ အဲ့ဒီ့စာကြောင်းရဲ့အောက်မှာ နောက်ထပ် စာကြောင်း လွတ်တစ်ကြောင်း အဲ့ဒီ့ စာကြောင်းလွတ်ရဲ့ အောက်မှာမှ  I am dabbling in C++ now ဆိုတဲ့စာကြောင်းရှိမယ်၊ \n\n နှစ်လုံးမှာ ပထမ \n က ဒုတိယ စာကြောင်းကို ဆင်းဖို့၊ ဒုတိယ \n က နောက်ထပ် စာကြောင်းတစ်ကြောင်းထပ်ဆင်းဖို့၊ ဒီတော့ ကြားထဲမှာစာကြောင်းအသစ်ပေါ်လာတယ်၊
အောက်က ပုံစံကိုရေးကြည့်ပါဦး၊
cout<< "boy \n i \n will \n teach \n you \n";
အထက်က ကုတ်ကို Run ကြည့်လိုက်ရင်တော့ အဖြေက boy I will teach you ဆိုတဲ့ စာလုံးတွေကိုတစ်လုံးကိုတစ်ကြောင်းစီမှာ အဖြေထုတ်ပေးမှာပါ၊ \n ရဲ့ အလုပ်လုပ်ပုံကို သဘောပေါက်ပါ၊

0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

တွက်ချက်ပါ






powered by calculator.net

ငွေအတွက်မပူပါနဲ့

ချက်ကြမယ်လေ


Try Relay: the free SMS and picture text app for iPhone.